Photo – BBC

မော်လမြိုင် ၊ မတ် ၂၁ ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က တင်မြှောက်ထားသည့် သမ္မတ သစ်ဦးထင်ကျော် ၏ အစိုးရ အဖွဲ့ တွင်ဝန်ကြီးဌာန ၁၅ ခုလျှော့ချ လိုက်သောကြောင့်ဝန်ထမ်းများ အလုပ်လက်မဲ့ဖြစ်မည်မဟုတ် ကြောင်း နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော်က ပြောကြားသည်။

“ဝန်ကြီးဌာန လျော့နည်းသွားလို့ အလုပ်လက်မဲ့ဖြစ်သွားမှာကို စိုးရိမ်နေတယ်လို့ ကြားသိရပါတယ်၊ ဝန်ကြီးဌာန များကို ပေါင်းစည်းလိုက်ခြင်းအားဖြင့် ဝန်ကြီးဦးရေ ပြောင်းလဲသွားတာပဲရှိပါတယ်၊ ဝန်ထမ်းများကို သင့်တော်သလို နေရာချပေးခြင်းအားဖြင့် အလုပ်အကိုင်လုံခြုံမှု အပြည့်အဝပေးမှာဖြစ်ပါတယ်”လို့ ဦးထင်ကျော်က ဆိုသည်။

ဝန်ကြီးဌာနများ လျှော့ချ လိုက်ခြင်းကြောင့် အစိုးရသက်တမ်းတစ်ခုအတွင်း ဝန်ကြီးများ၏ လစာနှင့် အဆောင်အယောင် စရိတ် ကျပ်သန်းပေါင်း ငါးထောင်ကျော် ပိုလျှံလာမည် ဖြစ်ကြောင်း ဦးထင်ကျော် ကဆိုသည်။

ယင်း ငွေကို ပညာရေးကျန်းမာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ တွင် အသုံးပြုသွား မည်ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ အစိုးရသစ်လက်ထက်တွင် ဝန်ကြီးဌာန ၂၁ခုနှင့် ပြည်ထောင်စု ဝန်ကြီး ၁၈ဦး ခန့်အပ်ရန် မတ်လ ၂၁ရက်နေ့က ကျင်းပ ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်း အဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ပြောဆိုထားသည်။

နိုင်ငံဝန်ထမ်းများအနေဖြင့်လည်း ဥပဒေ စည်းမျဉ်းများနှင့် ကိုက်ညီသည့် အလုပ်မျိုးကိုသာ လုပ်ကိုင်မည် ဆိုပါက အလုပ်လက်မဲ့ဖြစ်မည်မဟုတ်ကြောင်း ၎င်းကရှင်းပြသည်။

ပြည်သူ့ဘဏ္ဍာငွေသုံးစွဲတာကို တတ်နိုင်သမျှ လျော့ချနိုင်၍ နိုင်ငံတော်ဘဏ္ဍာငွေများစုဆောင်း နိုင်ပါက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှလွတ်မြောက်နိုင်မည်ဖြစ်ပြီး နောင်မျိုးဆက်များအတွက်နိုင်ငံ့ဘဏ္ဍာ အရန်ငွေများချန် ထားနိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် စီမံကိန်းများ ဆောင်ရွက်ရာတွင်ဖြစ်စေ၊ အစိုးရ၏ မူဝါဒများချမှတ်ရာတွင်
ဖြစ်စေ၊ အချိန်နှောင့်နှေးကြန့်ကြာမှု၊ငွေကုန်ကြေးကျများမှုတို့ကို များစွာလျော့နည်းသွားမည်ဖြစ်ကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ လွှတ်တော် ကိုယ်စားလှယ်များကပြောကြားသည်။

ယခင်အစိုးရလက်ထက်က ဝန်ကြီးဌာန ၃၆ခုဖြင့် ဖွဲ့စည်းခဲ့ပြီး အစိုးရသစ်လက်ထက်တွင် သမဝါယမဝန်ကြီး ဌာန၊ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊အားကစားဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာနတို့ကို ဖျက်သိမ်းခဲ့သည်။

ထို့နောက် သမ္မတရုံးဝန်ကြီးဌာန ငါးခုရှိသည်ကို တစ်ခုတည်းအဖြစ် ဖွဲ့စည်းလိုက်ကာ ဝန်ကြီးဌာနအချို့ကို အခြားဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဖွဲ့စည်းလိုက်ပြီး ဝန်ကြီးဌာနစုစုပေါင်း ၂၁ခုဖြင့်ဖွဲ့စည်းမည်ဖြစ်သည်။

Leave a Reply