မွန်ပြည်နယ် ဖွံဖြိုးတိုးတက်ရေး နှင့် အခြား ပြဿနာ များ ဖြေရှင်းရန် လွှတ်တော် နှင့် ပြည်နယ် အစိုးရ ကြား ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။ သို့သော် လက်ရှိတွင် ပြည်နယ်အစိုးရ ၊ လွှတ်တော် နှင့် ဌာန ဆိုင်ရာ တို့အကြား ပွတ်တိုက်မှုများ ရှိနေသည်။ ထို့ကြောင့် အစိုးရ နှင့် လွှတ်တော် အကြား မည်သို့ ပူးပေါင်းဆောင် ရွက် သင့်သည်ကို လွှတ်တော် ဒုတိယဥက္ကဋ္ဌ အစိုးရ အဖွဲ့ဝင် များ အခြား လူမှု အဖွဲ့ အစည်းများ ကို မေးမြန်း ၍ ဖော်ပြ လိုက်ရပါသည်။

ag ng o

ဒေါက်တာအောင်နိုင်ဦး (မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ)

အဓိက ကျွန်တော်တို့ လွှတ်တော်ကို တိုင်ကြားစာတွေ၊ အသနားခံစာတွေ တခြားတင်ပြချင်တဲ့ အချက်တွေနဲ့ တိုင်ကြားတဲ့ စာတွေအများကြီးရောက်တယ်၊ အဲလိုခါမျိုးမှာ ဒီဘက်က တိုင်ကြားစာကော်မတီတို့ ကိုယ်စားလှယ် တစ်ဦးချင်းတို့က ဒီကိစ္စ တစ်ရပ်ချင်းကို ဆွေးနွေးဆုံးဖြတ်ဖို့အတွက်ကျတော့ သူတို့မှာ နောက်ထပ်လိုအပ်တဲ့ သတင်းအချက်အလက်တွေ လိုတယ်၊ ဥပမာအားဖြင့် မြေယာကိစ္စဆို ပြဿနာဖြစ်လာပြီး ဘယ်လိုဆောင် ရွက်ထားလဲ၊ နောက်ပြီး တစ်ဖက်ထဲနားထောင်လို့မရ ဘူး၊ နှစ်ဖက်စလုံးရော နောက်ပြီး အုပ်ချုပ်ရေး အဖွဲ့တွေရော ဘယ်လိုဆောင်ရွက်ထားလဲဆိုတာ သတင်းရယူဖို့ လိုတယ်၊
နောက်တစ်ခါ အဲဒီဌာနအနေနဲ့ရော ကျွန်တော်တို့က တွေ့ဆုံဆွေးနွေးညှိနှိှုုင်းဆောင်ရွက်ဖို့ လိုတယ်၊ အဲလိုအခါ မျိုး မှာ ကျွန်တော်တို့က ဌာနတွေနဲ့ တွေ့ဆုံညှိနှိှု်ုင်း မေးမြန်းဆောင်ရွက်ဖို့က မလုပ်မဖြစ်လုပ် သင့်တယ်၊ ဒါက concet အရပေါ့၊ သို့သော်လည်းပဲ ပြဿနာက ဘာလဲဆိုတော့ ဒီကော်မတီတွေ ကိုယ်စားလှယ်တွေက တိုက်ရိုက် အဲဒီဌာနတွေနဲ့ တွေ့ဆုံမေးမြန်းချင်တယ်ဆိုတဲ့ ဖိတ်ကြားတဲ့အခါ လာချင်လာတယ် မလာချင်မလာဘူးဆိုတော့ နောက်ပိုဆိုးတာက ဝန်ကြီးတွေ လွှတ်တော်ရုံးဆိုတာက သူတို့ရဲ့ ပင်မှဌာနပဲ၊ ဒါလည်းပြောရရင် တခြားနိုင်ငံတွေမှာဆို ကော်မတီကခေါ်ယူရင် လာကိုလာရတယ်၊ လောလော ဆယ် ကျွန်တော်တို့မှက မလာဘူးဗျာ၊ မလာတော့ မလာလေ ပြဿနာက ပိုပြီးပြေလည်စေမယ့် လမ်းကြောင်းမျိုး မရောက် ဘဲ ပိုပြီး တင်းမာတဲ့အခါမျိုးဖြစ်လာတယ် ဒီတော့ ကိုယ်စားလှယ်တွေက ဌာနတစ်ခုမှာ မျက်နှာငယ် လေးနဲ့ သွားပြီး သတင်းအချက်အလက်ရာယူ တောင်းဆိုဖို့က လွယ်တဲ့ကိစ္စမှာ မဟုတ်တာ၊ အမှန်တကယ်ဆို အပြုသဘောဆန်ဆန် ဒီမိုကရေစီရဲ့ သဘောအရ လွှတ်တော်ဆိုတာ အားလုံးရဲ့ ဆုံမှတ်ပဲဖြစ်တယ်၊ အားလုံးကိုယ်စားပြုတဲ့ နေရာပဲဖြစ်တယ်၊ ဒီနေရာမှာပဲ ပြဿနာဖြေရှင်းရမယ် ဒီနေရာမှာပဲ တိုင်ပင်ဆွေး နွေးဆုံးဖြတ်ရမယ်၊ ဒီအဓိက ဌာနကို အလေးမထားသလိုမျိုး ဂရုမစိုက်သလိုမျိုးဖြစ်တော့ ပြဿနာတွေကို ဖြေရှင်းတဲ့ နေရာမှာ အကျပ်အတင်းဖြစ် စေတယ်၊ လောလောဆယ် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လွှတ်တော်မှာ အဆိုတင်တာမျိုး အကြံချက်တောင်း ခံတာမျိူး အမြဲတစေ ဆွေးနွေးတင်ပြတာမျိုး တောင်းဆိုခဲ့တယ်၊ တစ်ချက်တော့ ရှိတယ် တစ်ခါတစ်လေကျရင် ကျွန်တော်တို့ ကိုယ်စားလှယ်တွေကိုလည်း အမြဲပြောတယ်၊ သူတို့လာရင် ကိုယ့်ဘက်က အထက်စီးဆန်ဆန် ဆက်ဆံတာမျိုး မလုပ်သင့်ဘူးလို့ ကျွန်တော်အမြဲပြောတယ်၊ နောက်ပြီးသူတို့က သူတို့ဆီ လွှတ်တော်ကိုယ်စား လှယ်တွေ သွားရင် သူတို့က အပေါ်စီးက ဆက်ဆံကြရင် အဆင်ပြေလာမှာမဟုတ်ဘူး။ နောက်ပြီးတော့ ချောင်ပိတ်ပြီး တော့ မေးခွန်းတွေမျိုး နောက်ပြီး စီးစီးပိုင်ပိုင် အကျပ်အတင်းဖြစ်စေမယ့် တုံ့ပြန် တာ မေးတာမျိုးမဖြစ် စေချင် ဘူး၊ လူကြီးလူကောင်းဆန်ဆန် မေးမြန်းဆွေးနွေးချင်တယ်၊ ကိုယ်ရဲ့ ဆွေးနွေးဆုံးဖြတ်ချက်ကို ကိုယ်ဟာကိုယ် ဆုံးဖြတ်ရမယ်၊ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့ အစည်းတွေကို လွှတ်တော် နည်းဥပဒေအရ ခေါ်ယူမေးမြန်းခွင့်ရှိတယ်။
ကျွန်တော်တို့က ပေါ်လစီမိတ်ကာ သဘောမျိုးအရ ဘယ်လိုမျိုးလုပ်ရင် အဆင်ပြေမလဲ၊ ဘယ်လိုလုပ်ရင် ထွက်ပေါက်တစ်ခုရနိုင်မလဲဆိုတာ ကိုယ်စားလှယ်တွေက လေ့လာဆုံးဖြတ်ရမှာဖြစ်တယ်၊ လူထုရဲ့ အခက်အခဲအကျပ်အတင်းတွေကို တချို့ဌာနဆိုရင် ပုံမှန်လုပ်ရိုးလုပ်စဉ်အရ regular အရ လုပ်နေတာရှိတယ်၊ ဒါပေမယ့် အဲဒီ regular က ခေတ်မမီတာမျိုး လက်ရှိပြဿနာကို မဖြေရှင်းနိုင်တာမျိုးဖြစ်လာရင် ဘယ်လိုမျိုး ဒီထက်ဖြေရှင်းရင် ရနိုင်မလဲဆိုတာ ကျွန်တော်တို့နဲ့ အဲဒီဌာနနဲ့ ဒါမှမဟုတ် ကျွန်တော်တို့ရော ဌာနရော အစိုးရရော ဒီထက်ပိုပြန့်ပြန့်ဆိုရင် ကျွန်တော်တို့ရော လူထုရော ဌာနရော အစိုးရရော လေးဖက် လေးတန်တွေ့ဆုံဆွေးနွေးမယ်ဆိုရင် အဖြေကထွက်မှာပဲ။ ဥပမာတစ်ခုပြောရရင် မူးယစ်ဆေးဝါးပပျောက်ရေး အတွက် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အချိန်ပြည့်အော်နေတယ်၊ လူထုကလည်း အော်တယ်၊ သို့သော် အဲဒီရဲဌာနနဲ့ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနေတဲ့ နေရာမှာ သူမှာ အင်အားဘယ် လောက်ရှိလဲ၊ သူ့မှာ ဘာတွေလိုအပ်နေလဲ၊ ကျွန်တော်တို့က ပေါ်လစီမိတ်ကာအနေနဲ့ အမြဲတမ်းစဉ်းစားနေတာ ကျွန်တော်တို့အနေနဲ့ တွေ့ဆုံဆွေးနွေးမှုကို လုပ်ကိုလုပ်သင့်တယ်။ ဒီလိုဖြေရှင်းတဲ့နေရာမှာ ဝန်ထမ်းအင်အား မလောက်လို့လား၊ ဒါမှမဟုတ်ရင်ဘာလဲဆိုတာ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတော့ လုပ်သင့်တယ်။

Tun htay

ဦးထွန်းဌေး (မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး)

ကျွန်တော်တို့လည်း အခြေခံဥပဒေအရဆို ပြည်ထောင်စုမှကျတော့ ကိုယ်စားလှယ်သည် အစိုးရအဖွဲ့ဝင်ဖြစ် သွားရင် ကိုယ်စားလှယ်အဖြစ်က နုတ်ထွက်ရတယ်၊ ပြည်နယ်နဲ့တိုင်းတွေမှာက အဲလိုမျိုးမဟုတ်တာ ကျွန်တော်တို့ တွေကလည်း တစ်ဖက်ရဲ့ အခြေခံဥပဒေအရဆို နုတ်ထွက်စရာမလိုဘူးလေ၊ တစ်ဘက်မှာ ကိုယ်စားလှယ်အဖြစ်နဲ့ လုပ်ဆောင်တယ်၊ တစ်ဖက်မှာလည် အစိုးရအုပ်ချုပ်ရေးအဖွဲ့မှာလုပ်ကိုင်တယ်။ ပြည်သူတွေအတွက် လွှတ်တော်မှာမေးခွန်းမေးမြန်းတဲ့နေရာမှာ အားနည်းသွားတာပေါ့၊
သို့သော်လည်း ကျွန်တော်တို့က အုပ်ချုပ်ရေးဌာနဆိုင်ရာမှာ အထိုက်အလျှောက် လုပ်ပိုင်ခွင့်ရှိတဲ့ အခါကျတော့ လွှတ်တော်က ဖြေရှင်းဖို့ ပေးပို့လာတဲ့ ကိစ္စတွေကို ဌာနအနေနဲ့ ပေါင်းစပ်ညှိနှိုင်းပေး လိုက်တာတွေလည်း အများကြီးရှိတယ်၊ လယ်ယာမြေရာကိစ္စတွေ၊ ချောင်းမြောင်းကိစ္စတွေကို ဆည်မြောင်းဦးစီးဌာနအနေနဲ့ ကွင်းဆင်းဆောင်ရွက်ပေးတာတွေရှိပါတယ်၊
လွှတ်တော်က ကျွန်တော်တို့အနေနဲ့ သူအခက်အခဲရှိလာရင် ကျွန်တော်တို့လုပ်နေတဲ့ အတိုင်း လုပ်ဆောင်ပေး တယ်၊ နောက်ပြီး ပြဿနာတွေဖြေရှင်းရာမှာ ဖုန်းနဲ့လည်းကောင်း လူကိုယ်တိုင်တွေ့လို့ လည်းကောင်းပူးပေါင်း ဆောင်ရွက်တယ်၊ နောက်လည်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဒေသမှာဖြစ်နေတဲ့ ကိစ္စတွေကို ကျွန်တော် တို့ဌာနက ဆောင်ရွက်ပေးနိုင်သရွေ့ ဖြေရှင်းပေးသွားမယ်။
လွှတ်တော်ကလည်း သက်တမ်းနုနေတဲ့ အနေအထားရှိတယ်၊ ကျွန်တော် အုပ်ချုပ်ရေးပိုင်းကလည်း အနေအ ထား ဟာ သက်တမ်းနုသေးတယ်၊ လုပ်ငန်းရဲ့ သဘောတရားအရ ပဋိပက္ခကတော့ နည်းနည်းတော့ရှိမှာပါ၊ သူတို့မေးတဲ့မေးခွန်းကို ကျွန်တော်တို့ ဖြေတဲ့နေရာမှာလိုရင်းမရောက်ဘူးလို့ ပြောနေကြတယ်၊ ကျွန်တော်တို့ အနေနဲ့က လိုရင်းရောက် အောင်ဖြေဖို့ဟာ လုပ်ထုံးလုပ်နည်း အကန့်အသတ်တွေရှိတယ်၊ လွှတ်တော်မှာက ဖြေပြီးရင် တာဝန်ယူမှု၊ တာဝန်ခံမှုတွေရှိရမယ်၊ ဖြေပြီးတာနဲ့ ကတိကဝတ်တွေဖြစ်သွားတယ်၊ ကျွန်တော်တို့ အနေနဲ့က ကျွန်တော်တို့ရဲ့ဌာနအနေအထားကို ချင့်ချိန်ပြီး လုပ်ရတယ်၊ လိုရင်းရောက်ချင်ရင်တော့ ဌာနတစ်ခုရဲ့ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိ မရှိမေးတာက အဆင်ပြေမယ်၊ တချို့လွှတ်တော်ကိုယ်စားလှယ်တွေ ယေဘုယျဆန်တဲ့ မေးခွန်းတွေအများကြီးမေးတယ်၊ ဒီဟာနဲ့ ပတ်သက်ပြီး ဘောင်တော့ သတ်မှတ်ထားတာရှိတယ်။
လက်ရှိကျွန်တော်လက်အောက်မှာ ဦးစီးဌာနပေါင်း ၃၀ ရှိနေတယ်၊ များသောအားဖြင့် ပြဿနာတွေ တက်လာရင်တော့ ကိုယ်တိုင်ကွင်းဆင်းပြီး လုပ်ဆောင်တာများပါတယ်၊ အဲလို ကွင်းဆင်းဆောင်ရွက် တဲ့နေရာမှာ ခရိုင်အဆင့်တွေ၊ မြို့နယ်အဆင့်တွေ အကုန်လုံးပါသွားပါတယ်၊ ဒါမှလည်း တစ်ခါတည်း ပြီးပြတ်သွား မှာ ဖြစ်တယ်၊ ပြည်သူတွေ တိုင်စာပို့တဲ့ နေရာမှာ များသောအားဖြင့် ကိုယ်ကျိုးစီးပွားတွေပါဝင်တယ်၊ အဲဒီတစ်ခုတော့ သတိထားရတယ်၊ တစ်ဖက်အသံတည်းနဲ့လည်း အဆင်မပြေဘူး၊
ပြည်သူတွေကလည်း အချင်းချင်း အငြင်းပွားနေတဲ့ အနေအထားတွေရှိနေတယ်၊ ဒါကြီးကို ကျွန်တော်တို့က အောက်ခြေအထိဆင်းကြည့်ပေးရတဲ့ အနေအထားတွေ ဖြစ်တယ်၊ အောက်ခြေကို ဆင်းမှ နှစ်ဖက်အသံကို နားထောင်ပြီး အကျိုးစီးပွားတွေ အာဃာတတွေဖြစ်လာလို့ကတော့ ဥပဒေအတိုင်း ကိုင်တွယ်တယ်၊ တကယ်တန်း နစ်နာတယ်ဆိုရင်တော့ ဖြေလျော့မှုတွေ လုပ်ပေးလိုက်တယ်၊ လက်အောက် ဌာနတွေကို ညွှန်ကြားတာတော့ နည်းပါတယ်။
ပြည်ထောင်စုက ကျွန်တော်တို့ဌာနကို တိုက်ရိ်ုက်ညွှန်ကြားတဲ့အပိုင်းတွေတော့မရှိသေးဘူး၊ လက်တလော မှာတော့ ပြည်နယ်စီမံကိန်းကော်မရှင်ဖွဲ့ဖို့ ကိစ္စတော့ ပြည်နယ်အစိုးရကို ညွှန်ကြားတာတော့ရှိတယ်၊ သဘောကတော့ ဗဟိုချုပ်ကိုင်မှုလျှော့ချပေးလိုက်တာဖြစ်တယ်၊ ပြည်နယ်နဲ့တိုင်းတွေကို နိုင်ငံတော်အဆင့်နဲ့ တစ်ရှိန်ထိုးတက်လာအောင် ဆောင်ရွက်ဖို့ ပြည်နယ်တွေမှာ ရင်နှီးမြှုပ်နှံမှုတွေကို ဝင်လာအောင် လုပ်ပိုင်ခွင့်ပေး တာဖြစ်တယ်။

min kyi win

ဒေါက်တာမင်းကြည်ဝင်း (မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး )

အားလုံးက လွှတ်တော်ကိုယ်စားလှယ်တွေကြီးပါပဲ ဟိုဘက်အပိုင်းနဲ့ ဒီဘက်အပိုင်းကွဲသွားတာပဲရှိတယ်၊ ပြဿနာတွေဖြေရှင်းရင်တော့ ပူးပေါင်းဆောင်ရွက်ရမှာပဲ၊ တစ်ယောက်နဲ့တစ်ယောက်အပြုသဘောဆောင်တဲ့ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ရင်တော့အကောင်းဆုံးပဲပေါ့၊ ကျွန်တော်က အဓိကက သစ်တောရယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဌာနတွေကို ကိုင်တွယ်ထားတယ်၊ သတ္တုနဲ့ပတ်သက်ရင်တော့ ဆားလုပ်ငန်း တစ်ခုကို သာကိုင်တွယ်ထားတယ်။
လက်ရှိမှာတော့ ကျွန်တော်တို့က ပြည်ထောင်စုက ညွှန်ကြားချက်အတိုင်း ဆက်လုပ်နေတယ်၊ ဥပမာ MCL တို့ ကိစ္စတွေ Long Life ကိစ္စတွေ ကျွန်တော်တို့က တိုက်ရိုက်ကိုင်ထားတာမဟုတ်ဘူး၊ ပြည်ထောင်စုက လုပ်ထားတဲ့ ကိစ္စတွေဖြစ်နေတယ်၊ ဒီကိစ္စတွေ ပြဿနာဖြစ်နေတော့ ပြည်ထောင်စုရဲ့ အကြံပြုချက်တွေ ထပ်တောင်းရတာပေါ့၊ ဒီဟာနဲ့ ပတ်သက်ပြီး အစီရင်ခံစာနှစ်ခုပြန်တင်ထားတယ်၊ အရင်ဆုံး ပြည်နယ်အစိုးရကို တင်ပြီးမှ ပြည်ထောင်စုအစိုးရကို ထပ်တင်တာဖြစ်တယ်၊
လောလောဆယ် လူထုပြဿနာကို တိုက်ရိုက်ကိုင်တွယ်ဖို့ဆိုတော့ ကျွန်တော်တို့မှာ သီးခြားဆုံးဖြတ်ပိုင်ခွင့် တွေရှိဖို့ လိုအပ်တယ်၊ ဒါပေမယ့် ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေတော့ ရှိပြီးသားပဲ၊ ၂၀၁၅ ခုနှစ်မှ ပတ်ဝန်းကျင်ဆန်းစစ်တဲ့ လုပ်ထုံးလုပ်နည်းတွေထွက်ရှိလာတာဖြစ်တယ်၊ အရင်လုပ်ထားတဲ့ ဟာတွေက အစကပြန်လုပ်ရမယ့် အနေအထားဖြစ်သွားတယ်၊ EIA တို့ဘာတို့ပေါ့၊ သဘောက အရင်တုန်းကဆို MIC က ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လုပ်ကိုင်ခွင့်ရှိတယ်၊ အခုကျတော့ MIC က EIA ရယ် ပြည်နယ်အစိုးရ သဘောထားရယ် ပြည်ထောင်စုအစိုးရရဲ့ သဘောထားကို တောင်းခံပြီးမှ ချပေးတော့တယ်၊ ဒီဟာကျတော ဘယ်မှာအကြုံးဝင်လဲဆိုတော့ သက်တမ်းတိုးတဲ့နေရာမှာ အကြုံးဝင်တယ်၊ ညွှန်ကြားချက်အများစုကတော့ အရင်ဆုံးလူထုကို အရင်ဆုံးချပြရတယ်၊
တိုင်ကြားစာတွေကို ပြည်နယ်အစိုးရက စိစစ်ရေးကော်မတီဖွဲ့တယ်၊ စိစစ်ရေးကော်မတီကနေ သွားစီစစ်တယ်၊ ဒါကိုပြန်ပြီး သုံးသပ်ချက်နဲ့ ပြန်လည်ဖြေရှင်းတဲ့အပိုင်းတွေတော့ ရှိတယ်၊ ဟိုတစ်လောကဆို မီးရထားကျောက်မိုင်း ခွဲလို့ လူထိသွားတယ် ဖုန်းတော့ဝင်လာတယ်၊ အဲလိုပြဿနာလေးတွေလည်းရှိတယ်၊ အရင်တုန်းက တိုင်တဲ့ ကျောက်မိုင်းနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတွေလည်းရှိတယ်၊ ဒေသခံတွေက ကျောက်မိုင်းကို ဖျက်သိမ်းပေးဖို့တောင်းထားတာတွေရှိတယ်၊ လူထုနဲ့ ကုမ္ပဏီနဲ့ ဘယ်လိုပြဿနာ တွေရှိနေလဲဆိုတာကို တည့်မတ်ပေးတဲ့ သဘောနဲ့ ဖြေရှင်းတယ်၊ လူထုက ပိတ်ပစ်ပေးပါ သူတို့က သူတို့အမြင်တစ်ခုပဲရှိတယ်၊ ဒါကို သူတို့မှားတယ်လို့ မပြောလိုဘူး၊ ဥပမာ MCL ဆိုရင် ဘိလပ်မြေစက်ရုံကို ပိတ်ခိုင်းတာမဟုတ်ဘူး၊ ကျောက်မီးသွေးသုံးလည်ပတ်မှုကို ပိတ်ခိုင်းတာဖြစ်တယ်၊ Long Life ကျတော့ တောင်ဖြိုတာကို ပိတ်ခိုင်းတယ်၊ ကျွန်တော်က ပတ်ဝန်းကျင်ထိခိုက်မှုရှိမရှိကို စိစစ်နေတယ်၊ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲ
ဒီပြဿနာတွေ ဖြေရှင်းဖိုဆိုကျွန်တော်အနေနဲ့က သက်ဆိုင်ရာပြည်နယ်အစိုးရရဲ့သဘောထားပါမှ MIC က ခွင့်ပြုချက်ထုတ်ပေးသင့်တယ်၊ ပြည်ထောင်စုအစိုးရက ဒါကတော့ လုပ်ပါ စီမံကိန်းကောင်းတယ်ဆိုပေမယ့် ထိခိုက်မှုခံရမှာက အောက်ကပြည်သူတွေပဲဖြစ်တယ်၊ အခုစီမံကိန်းအဖွဲ့ကိုဖွဲ့ထားတယ်၊ ဒါပေမယ့် စီမံကိန်းတစ်ခုမှ မလုပ်ရသေးဘူး၊ လုပ်ရင်လည်း ပြည်သူတွေကို ချပြသွားမယ်၊ ဒါမှလည်း ပြဿနာတွေကို ဖြေရှင်းရာရောက်သွားမယ်။

18 copy

ဦးဘိုဘိုဝင်း ( MCL ဘိလပ်မြေ စက်ရုံ ကျောက်မီးသွေးသုံးလည်ပတ်နေမှုအား ဦးဆောင်ကန့်ကွက်သူ )

မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးနဲ့ တွေ့ဆုံတဲ့အခါ သူတို့လုပ်ဆောင်နေတဲ့ အနေအ ထား ကို ရှင်းပြတယ်၊ ရှင်းပြတော့ လုပ်နေတဲ့သဘောကို အစ်ကိုတို့အနေနဲ့က လွှတ်တော်ရဲ့ လုပ်ဆောင်မှုကို အပြည့်အဝယုံကြည်စွာနဲ့ စောင့်ကြည့်နေတယ်၊ အားကိုးတကြီးယုံကြည်စွာနဲ့ စောင့်ကြည့်နေတယ်၊ လွှတ်တော် က နေ မှန်ကန်သောနည်းလမ်းနဲ့ ဆုံးဖြတ်မယ်လို့ ယုံကြည်တယ်၊ အခုအချိန်မှာ အစ်ကိုတို့ ပြည်သူလူထု အနေနဲ့ကတော့ ဒီMCL နဲ့ပတ်သက်ပြီး လုပ်ဆောင်နေတာဘာမှ မရှိတော့ဘူး၊ ဒါပေမယ့် စက်ရုံကိုလည်း အမြဲတမ်းစောင့်ကြည့်နေတယ်၊ စက်ရုံရဲ့ လှုပ်ရှားမှုအခြေအနေတွေကို အမြဲတမ်းတင်ပေးနေတယ်၊ အစ်ကိုတို့အနေနဲ့ကတော့ လက်ရှိမှာ လွှတ်တော်ရဲ့ လုပ်ဆောင်ချက်ကို စောင့်ကြည့်တာကလွဲပြီး ဘာမှလုပ်လို့မရ ဘူး၊
လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် မမှန်မကန်ရင်တော့ အစ်ကိုတို့ ပြည်သူလူထုအနေနဲ့ စက်ရုံကျောက်မီးသွေးသုံး လည်ပတ်မှုအတွက် နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်သွားမယ်၊ အစိုးရပိုင်းက ဒီကိစ္စကို တာဝန်ယူပြီးဖြေရှင်း ပေးတာ လက်ရှိအချိန်အထိ ဘာမှမရှိသေးဘူး၊ လက်ရှိအစိုးရနှင့် ပတ်သက်သည့် ဝန်ကြီးဌာနက ဝန်ကြီးရဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောတာဆိုတာလည်း မရှိသေးဘူး၊
မွန်ပြည်နယ် သဘာဝပတ်ဝန်ကျင်ထိန်သိမ်းရေးဦးစီးဌာနအနေနဲ့တော့ တာဝန်ခံက လွှတ်တော်နဲ့သွား ရောက်ကြည့်ရှုတာပဲရှိတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး လုပ်ဆောင်တာလည်း သိပ်မတွေ့ရဘူး၊ သူတို့အနေနဲ့ MCL ကို ဌာနတစ်ခုအနေနဲ့ သွားရောက်ကြည့်ရှုတာတော့ မလုပ်ရဲဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေက အမြဲတမ်းစောင့်ကြည်နေလို့၊ သူတို့ဘက်ကလည်း မှတ်ချက်ပေးတာလည်းမရှိသေးဘူး၊
လက်ရှိပြည်သူတွေ လက်မခံတဲ့ ကျောက်မီးသွေးသုံးလည်ပတ်မှုကို တားဆီးနိုင်ရင်တော့ အကောင်းဆုံးဖြေရှင်း နိုင်တဲ့ နည်းလမ်းလို့ပဲမြင်တယ်၊ ပြည်သူတွေက စက်ရုံကြီးကို ပိတ်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တာမဟုတ်ဘူး၊ ကျောက်းမီးသွေးသုံးလည်ပတ်မှုကို ရပ်ဆိုင်းပေးဖို့ ဖြစ်တယ်၊ ဒီကိစ္စကို လွှတ်တော်က ထိထိရောက်ရောက်တား ဆီးပေးနိုင်ရင်တော့ အဆင်ပြေသွားမှာပါ။

Leave a Reply