စင်ကာပူ

စင်ကာပူရှိ နောက်ထပ်လူနှစ်ဦးသည် ဝူဟမ်ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသောရောဂါလက္ခဏာများတွေ့ရှိခဲ့ပြီးစုစုပေါင်းရောဂါကူးစက်ခံရသူ သုံးဦးအထိဖြစ်ပွားခဲ့သည်ဟု ကျန်းမာရေး ၀န်ကြီးဌာနကသောကြာနေ့ (ဇန်နဝါရီ ၂၄) တွင်ကြေငြာခဲ့သည်။

ပထမဆုံးတွေ့ရှိသူမှာ အသက် ၆၆ နှစ်အရွယ် ဝူဟမ်မှလာသူဖြစ်ပြီး  စင်ကာပူကို ဇန်နဝါရီ ၂၀ ရက်က ကွမ်ကျိုးမှတဆင့် စင်ကာပူကိုရောက်ရှိခဲ့ဖြစ်သည်ဟု ကျန်းမာရေး၀န်ကြီးဌာနက ကြာသပတေးနေ့တွင်ကြေငြာခဲ့သည်။

ဒုတိယကူးစက်ခံရသူမှာ အသက် (၃၇) နှစ်အရွယ်ရှိပြီး ပထမဆုံးရောဂါကူးစက်ခံရသူ၏သားဖြစ်ကြောင်း စင်ကာပူကျန်းမာရေး ၀န်ကြီးဌာန ကသောကြာနေ့မွန်းလွဲပိုင်းတွင်မီဒီယာရှင်းလင်းပွဲတစ်ခုတွင်ပြောကြားခဲ့သည်။

နောက်ထပ်ကူးစပ်ခံရသူမှာ ဝူဟမ် မှအသက် ၅၃ နှစ်အရွယ်အမျိုးသမီးဖြစ်ပြီး ဇန်နဝါရီ ၂၁ ရက်ညနေ ၅ နာရီခွဲတွင် လေယာဉ်ဖြင့်စင်ကာပူသို့ရောက်ရှိခဲ့ပြီး မွန်းလွဲပိုင်းတွင်အဖျားတက်ခြင်းနှင့်ချောင်းဆိုးခြင်းတို့ဖြစ်ပွားခဲ့သည်ဟု ၎င်းဝန်ကြီးဌာန မှပြောကြားခဲ့သည်။ သူမသည်လက်ရှိအချိန်တွင် ကူးစက်ရောဂါများဆိုင်ရာအမျိုးသားစင်တာတွင် ကုသမှုခံယူနေကြောင်းသိရသည်။

စုစုပေါင်းသံသယဖြစ်ဖွယ်လူနာ ၄၄ ဦးရှိပြီး လူနာအများစုမှာ အသက် ၁ နှစ် မှ ၇၈ နှစ်အကြားဖြစ်သည်။

CNA

 

Leave a Reply