ဖလောရီဒါ ၊ ဇွန် ၁၄

ဖလော်ရီဒါပြည်နယ်၊ အော်လံဒိုမြို့မှာရှိတဲ့ ယူနီဗာဆယ်စတူဒီယိုမှာ အသစ်ဖွင့်လှစ်လိုက်တဲ့ ဟယ်ရီပေါ်တာ ဇာတ်ဝင်ခန်းထဲမှာပါတဲ့ မိုးပျံရထားဟာ ဖွင့်လှစ်ပြီး ၁၀နာရီအတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်စံချိန်တင်ရရှိခဲ့ပါတယ်။

အဆိုပါ မိုးပျံရထားဟာ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွေထဲမှာပါတဲ့ တောအုပ်ကြီးတွေကို ဖြတ်ပြီး သွားရတဲ့ ပုံစံတူ လုပ်ထားတာဖြစ်ပြီး ဇာတ်ကောင် ဟက်ဂရစ်ရဲ့ ဆိုင်ကယ်ပုံစံ တည်ဆောက်ထားတာဖြစ်ပါတယ်။

မိုးပျံရထားတည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ သန်း၃၀၀ခန့်သာ ကုန်ကျခဲ့ပြီး ဖွင့်လှစ်ပြီး ၁၀နာရီအတွင်းမှာ အရင်းကျေခဲ့ပါတယ်။

အစက မိုးပျံရထားနေရာမှာ ဟယ်ရီပေါ်တာရဲ့ နဂါးပုံသဏ္ဍာန် ယာဉ်နဲ့ မိုးပျံရထားဆောက်လုပ်ထားတာဖြစ်ပြီး ယခုအသစ်ပြန်ဆောက်လုပ်လိုက်တာြဖစ်ပါတယ်။

ယူနီဗာဆယ်စတူဒီယိုမှာ ဇာတ်ကောင်တွေလွှမ်းမိုးတဲ့ စီးစရာတွေကို နှစ်နှစ်လျှင်တစ်ကြိမ် ပြောင်းလဲလေ့ရှိပါတယ်။

ဟယ်ရီပေါ်တာဖန်တွေဟာ မိုးပျံရထားကိုစီးဖို့ မနက်အစောကတည်းက တန်းစီခဲ့ကြပြီး ညအိပ်တန်းစီစောင့်သူတွေတောင်ရှိတယ်လို့ ဆိုပါတယ်။

ပထမဆုံး စီးနင်းခွင့်ရသူတွေဟာ ရထားလက်မှတ်ကို ဆိုရှယ်မီဒီယာမှာ check in တင်ပါကလည်း ဟယ်ရီပေါ်တာဇာတ်ကောင်နဲ့ပတ်သတ်တဲ့အမှတ်တရပစ္စည်းတွေကို သရုပ်ဆောင်တွေရဲ့ လက်မှတ်နဲ့တကွ ရနိုင်တာမို့ လူတိုးနေတာဖြစ်ပါတယ်။

အပင်ပေါင်း ၁၂၀၀ကျော်ပေါ်ကနေ ဖြတ်ပြီးစီးရတဲ့အတွက် တကယ့်ဟယ်ရီပေါ်တာဇာတ်ဝင်ခန်းထဲ ရောက်သွားသလို ခံစားရမှာဖြစ်ပြီး စီးခအဖြစ်တစ်ဦးကို အမေရိကန်ဒေါ်လာ ၃၀ကျသင့်ပါတယ်။


Ref: CNBC

Leave a Reply