Advertisements

ဟစ်ဟော့အဆိုတော် လွှမ်းပိုင်နှင့် Bobby Soxeer တို့ ချစ်သူနှစ်ယောက်၏ ပထမဆုံး စီးပွားရေးလုပ်ငန်းဖြစ်သည့် Hight Skool ဖက်ရှင်ဆိုင်ကို ဒီဇင်ဘာလအတွင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

” ကျွန်တော်တို့ ဒီဇင်ဘာလထဲမှာ Hight Skool ဖက်ရှင်ဆိုင်လေး ဖွင့်ဖို့ရှိတယ်။ ပြီးရင် ၂၀၁၈ ထဲမှာပဲ နောက်ထပ် Brand လေးတစ်ခု ထပ်လုပ်ဖို့လည်းရှိတယ်။ ဖက်ရှင်တွေကတော့ လူငယ်ကြိုက် ဖက်ရှင်ဒီဇိုင်းဆန်းတွေကိုလုပ်ထားပါတယ်။ ဖက်ရှင်ကိုတကယ်ကြိုက်မှလည်း အားပေးစေချင်ပါတယ်။ အနုပညာရှင်နှစ်ယောက်ဖွင့်ထားတဲ့ဆိုင်မို့ အားပေးတာထက်ကို သာမန်ဖက်ရှင်ဆိုင်လေးက ဒီဇိုင်းတွေကို ကြိုက်လို့ အားပေးတာမျိုးဖြစ်ချင်တာပါ။ ” ဟု လွှမ်းပိုင်ကပြောသည်။

Hight Skool ဆိုင်အတွက် Facebook Page တစ်ခုပြုလုပ်ထားပြီး ဖက်ရှင်နှင့်ပတ်သက်သော အကြောင်း အရာအချက်များကို တင်ပေးသွားမည်ဖြစ်ပြီး ပရိသတ်များဘက်ကလည်း Review များလည်း ရေးပေးစေလိုကြောင်း လွှမ်းပိုင်က ထပ်မံပြောသည်။

” အဲဒီပေ့မှာ ကျွန်တော်တို့ဆိုင်အတွက် လိုအပ်တဲ့အရာလေးတွေကို Review ရေးပေးဖို့ကိုတောင်းဆိုပါတယ်။ ဘယ်ဝန်ထမ်းက ဘယ်လိုဆက်ဆံရေးရှိတယ်။ ဆိုင်မှာဘာတွေ လိုအပ်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြလို့ ရပါတယ်။ ” ဟု လွှမ်းပိုင်ကပြောသည်။

Written by Hinthar Media

Leave a Reply