(ဓါတ်ပုံ အညွှန်း – မီးရှို့ဖျတ်ဆီးခံရပြီးနောက် မြင်တွေ့ရသည့် ဝါးဒတ်ကွင်းမြင်ကွင်း)

ကျိုက်ထို၊ ဖေဖော်ဝါရီ ၄ ။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝါးဒတ်ကွင်းကျေးရွာများရှိ ကျူးကျော်တဲဟု အငြင်းပွားနေသည့် နေအိမ်များကို ဖေဖေါ်ဝါရီ ၂ ရက် ည ၈ နာရီခွဲတွင် ၎င်းကျေးရွာအနီးနားရှိ ပတ်ဝန်းကျင်ရွာခံများက အကြမ်းဖက်မီးရှိုးမှုကြောင့် အိမ်ခြေ ၁၅၀ ခန့် ပျက်စီးဆုံးရှုံးသွားကြောင်း ဝါးဒတ်ကွင်းကျေးရွာ ဒေသခံများမှ သိရသည်။

(ဓါတ်ပုံ အညွှန်း – မီးရှို့ဖျတ်ဆီးခံရပြီးနောက် မြင်တွေ့ရသည့် ဝါးဒတ်ကွင်းမြင်ကွင်း)
(ဓါတ်ပုံ အညွှန်း – မီးရှို့ဖျတ်ဆီးခံရပြီးနောက် မြင်တွေ့ရသည့် ဝါးဒတ်ကွင်းမြင်ကွင်း)

“ည ၈ နာရီခွဲခန့်မှာ ဝါးဒတ်ကွင်း တိုးချဲ့ကွက်သစ်ရွာကို မီးရှို့ဖို့ ဓါတ်ဆီပုံတွေနဲ့ သုံးယောက် ရောက်လာတယ်၊ သူတို့ထဲက ကိုစိုးဆိုတဲ့သူကို ဖမ်းမိပြီး သက်ဆိုင်ရာရဲစခန်းကို အကြောင်းကြားတယ် ရဲစခန်းက ရဲကား လွှတ်လိုက်တယ်၊ စောင့်နေပါလို့ပြောတယ်၊ ဒါပေမယ် ရောက်မလာခဲ့ဘူး”ဟု ဝါဒတ်ကွင်းကျေးရွာတွင် နေအိမ်မီးရှိုး ပျက်စီးခံခဲ့ရသော ဒေါ်ရွှေညာက ပြောသည်။

အဆိုပါည ၁၀ နာရီက နှစ်ဖက်လူအုပ်စုသည် အပြန်အလှန်လေးဂွများဖြင့် ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီး၊ မီးရှို့ရန် လာရောက်၍ ဖမ်းဆီထားသူ ကိုစိုးဆိုသူကို တစ်ဖက်မှ ရောက်လာသည့် လူ ၂၀၀ ဝန်းကျင်က ပြန်လည် ခေါ်သွားခဲ့ကြောင်းနှင့် ထိုနောက် တဲအိမ်များကို အကြမ်းဖက် ဖျက်စီးကာ မီးရှို့ခဲ့ကြကြောင်း အငြင်းပွားမှု ဖြစ်ပွားနေသည့် တဲအိမ်များတွင် နေထိုင်သူများက ပြောဆိုသည်။
မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း သိမ်ဇရပ်မီးသတ်ဌာနမှ လာရောက်ငြှိမ်းသတ်မှုများ မရှိခဲ့ကြောင်း ၎င်းတို့က ပြောဆိုကြသည်။

ကျူးကျော်မှု ဖြစ်ပွားလျက်ရှိသည့် တဲစုအတွင်း နေထိုင်သူများအား ကျူးကျော်မှု ဆက်လက်မပြုလုပ်ရန်၊ ယခင် နေထိုင်ရာနေရာသို့ ပြောင်းရွေ့ရန်ပြောဆိုရာ တဲအိမ်စုအတွင်း နေထိုင်သူများက လေးဂွများဖြင့် ပစ်ခတ်သဖြင့် ဒေသခံများ မကျေမနပ်ဖြစ်ပြီး ကျူးကျော်တဲများကို မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့မှုကြောင့် တဲအိမ် အလုံး ၆၀ ခန့် မီးလောင်ကျွမ်းသွားကြောင်း ကျိုက်ထိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းအရ သိရသည်။
ယင်းမြေဧရိယာတွင် ကျူးကျော်နေထိုင်သူများမှာ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ဘက်မှ ပျံကျများ လာရောက် နေထိုင်ပြီး ဥပဒေမဲ့ ခြံကွက်ရိုက် ရောင်းစားနေခြင်း၊ ကျူးကျော်တဲစုအတွင်း သောက်စားမူးယစ် ဆူပူခြင်း၊ တာဝန်ရှိသူများ မသွားရဲလောက်အောင် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့နေထိုင်ကြသဖြင့် ကျေးရွာနာမည် ပျက်သည်ဟု ယူဆကာ မကျေမနပ်ဖြစ်ပြီး အနီးဝန်းကျင်ရွာခံများ ဝင်ရောက်ဖျက်ဆီးခြင်းဖြစ်ကြောင်း ယင်းမှတ်တမ်းတွင် ဖေါ်ပြထားသည်။

မီးလောင်းမှုဖြစ်စဉ်နှင့် ပက်သက်၍ ရဲစခန်းသို့ အကြောင်းကြားတိုင်တန်းမှု တစ်စုံတစ်ရာ မရှိကြောင်းနှင့် နစ်နာသူဘက်မှ လာရောက်တိုင်တန်းပါက ပြစ်မှု ၄၃၆ အရ အမှုဖွင့် အရေးယူ စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ယင်းမှတ်တမ်းတွင် ပါရှိသည်။

ကျူးကျော်မှုဖြစ်ပွား လျက်ရှိသည့် တဲစုအတွင်းသို့ သုံးခွကျေးရွာ၊ ရေကျော်ကျေးရွာ၊ ဝါးဒတ်ကွင်းကျေးရွာများမှ ပြည်သူအင်းအား ၁၀၀ ခန့်မှာ တဲစုအတွင်းသို့ ဝင်ရောက်ဖျက်ဆီးမှုနှင့် ပက်သက်၍ ကျူးကျော်ရပ်ကွက်အတွင်း နေထိုင်သူများက အရေးယူ ဆောင်ရွက်ပေးရန် ဖေဖေါ်ဝါရီ ၂ ရက်နေ့တွင် ကျိုက်ထိုမြို့နယ် တရားရုံးသို့ တိုင်းတန်းသဖြင့် ရဲအရေးမပိုင်မှုပုံစံ (က) (ခ) ဖြင့် ဦးတိုက်လျှောက််ထားပေးရာ ဦးမင်းမင်းအောင်၊ ဦးအုန်းလွင်၊ ဦးစိုးလွင်တို့အား နေအိမ်တဲပေါ်သို့ တတ်ရာက်လာပြီး ကန်ကြောက်သူ၊ လေးဂွဖြင့်ပစ်၊ ဝိုင်းဝန်းရိုက်နှက်ခဲ့သူ မောင်မျိုးနှင့် လူတစ်စုအား အရေးယူပေးရန် တိုင်တန်းသဖြင့် ပြစ်မှုထွေအမှတ် (၇၂/၂၀၁၆) ဖြင့် တရားရုံးမှ လက်ခံခဲ့ကြောင်း သိရသည်။

ဝါဒတ်ကွင်းကျေးရွာ တဲအိမ်များကို ဝင်ရောက်ဖျက်စီးမှုနှင့် ပက်သက်၍ ဒေါ်မြင့်မြင့်သန်း၊ ဒေါ်မြင့်မြင့်စန်းတို့ကို လက်နက်မျိုးစုံဖြင့် ခြိမ်းခြောက်ဖျက်စီးခဲ့ပြီး၊ ခေါင်းအုံးအတွင်းမှ ငွေ ၅၇၀၀၀၀ ကျပ်ကို ယူဆောင်သွားသည်ဟု ဆိုသူ ဦးပဲသီး (ခ) ဦးခင်အေး၊ ဦးခင်မောင်အေး၊ ထွန်းဇော်ဦး၊ ဝင်းအောင်၊ အောင်မိုးမြင့်၊ မွန်းလေး၊ ကိုစိုး (ခ) ရာဇာထွန်း၊ ဝင်းသန်း၊ ကိုမျိုး၊ သန်းအောင်၊ ဝါးဒတ်ကွင်းကျေးရွာ ကျောင်းသစ်ကျောင်းနေ ဦးဇင်း၊ ချိုဦးတို့ကို အရေးယူပေးရန် တိုင်တန်းမှုအပေါ် ပြစ်မှုထွေအမှတ် (၇၅/၂၀၁၆) ဖြင့် ကျိုက်ထိုမြို့နယ်တရားရုံးမှ လက်ခံခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ ရဲမှတ်တမ်းများအရ သိရသည်။

Leave a Reply