မွန်ပြည်နယ်မော်လမြိုင်မြိုင်မြို့ရှိ ပထမနှစ်ခြင်းအသင်းတော်ဘုရားကျောင်းကို ထိန်းသိမ်းပြင်ဆင်ရေးအတွက် လုပ်ဆောင်ရာတွင် နည်းပညာလိုအပ်ချက်များရှိနေသောကြောင့် ကြန့်ကြာမှုနှင့်ရင်ဆိုင်နေရကြောင်း အဆိုပါ ဘုရားကျောင်းထိန်းသိမ်းရေးလုပ်ဆောင်နေသည့် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့ (WMF) မှ စီမံကိန်းဒါရိုက်တာ Mr. Jeffrey Allen ကပြောသည်။

ches

နှစ်ပေါင်း တစ်ရာကျော်သက်တမ်းရှိ ဘုရားကျောင်းကို စတင်ပြင်ဆင်ရန် စမ်းသပ်မှုများပြုလုပ်ခဲ့ရာ အဆိုပါကျောင်း၏ အမိုးတွင် အဆောက်အဦဖြိုဖျက်သူ အလုပ်သမားများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင် သည့် ပစ္စည်းတစ်ခုပါဝင်သောကြောင့် နည်းပညာလိုအပ်ချက်များ ရှိနေခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းကြောင့် ဘုရားကျောင်း ပြုပြင်ထိမ်းသိမ်းရေးအတွက် အကောင်ထည်ဖော်ရာတွင် အနည်းငယ် နှောင့်နှေးသွားမည်ဖြစ်ပြီး ဘုရားကျောင်းကို နိုင်ငံခြားမှ နည်းပညာများကို အသုံးပြု၍ မြန်မာနိုင်ငံမှ အင်ဂျင်နီယာအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“လုံခြုံစိတ်ချရပြီး အန္တရာယ်အကင်းဆုံးဖြစ်အောင် ပြုပြင်ထိန်းသိမ်းနိုင်ရင်တော့ အကောင်းဆုံးပေါ့၊ မြန်မာနိုင်ငံမှာက လုပ်ငန်းခွင်အတွင်း အလုပ်သမားများလုံခြုံစိတ်ချရရေး စည်းမျဉ်းဥပဒေတွေက အတိအကျမရှိသေးတော့ နည်းပညာလိုအပ်ချက်တွေတော့ အရမ်းများတယ်”ဟု Mr . Allen ကဆိုသည်။

ထို့ကြောင့် လိုအပ်သည့် နည်းပညာအကူအညီနှင့် ငွေကြေးလိုအပ်ချက်များကို အမေရိကန်သံရုံးသို့ ဒီဇင်ဘာလတွင် အစီရင်ခံစာ တင်သွင်း၍ တောင်းခံမည်ဖြစ်ကြောင်း ၄င်းက ထပ်မံဖြည့်စွက်ပြောဆိုသည်။

၁၉၀၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သော မော်လမြိုင်မြို့ရှိ ပထမနှစ်ခြင်းအသင်းတော်ဘုရားကျောင်းသည် သက်တမ်းအားဖြင့် နှစ်ပေါင်း တစ်ရာကျော် ရှိနေပြီဖြစ်သည့် ရှေးဟောင်းအမွေအနှစ်အဆောက်အအုံ တစ်ခုဖြစ်သည်။

အဆိုပါအဆောက်အအုံကို WMF နှင့် အမေရိကန်သံရုံးတို့မှ ပူးပေါင်းကာ ယဉ်ကျေးမှုထိန်းသိမ်းရေးဆိုင်ရာ သံအမတ်ကြီးများရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၁၂၅၀ဝ၀ဝ ကိုအသုံးပြု၍ ပြင်ဆင်ထိန်းသိမ်းမည်ဖြစ်ပြီး နှစ်နှစ်ခန့်ကြာမြင့်မည်ဟု မျှော်မှန်းထားကြောင်း WMF အဖွဲ့ထံမှ သိရသည်။

ပထမနှစ်ခြင်းအသင်းတော်သည် မြန်မာနိုင်ငံတွင် WMF အဖွဲ့က ဒုတိယမြောက်ထိန်းသိမ်းသည့် အဆောက် အအုံဖြစ်ပြီး ပထမဆုံးစီမံကိန်းမှာမူ မန္တလေးရွှေကျောင်းတော်ကြီးကို ပြုပြင်ထိန်းသိမ်းခဲ့ခြင်းဖြစ် သည်။

Leave a Reply