Advertisements

ဝေါ၊ အောက်တိုဘာ ၁၇ ရက်။

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးတွင် မောင်းနှင်လာသော လိုင်စင်မဲ့ ယာဉ်(၄)စီးအား ယာဉ်မောင်းများနှင့်အတူ ပဲခူးတိုင်း ဝေါမြို့အဝင်၌ ဖမ်းဆီးရမိခဲ့ကြောင်း ဝေါမြို့မ ရဲစခန်းမှ သိရှိရသည်။

မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့ အောက်တိုဘာ ၁၆ ရက်၊ နံနက်(ရး၃၀)နာရီက မောင်းနှင်လာသော HiJet ယာဉ်(၂)စီး၊ ည(၉း၃၀)နာရီတွင်မောင်းနှင်လာသော Honda Fit တစ်စီးနှင့် Toyota Crown ယာဉ်တစ်စီးတို့ကို ဝေါမြို့အဝင်၌ ယာဉ်မောင်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“သတင်းအရ ကျွန်တော်တို့အဖွဲ့စုံနဲ့ ယာဉ်တွေကို ရပ်တန့်စစ်ဆေးရာမှာ ယာဉ်နဲ့ပတ်သက်တဲ့ ခိုင်လုံတဲ့ အထောက်အထား စာရွက်စာတမ်းတစ်စုံတစ်ရာ ပြသအစစ်ဆေးခံနိုင်တာမရှိလို့ အရေးယူလိုက်ရတာ ဖြစ်ပါတယ်။”ဟု ဝေါမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဇော်လင်းက ပြောသည်။

အဆိုပါ ဖမ်းဆီးရမိသော ယာဉ်မောင်း(၄)ဦးအား ဝေါမြို့မရဲစခန်းမှ (ပ)၄၅၂/၄၅၃/၄၅၄/၄၅၅ (၂၀၁၇)၊ ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ ၈/၁၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply