(ဓါတ်ပုံ အညွှန်း – မွန်ပြည်နယ်လွှတ်တော်တွင်း လွှတ်တော်ကိုယ်စားလှယ်ဟောငး်များနှင့် ကိုယ်စားလှယ်အသစ်များ တွေ့ဆုံမှုပြုကြစဉ်)

မွန်ပြည်နယ်လွှတ်တော်၏ လုပ်ပိုင်ခွင့်နှင့် လွှတ်တော် ငါးနှစ်တာကာလ လုပ်ဆောင်ခဲ့သည့် လုပ်ငန်းစဉ်များကို လက်ဆင့်ကမ်း တာဝန်လွှဲယူမည့် လွှတ်တော်ကိုယ်စားလှယ် အသစ်များအား ဇန်နဝါရီ ၁၈ ရက်နှင့် ၁၉ ရက်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်းများက ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ကြောင်း ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှ ကိုယ်စားလှယ်ဟောင်း ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“နောက်တက်လာမယ့် ကိုယ်စားလှယ်အသစ်တွေ ပြီးခဲ့တဲ့ငါးနှစ်တာမှာ ကျွန်တော်တို့ လုပ်ခဲ့တဲ့ အားသာချက် အားနည်းချက်တွေကို ကြိုတင်သိရှိထားခြင်းအားဖြင့် နောင်ဖြစ်လာမယ့် အဖွဲ့အစည်း ပုဂ္ဂိုလ်တွေအနေနဲ့ ဘာတွေ ဆက်လုပ်သင့်တယ်၊ ဘယ်အပိုင်းကို ဘယ်လိုသွားသင့်တယ်၊ ဒီထက်ပိုကောင်းအောင် ဘယ်လို ဆောင်ရွက်သင့်တယ်ဆိုတဲ့ လေ့လာစရာ၊ တွေးခေါ်စရာ အတွေ့အကြုံအားဖြစ် သော်လည်းကောင်း ကျွန်တော်တို့မှာရှိနေတဲ့ သတင်းအချက်အလက်အရ သော်လည်းကောင်း မျှဝေပေးတဲ့ ရည်ရွယ်ချက်ပေါ့”ဟု ၎င်းက ပြောဆိုသည်။

(ဓါတ်ပုံ အညွှန်း – မွန်ပြည်နယ်လွှတ်တော်တွင်း လွှတ်တော်ကိုယ်စားလှယ်ဟောငး်များနှင့် ကိုယ်စားလှယ်အသစ်များ တွေ့ဆုံမှုပြုကြစဉ်)
(ဓါတ်ပုံ အညွှန်း – မွန်ပြည်နယ်လွှတ်တော်တွင်း လွှတ်တော်ကိုယ်စားလှယ်ဟောငး်များနှင့် ကိုယ်စားလှယ်အသစ်များ တွေ့ဆုံမှုပြုကြစဉ်)

ပထမ လွှတ်တော်သက်တမ်းငါးနှစ်တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်းများ ဆောင်ရွက်သွားသည့် အရာများ၊ အဆိုများ၊ ဥပဒေရေးဆွဲခြင်းများကို ကိုယ်စားလှယ်သစ်များအား နားလည်စေရန်နှင့် အခက်အခဲ မရှိရန် လွှတ်တော်ကိုယ်စားဟောင်းများက ပြန်လည်မျှဝေခြင်းဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) မှ အနိုင်ရကိုယ်စားလှယ် မင်းအောင်မွန်က ဆိုသည်။

“အစ်မတို့က အခုမှစတာဆိုတော့ ပထမဦးဆုံးအတွေ့အကြံုပေါ့ လေ့လာရမှာက အများကြီးပဲ၊ ဒါပေမဲ့ လွှတ်တော် ဥက္ကဋ္ဌကအစ လွှတ်တော်ကိုယ်စားလှယ်တွေက အကုန်လုံး ရှင်လင်းပြောပြသွားတဲ့ အခါကျတော့ နဂိုက ကိုယ်တွေနဲ့ စိမ်းနေတယ်ဆိုပေမယ့် အဲဒီလို ရှင်းလင်းတဲ့ အခါကျတော့ ကျွန်မတို့တွေ အဆင်ပြေတာပေါ့” ဟု သထုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှ အနိုင်ရ ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

Leave a Reply