Advertisements

မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာအေးဇံ တာဝန်ယူပြီးနောက် ၂၀၁၇ ခုနှစ်၊ မတ် ၁ ရက် ပြည်နယ်လွှတ်တော်တွင် ပြောခဲ့သော ပထမဆုံးမိန့်ခွန်းသည် တစ်နှစ်ကျော်အကြာတွင် မေးခွန်းထုတ်ခံရလေပြီ။
မိန့်ခွန်းတွင်ပါဝင်သည့် ပြည်နယ်အတွင်း မူးယစ်ဆေးဝါး၊ လောင်းကစားနှင့် ရာဇဝတ်မှုများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရေး၊ လက်လီလက္ကား ဖြန့်ဖြူးရောင်းချမှုများကိုရပ်တန့်အောင် အရေးယူနှိမ်နင်းရေးစသည့် ကတိကဝတ်များနှင့် ပတ်သက်၍ ဖြစ်၏။
ယင်းတို့နှင့် စပ်လျဉ်း၍ မည်သို့အကောင်အထည် ဖော်ဆောင်ရွက်ထားပါသနည်းဟု ၂၀၁၈ ဇွန် ၅ ရက်တွင် ကျင်းပသော မွန်ပြည်နယ် ဒသမပုံမှန်အစည်းအဝေးတွင် မေးခွန်းတင်သွင်းမေးမြန်းခံရခြင်းပင်။
မေးခွန်းကို ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာ အောင်နိုင်ဦးက မေးမြန်းခဲ့ခြင်း ဖြစ်သည်။
မေးခွန်းရှင်က ပြည်နယ် ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်သူဖြစ်သောကြောင့် ၎င်းပြောကြားသည့် မိန့်ခွန်းသည် ရှေ့လုပ်ငန်းနှင့် အနာဂတ်အစီအစဉ် တစ်ခုအဖြစ်နားလည်ထား၍ ယခုကဲ့သို့ မေးမြန်းခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဝန်ကြီးချုပ် ဖြေကြားရာတွင်မူးယစ်ဆေးဝါး ပြဿနာသည် မွန်ပြည်နယ်တစ်ခုလုံး အပါအဝင် တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်ကြောင်းနှင့်ထိုအခြေအနေကို ပြည်နယ်နှင့် တိုင်းများတွင် ဥပဒေတချို့ကို ပြင်ဆင်ပြီးဖြစ်ကြောင်း ပါဝင်သည်။
မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါကို မဖမ်းဆီးသည့် နေ့တစ်နေ့မှ မရှိကြောင်း၊ မူယစ်းဆေးဝါးအမှုကြောင့် လူ ၁၀၀၀ ဆံ့ မော်လမြိုင်ထောင်တွင် လူပေါင်း ၁၉၀၀ အထိ လည်းကောင်း၊ လူ ၁၅၀ ဆံ့ သထုံထောင်တွင် လူပေါင်း ၁၀၀၀ အထိ လည်းကောင်း ရှိနေပြီး၆၅ ရာခိုင်နှုန်းသည် မူးယစ်ဆေးဝါးအမှုကြောင့် ဖြစ်သည်ဟု ၎င်းင်းက ပြော
သည်။
မူးယစ်ဆေးဝါး ပြဿနာကို အစိုးရအဖွဲ့တစ်ခုတည်း ဖြေရှင်းဆောင်ရွက်ရမည် မဟုတ်ဘဲ ပြည်သူများပါပါဝင်ဖို့လိုကြောင်းနှင့် ဖမ်းဆီးမှုများကြောင့် လူမှုဒုက္ခမြောက်မြားစွာ ကြုံတွေ့ရကြောင်းလည်း ပါဝင်သည်။
“ဒီလိုကိစ္စရပ်တွေအတွက် မူဝါဒချမှတ်ဖို့ဆိုတော့ မူဝါဒက အင်မတန်ကျယ်ပြန့်တဲ့ မူဝါဒ ဖြစ်ပါတယ်။ မူးယစ်ဆေးပြားတွေ ထုတ်လုပ်တဲ့နေရာတွေကို နှိပ်ကွပ်ဖို့ နိုင်ငံတော်ကလည်း မူဝါဒတွေရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးပြဿနာတစ်ခုဖြစ်တဲ့အတွက် မေးခွန်းလွယ်ပါတယ် ဖြေဖို့ခက်ပါတယ်”ဟု ဝန်ကြီးချုပ်က ဆို
သည်။
အစိုးရအနေဖြင့် မူးယစ်ဆေးဝါးကင်းရှင်းရေးအတွက် အသိပညာပေးကော်မတီ၊ ကာကွယ်ရေး ကော်မတီတို့ကို ကျေးရွာအဆင့်အထိ ဖွဲ့စည်းပေးပြီးဖြစ်ကြောင်း၊ ပြည်နယ်တွင်း မူးယစ်ဆေးဝါး ကုသရေးဌာနကို ကျိုက်မရောမြို့နယ်တွင် ဖွင့်လှစ်ထားသော်လည်း ဆရာဝန် အရေအတွက် အင်မတန် နည်းပါးနေသေးကြောင်း၎င်းင်းက
ထည့်ပြောသည်။
မူးယစ်ဆေးဝါး ကင်းရှင်းရေးအတွက် အစိုးရအနေဖြင့် ကုသရေးတွင် အဆောက်အဦ မြေနေရာရရှိရေး စီစဉ်ထားပြီး သီးခြားဘတ်ဂျက် သတ်မှတ်ဆောင်ရွက်သွားရန် မရှိသေးကြောင်းလည်း ဝန်ကြီးချုပ်က ထည့်သွင်းအသိပေးသည်။
ထိုသို့ ဖြေကြားမှုကို မေးခွန်းရှင်ဒေါက်တာ အောင်နိုင်ဦးက မေးခွန်းမေးမြန်းရခြင်းသည် ပြည်သူနှင့် ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်နိုင်အောင် ရေးဆွဲထားသော အစီအစဉ်များကိုသိရှိလို၍ ဖြစ်စေကြောင်းဆိုသည်။
ယင်းအပြင် “ထိုင်းနိုင်ငံမှာဆိုရင်လည်း ကားတွေ ဆိုင်ကယ်တွေကိုစစ်တဲ့ ပစ္စည်း ကိရိယာတွေရှိပါတယ်။
မသင်္ကာဖြစ်ရင် ချက်ချင်းကားပေါ်ကဆင်းပြီးစစ်ဆေးတာတွေလုပ်တယ်။
ကျွန်တော်တို့ဆီမှာ ဒါမျိုး ကိရိယာတွေ မရှိဘူး။ အဲဒီလိုမျိုး စစ်တဲ့ ပစ္စည်းတွေရှိခြင်းအားဖြင့် အလိုလို သုံးစွဲတဲ့သူတွေက ရှိန်သွားတာ ရှိတယ်” ဟုလည်း ဒေါက်တာအောင်နိုင်ဦးက မှတ်ချက်ပြုခဲ့သည်။ သက်ပိုင

Advertisements
<

Leave a Reply