ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျင်းပ ခဲ့သော လွှတ်တော်အစည်းအဝေး တွင် လွှတ်တော်က တိုင်ကြားစာ ကိစ္စ များ ဖြေရှင်းရန် ဌာန ဆိုင်ရာများ ကို ခေါ်ယူရာတွင် ရောက် မလာကြောင်း ဆွေးနွေး ခဲ့သည်။
editor copy

အုပ်ချုပ်ရေး ယန္တရား က တိုင်ကြားစာများ နှင့် ပတ်သက်နေသော ဌာနများ ကို စာပို့ ခေါ်ယူ ရာ ရောက် မလာ ကြောင်း လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယင်း သို့ ဖြစ်ပေါ်ခြင်း ကိစ္စ သည့် ဌာနဆိုင်ရာ များ အနေ နှင့် ဥပဒေ ပြုအာဏာ အပ်နှင်းခံ ထား ရသော လွှတ်တော် ကို မလေးစားရောက် သလို အုပ်ချုပ်ရေး ယန္တရား နှင့် လွှတ်တော်ကြား ပူးပေါင်း ဆောင်ရွက် မှု မရှိ ခြင်း ဟု ပြည်သူ များ ထင်မှတ် သွားစရာ ရှိပေ သည်။

လက်ရှိ အခြေခံ ဥပဒေ အရ ဌာနဆိုင်ရာ အချို့သည် ပြည်ထောင်စု အစိုးရ ၏ တိုက်ရိုက် တိုင်တွယ် သည့် ဌာန ပိုများ ပြီး ပြည်နယ် အစိုးရ တိုက်ရိုက်ကိုင်တွယ် ရသော ဌာန ဆိုင်ရာ အဖွဲ့ အစည်း အနည်း ငယ် သာရှိသည်။

လက်ရှိ အုပ်ချုပ် ရေး စနစ် အရ ပြည်နယ် အစိုးရ အဖွဲ့ ဝင် ဝန်ကြီးများ သည် လွှတ်တော် တွင်း ကိ်ုယ်စား များ အဖြစ် ရှိနေခြင်း ကြောင့် ပြည်နယ် အစိုးရ အဖွဲ့ ကိုင်တွယ် ရသော ဌာန များကို လွှတ်တော် က ခေါ်ယူ လျှင် ရောက် လာရောက် နိုင်ခြေ များ သော်လည်း ပြည်ထောင်စု အစိုးရ တိုက်ရိုက် တိုင်တွယ် ရသော ဌာန များ က ပြည်နယ် အစိုးရ ကို တာဝန်မခံရသည့် ရသောကြောင့် ရောက် မလာ ခြင်း ဖြစ်နိုင် ချေပို များပါသည်။

ပြည်ထောင်စု အစိုးရ တိုက်ရိုက်ကိုင် တွယ်ရသော ဌာနများ ဖြစ်စေ မွန်ပြည်နယ်အစိုးရ တိုက်ရိုက် ကိုင်တွယ် ရသော ဌာနများ ဖြစ်စေ ပြည်နယ်အတွင်း နေထိုင်သော ပြည်နယ်သူပြည်နယ်သား များ ကို သာ တာဝန်ခံ ဝန်ဆောင်ပေး ရခြင်း ဖြစ်သည်။

ထို့ကြောင့် လွှတ်တော်၊ အစိုးရ နှင့် ဌာန ဆိုင်ရာ သုံးပွင့် ဆိုင်ပူးပေါင်း ဆောင်ရွက်မှ သာ ပြည်နယ်သူပြည်နယ် သားများ နှင့် ပြည်နယ် ဖွံ့ဖြိုးရေး အတွက်ကျွဲကူးရေပါ ဖြစ်မည် ဖြစ်ကြောင်း တိုက်တွန်း လိုက်ရပါသည်။

အယ်ဒီတာ
(၁.၇.၂၀၁၆)

Leave a Reply