Advertisements

နေပြည်တော်၊ နိုဝင်ဘာ ၂၀

ယခင်အစိုးလက်ထက်က ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးအောင်ကြည်ကို အသစ်ဖွဲ့စည်းမည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌအဖြစ် ခန့်အပ်ရန်လျာထားကြောင်း အစိုးရအဖွဲ့ထံမှသိရသည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဖွဲ့စည်းရန်အတွက် အစိုးရအဖွဲ့က ပေးပို့လာသည့်အမည်စာရင်းတွင် ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။

ဦးအောင်ကြည်သည် တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်ထိတာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကာ တပ်မတော်အစိုးရလက်ထက်တွင်လည်း ဝန်ကြီးအဆင့် တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။

ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်း ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး တာဝန်မှ အနားယူခဲ့ပြီးနောက် လက်ရှိအစိုးရလက်ထက်တွင် ဖွဲ့စည်းသော ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေသူဖြစ်သည်။

အသစ်ဖွဲ့စည်းမည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်၁၂ ဦးတွင် မကြာခင်က တာဝန်မှ အနားယူသွားသူ ရဲချုပ်ဇော်ဝင်းလည်း ပါဝင်လျက်ရှိသည်။

အဆိုပါ အမည်စာရင်းတင်သွင်းထားသူများနှင့် ပတ်သက်ပြီး သတ်မှတ်ထားသော အရည်အချင်း မပြည့်စုံကြောင်းကန့်ကွက်လိုပါက နိုဝင်ဘာလ ၂၂ ရက်နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော်ရုံးထံ အမည်စာရင်းပေးပို့နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က ပြောကြားသည်။

Advertisements
<

Leave a Reply