မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိနှင့်တွေ့ဆုံခြင်း
Daw-Tin-Ei
မွန်ပြည်နယ် လွှတ်တော်တွင် လာမည့် မတ် လ ၂၈ ရက်၌ အစိုးရ အဖွဲ့အမည် တင်သွင်းတော့မည် ဖြစ်သည်။ ယင်းအစိုးရ အဖွဲ့ အခြေနေနှင့် လက်ရှိ မွန်ပြည်နယ် လွှတ်တော် တွင်ဖွဲ့ စည်းမည့် လွှတ်တော်ရေး ရာ ကေ်ာမတီ များ ဖွဲ့စည်းရေး ကိစ္စ ကို မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိနှင့် တွေ့ဆုံမေးမြန်း ပြီး ဖော်ပြ လိုက်ရပါသည်။

မင်းမော်ဦး၊ဖိုးဝ

ဟင်္သာ။ ။ လွှတ်တော်အတွင်းမှာရေးရာကော်မတီကိုရော ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းသွားမှာလဲ။

ဒေါ်တင်အိ။ ။ ရေးရာကော်မတီတွေဖွဲ့သွားဖို့ရှိပါတယ်၊ ရေးရာကော်မတီဆိုတာက လွှတ်တော်ကိုယ် စားလှယ်တွေကနေ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့က အတွင်းရေးမှူးလုပ်ရတယ်၊ ရေးရာကော် မတီအတွင်းမှာ ကိုယ်စား လှယ်တွေအပြင် တပ်မတော်သားကိုယ်စားလှယ်တွေ၊ ပြင်ပက ပညာရှင်တွေပါဝင်မှာဖြစ်ပါတယ်၊ ဥပမာ ဥပဒေ ရေးရာကော်မတီဖွဲ့မယ်ဆိုရင် ပြင်ပကအငြိမ်းစား ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေနဲ့ ဥပဒေပါ မောက္ခ တွေကို ဖိတ်ခေါ်ပြီးတော့ သူတို့ရဲ့သဘောဆန္ဒယူပြီး အမည်စာရင်းတင်သွင်းမယ်၊ ဒါတွေကိုအန်တီတို့က လွှတ်တော်က အတည်ပြုပြီးတော့ ရေးရာကော်မတီတွေဖွဲ့မှာဖြစ်ပါတယ်။

ဟင်္သာ။ ။အခုလက်ရှိ ရေးရာကော်မတီတွေကို ဘယ်တော့လောက်ဖွဲ့ဖြစ်မှာလဲ။

ဒေါ်တင်အိ။ ။ ဒုတိယနေ့လွှတ်တော်က မကြာခင်စတော့မှာဖြစ်ပါတယ်၊ အဲဒီနေ့မှာ အန်တီတို့က ဝန်ကြီး ချုပ် အမည်စာရင်းကြေငြာမယ်၊ တစ်ဆက်တည်းမှာ ဝန်ကြီးဦးရေဋ္ဌာနတွေသိပြီးဆိုရင် ရေးရာကော်မတီတွေ ဆက်ဖွဲ့ သွားမှာဖြစ်ပါတယ်၊

ဟင်္သာ။ ။ ရေးရာကော်မတီဖွဲ့ဖို့အတွက်ကို အန်တီတို့အနေနဲ့ အစည်းအဝေးခေါ်ပြီး ဆွေးနွေးထားတယ် လို့သိရတယ်၊ အဲဒီမှာ ဘာတွေကိုအဓိကဆွေးနွေးသွားပါသလဲ။

ဒေါ်တင်အိ။ ။ရေးရာကော်မတီမှာ ပါဝင်မယ့်သူများကို အန်တီကချဉ်းကပ်ထားပြီးတော့ သူတို့ရဲ့သဘောတူ ညီချက်ကို ယူထားပါတယ်၊ ဒါတွေကိုယူပြီး အမည်စာရင်းတွေကို ဝန်ကြီးချုပ်ရွေးပြီးသွားတာနဲ့ တစ်ဆက်တည်း ဖော်ပြသွားမှာဖြစ်ပါတယ်။

ဟင်္သာ။ ။ အခုလက်ရှိရေးရာကော်မတီ ဘယ်နှစ်ခုဖွဲ့ ဖို့လျာထားလဲ။

ဒေါ်တင်အိ။ ။ လောလောဆယ်တော့ ရေးရာကော်မတီလေးခု ကိုအရင်ဖွဲ့မယ်၊ နောက်ထပ်လည်း လျာ ထားတာ ရှိပါတယ်၊ အဲဒီလေးခုကတော့ ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ ဥပဒေပြုရေးကော်မတီ၊ တိုင်းရင်း သားလူမျိုးများရေးရာကော်မတီ၊ တိုင်ကြားစာ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာ သုံးသပ်စိစစ်ရေးကော်မတီ များပဲဖြစ်ပါတယ်၊

ဟင်္သာ။ ။ တိုင်ကြားစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်စီစစ်ရေးကော်မတီက အသစ်ပေါ့နော်၊ ဒီကော်မတီဖွဲ့စည်းရတဲ့ အကြောင်းကို ရှင်းပြပေးပါဦး။

ဒေါ်တင်အိ။ ။ဒီကော်မတီက ပြည်သူလူထုတွေကြားမှာ ဥပဒေစိုးမိုးမှုမရှိပဲ၊ မတရားခံစားရတာတွေ နစ်နာမှုတွေရှိတဲ့အခါ သူတို့တိုင်မယ်၊ ဒီလိုတိုင်ကြားလာတဲ့ဟာတွေကို ရေးရာကော်မတီကနေ ဥပဒေ အရဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်၊ ဒါပေမယ့် နစ်နာမှုမရှိပဲတိုင်ကြားတာ မှန်မမှန်ကိုလည်း ရေးရာ ကော်မတီက လေ့လာရမှာဖြစ်ပါတယ်။ပြီးတော့ မှ အန်တီတို့ ပြည်သူတွေ မနစ်နာအောင် လုပ်ဆောင် သွားမယ်၊

ဟင်္သာ။ ။ နောက်ပြီးတော့ စီးပွားနှင့်စီမံကိန်း ရေးရာကော်မတီကိုလည်း ဒီသက်တမ်းမှာ အသစ်ဖွဲ့မယ်ဆိုတာ ဟုတ်ပါသလား။

ဒေါ်တင်အိ။ ။ ဖွဲ့မှာပါ အခုတစ်ခေါက်တော့ မဟုတ်သေးဘူး၊ အသစ်ဖွဲ့တာလားဆိုတာတော့ အန်တီ လည်းမသိပါဘူး၊စီးပွားရေး၊ စီမံကိန်း၊ ဘတ်ဂျတ်ကတော့ အမြဲတမ်းထိတွေ့လုပ်ကိုင်နေရတာပဲ၊ ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့နဲ့ ပတ်သက်ပြီး ရေးရာကော်မတီဖွဲ့ဖို့ အစီအစဉ်ရှိပါတယ်၊ အာလုံးပေါင်း ၆ခုလောက်တော့ ဖွဲ့ဖို့ပြင်ထားပါတယ်။အခုအချိန်မှာက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ကအရမ်းအရေးကြီး တယ်လေ၊ သဘာဝပတ်ဝန်းကျင်ကြောင့် နေပူရေရှားတယ်လေ၊ အဲ့ဒါကြောင့် အန်တီတို့ဖွဲ့ဦးမယ်။

ဟင်္သာ။ ။ နောက်တစ်ခု က အစိုးရအဖွဲ့ကိုဘယ်နေ့မှာဖွဲ့ စည်းနိုင်မလဲ ။

ဒေါ်တင်အိ ။ ။ မတ်လ ၂၈ ရက်နေ့မှာ အစိုးရ အဖွဲ့အမည်စာရင်း တင်ဖို့လွှတ်တော် ပြန်စမှာပါ ။ အဲ့ ဒီဝန်ကြီးဌာန ဘယ်နှခုဖွဲ့မယ်ဆို တာသိရပါမယ်။

ဟင်္သာ ။ ။ ပြည်ထောင်စုမှာ ဝန်ကြီးဌာန တွေလျော့တယ်ဆိုတော့ ။မွန်ပြည်နယ်မှာရောအခြေနေဘယ် လိုရှိမလဲ ။ ဝန်ကြီးချုပ်က ဘယ်သူဖြစ်မလဲ ။ ဘယ်သူတွေကို ဝန်ကြီးခန့်မလဲ ။

ဒေါ်တင်အိ။ ။ ပြည်ထောင်စုအဆင့် တွေကနေပြီး ဝန်ကြီးတွေ လျှော့ချထားတယ် ဆိုတော့ မွန်ပြည်နယ် ကလည်း ဝန်ကြီးအရေအတွက်ကို အရင်နှစ်ကထက် လျှော့ချသွားမဲ့ သဘောရှိပါတယ်။ ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးခြောက်ဦးပဲ ခန့်အပ်မယ် လို့လျာထားတယ် ။ အခြေခံဥပဒေအရ ခန့်အပ်ရမယ့်တိုင်းရင်းသား ရေးရာ ဝန်ကြီး သုံးဦးအပါအဝင်စုစုပေါင်း ကိုးဦးလျာထားတယ် ။ ဝန်ကြီးချုပ် နဲ့ ဝန်ကြီးအမည် စာရင်းတွေကို ပြောလို့ မရ သေးဘူး။ တင်မယ့် နေ့ မှသိရပါမယ်။

ဟင်္သာ။ ။ လယ်ယာမြေပြသနာ နဲ့ပတ်သက်ပြီး မွန်ပြည်နယ်မှာတော်တော်များများရှိပါတယ်၊ ဒါတွေကို ဘယ်လို ဆက်လုပ်သွားမှာပါလဲ။ ဒီကိစ္စကို အန်တီတို့ လွှတ်တော်ထဲမှာ ဆွေးနွေးကျတယ်လို့သိရတယ်ဘာတွေ လုပ်ဖို့ရှိ ပါ သလဲ။

ဒေါ်တင်အိ။ ။ လယ်ယာမြေနဲ့ပတ်သက်ပြီးတော့ ဒီအသိမ်းခံရတဲ့လူတွေက လာတိုင်ကြားမှာပေါ့၊ သိမ်းတဲ့အ ကြောင်းရင်းကို အန်တီတို့ကြည့်မယ်၊ ဘယ်သူက ဘာကြောင့်သိမ်းလဲ၊ ဘယ်အတွက်သုံးဖို့ သိမ်းသလဲ၊ ဘယ် သူ သိမ်းလည်း ဆိုတာကို အန်တီတို့လေ့လာမယ်၊ အသိမ်းခံရတဲ့လူက နစ်နာသလား၊ လျော်ကြေးရ ထားသလား၊ ဆိိုတာလေ့လာမယ်၊အန်တီတို့တာဝန်ယူတဲ့အခါကြမှ အန်တီတို့က ပြည်သူ တွေဆီက အရမ်းကာ ရောသိမ်းမှာတော့မဟုတ်ဘူး၊သူတို့အမွေခံတဲ့မြေလား၊ တစ်ခြားတစ်ယောက်ဆီက ဝယ်ယူထားတဲ့မြေလား ဆိုတာကြည့်မယ်၊ မျက်မြင်ဖြစ်အောင်လုပ်ပြီး ကိုယ်စားလှယ်တွေနဲ့ ကွင်းဆင်းပြီးတော့ လိုက်ကြည့်မယ်၊ အရင်တုန်းကသိမ်းထားတဲ့ဟာတွေကိုရော ရေးရာကော်မတီဖွဲ့ပြီးတော့ စုံစမ်းစစ်ဆေး ဆောင်ရွက်သွားမယ်၊ ပြီးရင် အဖြေရှာပြီးဖြေရှင်းပေးမယ်။

ဟင်္သာ။ ။ ပထမအကြိမ်လွှတ်တော်မှာ ချို့ယွင်းချက်တွေ အားနည်းချက်တွေအများ ကြီးရှိခဲ့တာ ကိုတွေ့ရပါ တယ် ၊ ဒုတိယအကြိမ်စတင်မယ့် အချိန်မှာအန်တီ့ အနေနဲ့ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေသိပါရစေ။

ဒေါ်တင်အိ။ ။ အန်တီအနေနဲ့ အခုချိန်ထိ အခက်အခဲကတော့မရှိသေးဘူး၊ ဘာကြောင့်လည်းဆိုလို့ရှိရင် ပထမလွှတ်တော်ရဲ့ဆောင်ရွက်ချက်ကို အန်တီတို့က လွှဲပြောင်းလက်ခံထားတယ်၊ သူတို့ရေးဆွဲပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကိုလေ့လာတယ်၊ သူတို့ရဲ့ ဆောင်ရွက်ချက်တွေကို နမူနာယူတယ်၊ သူတို့ဘာသာဥပဒေဆွဲပြီး ဆောင်ရွက်တာတော့ ဟုတ်တာပေါ့၊ သူတို့ရဲ့စေတနာပါတယ်၊ မပါဘူဆိုတာကတော့သူတို့ပဲသိတာပေါ့၊ သူတို့တာဝန်ရှိတဲ့အချိန်မှာ ဆောင်ရွက်ခဲ့တာ ပြည်သူတွေအကျိုးရှိ၊မရှိ ဆိုတာသူတို့ပဲသိမယ်၊ အဲ့တော့ အန်တီ တို့ကကောင်းတာကို ဆက်လက်ကျင့်သုံးမယ်၊ မကောင်းတာကို အန်တီတို့ကကောင်း အောင်ကြိုးစားမယ်။

ဟင်္သာ။ ။ပြီးခဲ့တဲ့လွှတ်တော်က ဥပဒေ ၃၅ခုပြဋ္ဌာန်းခဲ့တဲ့အနက်ကနေပြီး ပြန်လည်ပြင်ဆင်ရမယ့်ဥပဒေ တွေရှိ လားမသိဘူး။

ဒေါ်တင်အိ။ ။အဲ့တာကိုတော့ အန်တီ့အနေနဲ့ အတိအကျ မပြောနိုင်သေးဘူး၊ နည်းဥပဒေတွေက အစိုးရ ဘက် ကလည်းဆွဲရမှာဖြစ်တာကြောင့်ပါ။ ပြန်ပြင်ရမှာတော့ ရှိတယ်၊

ဟင်္သာမီဒီယာ။ ။ အန်တီအနေနဲ့ နောက်ဆုံးဖြည့်စွက်ပြောချင်တာလေးတွေရှိရင်ပြောပြပေးပါဦး။

ဒေါ်တင်အိ။ ။ အန်တီတို့က ပြည်သူလူထုအတွက် အကျိုးရှိမယ့် ဥပဒေပြုရေး၊ ဖွံ့ဖြိုးရေးတို့အတွက် အစွမ်းကုန် လုပ်ဆောင်သွားမှာပါလို့။

Leave a Reply