Advertisements

ဝစ်ကွန်စင်ရှိ မှန်ထုတ်လုပ်ရေး ကုမ္ပဏီ ဘန်ရှော့သည် ယခုနှစ် အားလပ်ရက်ကာလအတွက် လက်ဆောင်ပေးရာတွင် အစဉ်အလာအတိုင်း ဝန်ထမ်းများ၏ စွမ်းဆောင်ရည်အတွက် ငွေသားဘောနပ်စ်မပေးဘဲ ထိုအစား သေနတ်တစ်ယောက်တစ်လက် လက်ဆောင်ပေးခဲ့ကြောင်းသိရသည်။

ထိုကဲ့သို့ ပေးရာတွင်လည်း သေနတ်ဝယ်ယူခွင့် ကတ်ကိုလက်ဆောင်ပေးခဲ့ခြင်းဖြစ် သောကြောင့် ဥပဒေနှင့်လည်း ညီသည်။

‘နောက်ကြောင်းအချက်အလက် စစ်ဆေးတာတွေကို ဆိုင်ကပဲ လုပ်ခဲ့တယ်။ ကျွန်တော်တို့ဟာ မိသားစုပုံစံလုပ်န်းဖြစ်ပါတယ်။ ဝန်ထမ်းတွေကိုလည်း ဘေးအန္တရာယ်ကင်းကင်းရှင်းရှင်းနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြစ်စေချင်တယ်။ ဒီတော့ သေနတ်လက်ဆောင်ပေးတာ အကောင်းဆုံးလက်ဆောင်ပဲ’ဟု ဘန်ဝေါ့ဖ်ဂရမ်က WISN 12 NEWS သို့ ပြောသည်။

ဟောတွန်ဗီလီအခြေစိုက်အဆိုပါ ကုမ္ပဏီသည် ကျည်ဆန်ပါသော အရက်ခွက်၊ ဗီယာခွက်များ ရောင်းချခြင်းဖြင့် Amazon တွင် အောင်မြင်မှုရလာခြင်းဖြစ်သည်။ လက်ဆောင်ကတ်များကို ကုမ္ပဏီဝန်ထမ်း ၁၆ ဦးအတွက် ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဝန်ထမ်းများအနက် အချို့မှာ သက်တမ်းရင့် ဝန်ထမ်းများဖြစ်သည်။ အဆိုပါ လက်ဆောင်ကတ်များအတွက် ကုမ္ပဏီအနေဖြင့် အမေရိကန်ဒေါ်လာ ၈၀၀၀ ကုန်ကျခံခဲ့ရကြောင်းသိရသည်။

ကုမ္ပဏီ၏ မီဒီယာဆက်ဆံရေးတာဝန်ခံအမျိုးသမီးဖြစ်သူ ချဲလ်ဆီး ပရီစ်ကတော့ အဆိုပါ လက်ဆောင်အတွက် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။

‘သူ့အတွက်တော့ တစ်စုံတရာအတွက် ရပ်တည်ပေးခြင်း၊ ကုမ္ပဏီအတွက်တော့ ကျွန်မတို့ကို ဘေးကင်းအောင် ရပ်တည်ပေးခြင်းဟာ တကယ်ကို ကောင်းမွန်တဲ့ လုပ်ရပ်ပါ’ ဟု ဗီဒီယို အင်တာဗျူးထဲတွင် အဆိုပါ အမျိုးသမီးက ပြောသည်။

ဟော်တွန်ဗီလီမှာ မီလ်ဝါကီး၏ အနောက်မြောက်ဘက် မိုင်၁၂၀ ခန့်အကွာတွင် တည်ရှိပြီး ၂၀၁၆ ခုနှစ်က အကြမ်းဖက်မှုတစ်ခုဖြစ်ခဲ့သည်ကလွဲလျှင် ဘေးကင်းသော နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

Source: WISN

Leave a Reply