ဝူဟမ်
တရုတ်နိုင်ငံ ဟူဘေးပြည်နယ်ဆေးရုံမှ ဆရာဝန်တစ်ဦး သည်ဗိုင်းရပ်စ်ကြောင့်သေဆုံးသွားခဲ့ကြောင်း China Global Television Network မှစနေနေ့ (ဇန်နဝါရီ ၂၅) တွင် တွစ်တာမှတဆင့်ဖော်ပြခဲ့ပါသည်။
ဝူဟမ်မြို့ ဟူဘေးရှင်ဟွား ဆေးရုံမှ အသက် ၆၂ နှစ်အရွယ်ရှိ ဆရာဝန် Liang Wudong သည် ဝူဟမ်ဗိုင်းရပ်စ်ကြောင့်သေဆုံးခဲ့သည်။
စနေနေ့တွင်တရုတ်အာဏာပိုင်များက ရောဂါဖြစ်ပွားမှုပေါင်း ၁၃၀၀ နီးပါးမြင့်တက်ခဲ့သည်ဟု ကြေငြာခဲ့ပြီး အများစုမှာ ဟူဘီးပြည်နယ်တွင်ဖြစ်သည်။
ဝူဟမ်တွင် သေဆုံးမှုအသစ် (၁၅) ခုထပ်မံ ဖြစ်ပွားခဲ့ပြီး ရောဂါစတင်ဖြစ်ပွားကတည်းက သေဆုံးသူစုစုပေါင်းမှာ (၄၁) ဦးထိရှိပြီးဖြစ်ကြောင်း တရုတ်ကျန်းမာရေးအရာရှိများကဆိုသည်။
ကော်ရိုနဗိုင်းရပ်စ်ရောဂါသည် ပြည်နယ်ပေါင်း ၃၀ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ ပျံ့နှံ့သွားခဲ့သည်။
သေစေနိုင်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုကိုထိန်းချုပ်ရန်အတွက် ဟူဘေးပြည်နယ်ရှိ ဝူဟမ်မြို့နှင့်အခြားမြို့ (၁၃) မြို့ကို ပိတ်ဆို့ထားကြောင်းသိရသည်။
Source: Reuters/CNA/rw