ကျွန်တော်ရှင်သန်ခဲ့သောဝန်းကျင်ဝင်းရော်ဒေသသည်အလွန်ကိုဖွံ့ဖြိုးမှုနောက်ကျခဲ့သည်။(၂၀၁၀)ရွေးကောက်ပွဲအပြီးမှကရင်ပြည်နယ်/ကြာအင်းဆိပ်ကြီးမြို့နယ်ဒေသသည်စစ်ဘေးစစ်ဒဏ်အပြင်အမဲရောင်နယ်မြေအဖြစ်
သမုတ်ခံခဲ့ရသည့်ကာလမှလွတ်မြောက်ခဲ့သည်။

ad

ဝင်းရော်မျက်ရည်လို့ပြောလိုက်လို့အရမ်းများကြီးကျယ်သွားမလားဘဲ။ဒါပေမဲ့သေချာစဉ်းစားပြီးဝေခွဲကြည့်လိုက်လျှင်ကျွန်တော်တစ်ယောက်ရဲ့အမြင်အရအခုအချိန်အခါနဲ့ဆန်းစစ်ကြည့်ရင်တော်တော်မှန်ပြီးချိန်သားကိုက်နေ ပါသည်။တခြားမကြည့်ပါနှင့်။ ပြီးခဲ့သည့်ရွေးကောက်ပွဲရဲ့အခြေအနေကိုပဲပြန်သုံးသပ်ကြည့်ပါ။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာလက်ရှိအစိုးရကနယ်မြေအနေအထားအေးချမ်းတည်ငြိမ်မှုမရှိဘူးဟုအကြောင်းပြကာကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိမွန်လူမျိုးများဆန္ဒမဲပေးခွင့်ဆုံးရှုံးခဲ့သည်။
ယခုကဲ့သို့မဲပေးခွင့်ဆုံးရှုံးခြင်းသည်နိုင်ငံသားတစ်ဦး၏အခွင့်အရေးဆုံးရှုံးခြင်းလည်းဖြစ်သည်။အသိ အမှတ်ပြုမခံရခြင်းသဘောသက်ရောက်သလိုအချိန်မရွေးတည်ငြိမ်အေးချမ်းမှုပျက်ပြားနိုင်ပြီးဘဝအာမခံမှုလည်းရှိမည်မဟုတ်ပါ။

      တိုးတက်ပြောင်းလဲနေသည့်ကမ္ဘာရွာကြီးဟုဆိုသောဂလိုဘယ်လိုင်ဇေးရှင်း(IT)နည်းပညာတိုးတက်ထွန်းကား လာသောခေတ်တွင်နှစ်ခြောက်ဆယ်ကျော်ဒီဒေသတွင်းရှင်သန်နေထိုင်သောမွန်ပြည်သူများလူနေမှုအဆင့်အတန်းကသုညသာသာနိမ့်ကျခဲ့သည်။ စီးပွားရေး/ကျန်းမာရေး/ပညာရေး/ဆက်သွယ်ရေး/အဘက်ဘက်မှနောက်

ကောက်ကျန်ခဲ့ပြီးဖြစ်သည်။

ဝင်းရော်ဒေသတွင်းရှိကလေးငယ်များနှင့်ကျောင်းနေရွယ်လူငယ်များမှာစီးပွားရေးအဆင်မပြေသောကြောင့်အရွယ်မတိုင်မီပင်ကျောင်းပညာရေးကိုစွန့်ခွာခဲ့ရသည်။မျိုးဆက်သစ်လူငယ်အခန်းကဏ္ဍများတွင်လည်းပညာရည်အဆင့်အတန်းနိမ့်ကျသောကြောင့်အမြင်ကျယ်ခြင်းမရှိ၍ဝိသမလောဘသမားများ၏မူးယစ်သားကောင်များဖြစ်အသုံးတော်ခံများဖြစ်လာခဲ့ကြသည်။

စိတ်ကြွမူးယစ်ဆေးဝါး(ဒေသအခေါ်မြင်းဆေး)ဟုခေါ်သောမူးယစ်ဆေးပြားများဒေသအတွင်းပျံ့နှံ့မှုကကြောက်စရာကောင်းလှပါသည်။လွန်ခဲ့သောဆယ်စုနှစ်တစ်ခုတွင်အချင်းချင်းလက်တို့၍သုံးစွဲဖူးသူအများစုသာသိ၍ကျယ်ပြန့်စွာသုံးစွဲခြင်းမရှိသလိုသိလည်းမသိချေ။ ယခုအချိန်တွင်လူငယ်လူပျိုဖော်ဝင်စမှစ၍လူလတ်ပိုင်းသာမကလူ ကြီးပိုင်းတိုင်အောင်အလွှာမရွေးသုံးစွဲနေကြသည်မှာအလွန်ကိုဝမ်းနည်းဖွယ်မြင်နေရသည်။
ဤဆေးဝါးသုံးစွဲသည့်အကျင့်ဆိုးသည်နိုင်ငံခြားတိုင်းပြည်(ထိုင်းနိုင်ငံ)ရွှေ့ပြောင်းလုပ်သားဘဝမှမိမိနေရပ်သို့ပြန်ရောက်သောအခါ ပါလာသောအကျင့်ဆိုးတစ်ခုဖြစ်သည်။စိတ်ကြွရူးသွပ်ဆေးပြားကဈေးနှုန်းမြင့်မားသောကြောင့်ယခုဆိုလျှင်စိတ် ကြွဆေးပြားအစားဘိန်းစာရွက်ကိုပြုတ်၍ရသောအရည်ကိုသောက်၍မူးယစ်နေကြပြန်သည်။ထိုဒေသတွင်း လူငယ်များကိုယ်တိုင်ကလည်းဘဝခံယူချက်ဘာမှမရှိတော့ပါ။နိုင်ငံရပ်ခြားတိုင်းပြည်သို့ပင်ပန်းဆင်းရဲစွာလုပ်ကိုင်၍ရလာသောချွေးနှဲစာငွေကိုစိတ်ဆန္ဒနောက်လိုက်၍သုံးဖြုန်းကြကုန်၏။
ပညာရည်နိမ့်ပါးမှုကြောင့်လည်းဝိသမလောဘသမားများ၏လှည့်ကွက်ထဲတွင်တဝဲဝဲလည်လျက်ဘဝဖျက်ဆီးခံနေကြရသည်။ လွန်ခဲ့သောဆယ်စုနှစ်တစ်ခုလောက်ကဆိုလျှင်ဘွဲ့ရပညာတတ်ဦးရေလက်ချိုးရေတွက်လို့ရပါ သည်။ ပိုက်ဆံရှိအသိုင်းအဝိုင်းနှင့်ပညာအနည်းအကျဉ်းတတ်၍ခေတ်အမြင်ရှိသည့်မိဘများ၏သားသမီးများသာပညာကိုဆက်လက်သင်ကြားခွင့်ရခဲ့ကြသည်။ ထိုဒေသရှိမိဘများကိုယ်တိုင်ကလည်းပညာရေးကိုအားမပေးခဲ့ပါ။အချိန်တန်အရွယ်ရောက်ကျောင်းထွက်အလုပ်မှမိသားစုတာဝန်ကိုတစ်နိုင်တစ်ပိုင်ကူညီရာရောက်သည်ဟုအယူအဆတွေလမ်းလွဲနေကြသည်။

ငွေရှိမှလူရာဝင်သည်ဟုလည်းအတွေးများကလမ်းမှားနေခဲ့သည်။ထိုအတွေးအခေါ်သည်ဒေသရှိမိဘပြည်သူများ၏စိတ်ဝိညာဉ်ထဲတွင်သံမှိုလိုရိုက်ထည့်ထားသည့်ရှေးရိုးဆန်လွန်းသည်။ဒီလိုလွဲမှားသောအယူဝါဒကိုဖျောက်ဖျက်သင့်ပြီးပထမဆုံးအနေဖြင့်ဒေသတွင်းရှိကလေးငယ်များကို ဦးစားပေးအဆင့်ဖြင့်ပညာရေးတိုးတက်မြင့်မားရန်အတွက်လုပ်ဆောင်သင့်ကြောင့်အကြံပြုအပ်ပေသည်။

လူငယ်နှင့်မူးယစ်ဆေးဝါးသုံးစွဲမှုကိုလူမျိုးရေးပြဿနာတစ်ခုဟုခံယူရင်းထိရောက်စွာအရေးယူကိုင်တွယ်ရန်လိုပြီးဖြစ်သည်။ “ယခုလူငယ်နောင်ဝယ်လူကြီး”ဟူသောဆောင်ပုဒ်နဲ့အညီခေတ်ကာလတိုးတက်ပြောင်းလဲသည်နှင့်အမျှဒေသတွင်းရှိလူငယ်များ(IT)နည်းပညာတိုးတက်မှုခေတ်ထဲလိုက်ပါစီးမျောတတ်မြောက်ရန်လိုနေပြီးဖြစ်သည်။

ထို့ကြောင့်လူငယ်များပညာရည်တိုးတက်ရေးအခန်းကဏ္ဍတစ်ခုအနေဖြင့်ဒေသတွင်းရှိမွန်လူငယ်များကိုအင်္ဂလိပ်စကားပြောသင်တန်းများ/ကွန်ပျူတာသင်တန်းများ/လူငယ်စွမ်းရည်မြှင့်တင်ရေးသင်တန်းများ/ဖွင့်လှစ်သင်ကြားပေးရန်လိုပြီးဖြစ်သည်။ ယခုလိုဖွင့်လှစ်သင်ကြားပေးခြင်းဖြင့်လူငယ်များ၏စိတ်ဓာတ်စွမ်းရည်မြင့်မားရာရောက်သလိုမူးယစ်ဆေးဝါးအန္တရာယ်အတွက်အာရုံပြုပြင်ပြောင်းလဲရာရောက်သည်ဟုအကြံပြုအပ်ပါသည်။

အချုပ်အာဖြင့်တင်ပြရသော်ဝင်းရော်မျက်ရည်ကိုကျွန်တော်တို့တစ်မျိုးသားလုံးကူသုတ်ပေးဖို့အချိန်တန်ပြီးဖြစ်သည်။(၂၀၁၅)ခုနှစ်တွင်ဝင်းရော်ဒေသဆန္ဒမဲပေးခွင့်မရသောအခွင့်အရေးကိုနောင်လာမည့်မျိုးဆက်သစ်လူငယ်များကရွေးကောက်ပွဲတွင်မဲပေးဖို့အခွင့်အလမ်းရရှိအောင်ယူရမည်ဖြစ်သည်။လူငယ်များအနေဖြင့်မူးယစ်သားကောင်အဖြစ်အိပ်မနေသင့်တော့ပါ။မျက်မှောက်ကာလခေတ်မီဖွံ့ဖြိုးတိုးတက်လာသောခေတ်စနစ်နဲ့အညီနောက်မကျရန်မိမိတို့ရဲ့စိတ်ဓာတ်ခံယူချက်တွေပြုပြင်သင့်ပြီးဖြစ်သည်။သို့မှသာလျှင်အနာဂတ်တွင်မျိုးဆက်သစ်ခေါင်းဆောင်များပေါ်ထွက်လာမည်ဖြစ်ပါသည်။

Leave a Reply