ရန်ကုန်၊ အောက်တိုဘာ ၂၃ ။ ။ ရှမ်းပြည်နယ် မိုင်းလားဒေသအတွင်း ဝ လက်နက်ကိုင်အဖွဲ့ (UWSA)က စစ်ရေးလှုပ်ရှားမှု အချို့ပြုလုပ် နေခြင်းကြောင့် ကျိုင်းတုံ-မိုင်းလား နယ်ခြား ဂိတ်ပေါက်များကို ပိတ်ထားရကြောင်း ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။

wa

အေက်တိုဘာ လဆန်း ပိုင်း အတွင်း မိုင်းလားတပ်ဖွဲ့ NDAA ၏ လွယ်ကျူဆိုင်း၊ လွယ်ဆမ်ဆုံ နှင့် မိုင်းမ တပ်စခန်းများကို ဝ တပ်ဖွဲ့မှ အင်းအားသုံးထိန်းချုပ် ခဲ့သည်။

ထို့အပြင် မိုင်းလားနှင့် ကျိုင်းတုံ ဆက်သွယ်ထား သည့် ဒေသများကိုလည်း “ဝ” တပ်ဖွဲ့က တပ်ဖြန့်နေရာယူ ထားပြီး ယင်းစစ်ရေး လှုပ်ရှားမှုတွင် သံကြပ်ကာ မော်တော်ယာဉ် အချို့လည်း ပါဝင်လျက်ရှိသည်။

ကျိုင်းတုံခရိုင် သည် အစိုးရ၏ ထိန်းချုပ်မှု အောက်တွင် ရှိပြီး မိုင်းလားဒေသ နှင့် နီးကပ်နေသောကြောင့် “ဝ” တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာ ပေးရန် ယခုရက်ပိုင်း အတွင်း တပ်မတော်က အသိပေး ညှိနှိုင်းမှုများ ပြုလုပ် ခဲ့သည်။

ယင်းသို့ နှစ်ဘက် ညှိနှိုင်းမှု ပြေလည်ခြင်း ရှိ မရှိ အတိအကျ မသိရသော်လည်း အောက်တိုဘာလ ၂၃ ရက်နေ့မှ စတင်ကာ
ဒေသ နှစ်ခု ကို ဆက်သွယ် ထားသည့် ဝမ်တာပင်းဂိတ် နှင့် မိုင်းယုဂိတ် များ၏ ဖြတ်သန်းသွားလာမှုကို ပိတ်ပင်လိုက်ကြောင်း ကုန်သွယ်မှုတိုးတတ်ရေးအတွက် နယ်စပ်ဝင်/ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က အတည်ပြုပြောကြားသည်။

ယင်းဂိတ်နှစ်ဂိတ်ကို မိုင်းလားနယ်မြေဘက်ခြမ်းမှ မိုင်းလားနယ်မြေဘက်ခြမ် စတင်ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး လုံခြုံ ရေး အခြေအနေအရ အစိုးရဘက်ခြမ်းကထပ်မံ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

“မိုင်းလားနယ်မြေထဲမှာ တပ်ပိုင်းဆိုင်ရာတင်းမာ မှုတွေမရှိတော့ရင် ပြန်ဖွင့်ပေးမှာပါ။ သူတို့အခြေအနေကိုတော့မသိရသေးတော့ ဘယ်အချိန်လောက်ပြန်ဖွင့်မယ်ဆိုတာကို အတိအကျပြောလို့မရဘူး လုံခြုံရေးအင်အားကို ယခင်ကထက်ပိုပြီးတိုးချထားပါတယ်” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ အရှေ့မြောက်ဒေသတွင် အခြေစိုက်ခဲ့သော ဗမာပြည် ကွန်မြူနစ်ပါတီ ပြိုကွဲချိန် ၁၉၈၉ ခုနှစ်နောက်ပိုင်း မြန်မာ- တရုတ် နယ်စပ်ဒေသ အခြေစိုက် လူမျိုးစုအခြေပြု လက်နက်ကိုင် အဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။

ယင်းအဖွဲ့များတွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်တော် (UWSA)နှင့် မိုင်းလား လက်နက် ကိုင်အဖွဲ့(NDAA)တို့ သည် အင်းအား အတောင့်တင်းဆုံးနှင့် ရေရှည် ရပ်တည်နိုင်ခဲ့သော အဖွဲ့များ ဖြစ်ပြီး နှစ်ဖွဲ့အကြား မဟာမိတ် ဆက်ဆံရေးကိုလည်း တည်ဆောက်ထားသည်။

သို့သော်လည်း ၂၁ ရာစု ပင်လုံညီလာခံ နှင့် ညီလာခံနောက်ပိုင်း အရပ်သားအစိုးရ နှင့် မိုင်းလားလက်နက် အဖွဲ့တို့ နီးကပ်သည့်ဆက်ဆံရေး အပေါ် ဝ တပ်ဖွဲ့မှ စိုးရိမ်မှု အချို့ ရှိလာကြောင်း ပထဝီဝင်နိုင်ငံရေး လေ့လာသည့် ပညာရှင် အချို့က သုံးသပ် ပြောဆိုထားသည်။

Leave a Reply