Advertisements

စစ်တွေ၊ ဒီဇင်ဘာ ၈

ရခိုင်ပြည် ဝန်ကြီးချုပ် နှင့်ဝန်ကြီးများ စီးနှင်းလာကြသော ကားများ မိုင်းဆွဲ ခံရသည် ဆိုခြင်းမှာ မဟုတ်မှန်ဘဲ တပ်မတော် ယာဉ်တစ်စီးသာ မိုင်းဆွဲ ခံရခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် စည်ပင် သာယာရေး ဝန်ကြီး ဦးမင်းအောင်က ပြောကြားသည်။

၎င်းတပ်မတော် ယာဉ်သည် ယနေ့ နံနက်ပိုင်း၌ ရန်ကုန် စစ်တွေ ကားလမ်းမ ပေါ်ရှိ မြေပုံမြို့နယ် ယောချောင်း ကျေးရွာ အနီး ပတ်ဝန်း ကျင်တွင် မိုင်းဆွဲ ခံရမှု ဖြစ်ပွား ချိန်၌ ဝန်ကြီးချုပ်နှင့် အဖွဲ့ ကားများမှာ အခင်း ဖြစ်ပွားသော နေရာနှင့် မိုင် ၃၀ ခန့် ဝေးကွာ သွားပြီ ဖြစ်ကြောင်း ဦးမင်းအောင်က ပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် တပ်မတော်ကားသည် ထိခိုက် ပျက်စီး သွားပြီး တပ်မတော်သား လေးဦး မှာလည်း အနည်းငယ် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းက ဆက်၍ပြောသည်။

“ဝန်ကြီးချုပ်တို့နဲ့ ဘာမှမဆိုင်ပါ အခုဖြစ်တဲ့ဟာက တပ်မတော်နဲ့ ဖြစ်နေကြတာပါ။” ဟု ဦးမင်းအောင် ကပြောသည်။
ပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်ကာ စည်ပင်ဝန်ကြီး နှင့် လူမှုရေးဝန်းကြီး သုံးဦးတို့သည် သံတွဲ ခရိုင်ဒေသ ဖွံ့ဖြိုးရေး ကိစ္စများ အတွက် သက်ဆိုင်သော ဌာနဆိုင်ရာများ၊ ပြည်သူလူထု များနှင့် တွေ့ဆုံပြီး အပြန်ခရီး၌ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အချိန်တွင် လူမှုကွန်ရက်များပေါ်တွင် ဝန်ကြီးချုပ် ကားများ မိုင်းဆွဲခံရသည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိကြောင်း နှင့် ယခု အချိန်တွင် ဝန်ကြီးချူပ်မှာ စစ်တွေမြို့သို့ ရောက်ရှိ နေပြီဖြစ်ကြောင်း သိရသည်။

Written by မြတ်ကျော်
ဓါတ်ပုံ – Rakhine Gazette

Advertisements
<

Leave a Reply