မော်လမြိုင် နိုဝင်ဘာ

အသက် ၂၁ နှစ်အောက် ၁၀ မြို့နယ် မွန်ပြည်နယ် ဝန်ကြီးချုပ် ဖလား ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၅ ရက်မှစ၍ ဘီးလင်းမြို့နယ်၊ အားကစားတွင် ကျင်းပ ပြုလုပ်လျက်ရှိကြောင်း ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန လက်ထောက် ည့ွှန်ကြားရေးမှူး ဦးခင်ဇော်က ပြောသည်။

ပြိုင်ပွဲမှာ မြို့နယ်အလိုက် နှစ်စဉ် ကျင်းပလျက်ရှိရာ ယခုအခါ ဘီးလင်းမြို့နယ်သည် ၈ ကြိမ်မြောက် ပြိုင်ပွဲလည်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြိုင်ပွဲ၌ အုပ်စု လေး အုပ်စု ခွဲထားကာ အုပ်စု (က) တွင် မုဒုံ၊ မော်လမြိုင်၊ ချောင်းဆုံ၊ အုပ်စ(ခ) တွင် သံဖြူဇရပ်၊ ကျိုက်မရော၊ အုပ်စု (ဂ) ပေါင်၊ ရေး၊ ကျိုက်ထို၊ အုပ်စု (ဃ) သထုံ၊ ဘီးလင်းတို့ ပါဝင်သည်။

ယခုအခါ ပြိုင်ပွဲမှာ ပြည်နယ်အတွင်း ထူးချွန် အားကစားသမားများ မွေးထုတ်နိုင်ရန် ရည်ရွယ်ထားပြီး ပြည်သူများ ဘောလုံး အားကစားအပေါ် ပိုမို စိတ်ဝင်စား လာစေရန် ဖြစ်သည်ဟု ဦးခင်ဇော်က ပြောသည်။

ပြိုင်ပွဲတွင် ပထမဆု ကျပ်ငွေ ၁၀ သိန်း၊ ဒုတိယဆု ၇ သိန်း၊ ပူးတွဲ တတိယ ၅ သိန်းစီ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ပြိုင်ပွဲကို နိုဝင်ဘာ ၅ ရက်မှ ၂၁ ရက်အထိ ၁၇ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။

၇ ကြိမ်မြောက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဖလား ဘောလုံးပြိုင်ပွဲကို ချောင်းဆုံမြို့နယ်က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ပြီး ပထမဆုကို မော်လမြိုင်မြို့နယ် ကိုယ်စားပြု အသင်းမှ ရရှိခဲ့သည်။

လျှမ်းထက်

Leave a Reply