Advertisements

မော်လမြိုင် ၊ မေ ၁၀

လွှတ်တော် အစည်းအဝေးများတွင် လွှတ်တော် နှင့် မသင့်လျော်သော စကားရပ်များကို ရှောင်ရှားရန် မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကတိုက်တွန်းပြောကြားခဲ့သည်။

မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက လွှတ်တော်ဂုဏ်အင်္ဂါရပ်နဲ့ မလျော်ကန်တဲ့ စကားရပ်များကို လွှတ်တော်ဥက္ကဋ္ဌ ၏ လုပ်ပိုင်ခွင့် မှတ်တမ်းတင်ထားခြင်းမှ ပယ်ဖျက်ပေးရန် အကြံပြုဆွေးနွေး ရာတွင်ထည့်သွင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

“နောက်နောင်မှာလည်း ကိုယ်စားလှယ်တွေ သုံးနှုန်းပြောဆိုတဲ့ စာကားရပ်တွေ လွှတ်တော်မှာမလျော်ကန်တဲ့ စကားရပ်တွေကို ရှောင်ရှားသင့်ကြောင်း ထက်ပြီးတော့ ကျွန်တော်တိုက်တွန်း အကြံပြုတင်ပြပါတယ်”ဟု ၎င်းကပြောသည်။

လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ကိုယ်စားလှယ်များ၏ သုံးနှုန်းပြောဆိုခဲ့သော တချို့သော စကားရပ်များမှာ လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအရဖြစ်စေ ထုံးတမ်း အစဉ်အလာအရဖြစ်စေ ထိခိုက်စေသည့် အသုံးအနှုန်းပြောဆိုမိခြင်းတွေကိုလည်း တွေ့ရှိမိကြောင်း ၎င်းကပြောသည်။

“အဲဒီလိုမလျော်ကန်တဲ့ စကားရပ်များကို ပယ်ဖျက်ခွင့်မပြုခဲ့ပါက နောင်ကျွန်တော်တို့ အစည်းအဝေး မှတ်တမ်းများကို နောင်လာနောက်သားများက ဖတ်ရူလေ့လာတဲ့အခါ အထင်သေးပြီးတော့ လေးစားမူပျက်ပြားနိုင်မှာဖြစ်ပါတယ်”ဟု ၎င်းကထောက်ပြပြောဆိုသည်။

ယင်းဆွေးနွေးအကြံပြုချက်ကို ကိုယ်စားလှယ်များ၏ သဘောတူညီမှုယူ၍ မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း လွှတ်တော် က အတည်ပြုကြေညာခဲ့သည်။

Leave a Reply