ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာအုပ်စု၊ ဝါးဒတ်ကွင်းကျေးရွာအနီးရှိ ကျူးကျော်နေအိမ်များအားမီးရှို့ရာတွင် ဦးဆောင်ပါဝင်ခဲ့သ ူ၁ဝ ဦးကို ဇူလိုင်လ ၂၁ ရက်နေ့က ကျိုက်ထိုမြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့လိုက်ပြီးဖြစ်ကြောင်း သိမ်ဇရပ်နယ်မြေရဲစခန်းမှ သိရသည်။

wa dat

အဆိုပါ ကျူးကျော်နေအိမ်များအားမီးရှို့ရာတွင် ဦးဆောင်ပါဝင်ခဲ့သူများမှာဦးခင်အေး၊ ဦးအောင်မိုးမြင့်၊ ဦးဆန်းလွင် (ခ) ဦးမျိုး၊ ဦးထွန်းဇော်ဦး (ခ) ထွန်းနိုင်လင်း၊ ဦးဝင်းအောင်၊ ဦးစိုး၊ ဦးကျော်ဦး၊ ဦးဝင်းခိုင်၊ ဦးတင်အိနှင့် ဦးသန်းအောင်တို့ဖြစ်ကြောင်းသိမ်ဇရပ်နယ်မြေရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဝါးဒတ်ကွင်းကျေးရွာအနီးရှိကျူးကျော်အိမ်ခြေ ၆၅ဝ လုံးကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၈ နာရီခန့်က လူအင်းအား ၂ဝဝ ခန့်ဖြင့် အကြမ်းဖက် မီးရှို့ခဲ့ခြင်းဖြစ်သည်။
ထိုသို့ အကြမ်းဖက် မီးရှို့ခဲ့မှုကြောင့် နေအိမ်များမီးရှို့ခံရသူဒေါ်ဝင်းရီမှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် သိမ်ဇရပ်ရဲစခန်းတွင် လာရောက်တိုင်ကြားသဖြင့် ပုဒ်မ – ၄၃၆ ဖြင့် အမှုဖွင့်ပေးခဲ့ကြောင်း သိမ်ဇရပ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကျူးကျော်နေအိမ်များအားမီးရှို့ရာတွင် ဦးဆောင်ပါဝင်ခဲ့သူ ၁၀ ဦးတွင် သုံးခွကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မိုးမြင့် ပါဝင်နေကြောင်း၊ ပြစ်မှုကြီးဖြစ်၍ ရဲလုပ်ငန်းများဆောင်ရွက်ရာတွင် အမှုအားသေချာစွာ စိစစ်တည်ဆောက်ရသဖြင့် တရားစွဲတင်ရန် ကြန့်ကြာခဲ့ခြင်းဖြစ်ကြောင်း သိမ်ဇရပ်နယ်မြေရဲစခန်းမှ သိရသည်။

Leave a Reply