ပေါင်မြို့နယ်၊ ကုလားမတောင်ကြိုးဝိုင်းအတွင်းသက်တမ်းမတိုးဘဲကျောက်ထုတ်လုပ်နေသောကုမ္ပဏီများကိုအရေးယူရန်ပြင်ဆင် လျက်ရှိကြောင်းမော်လမြိုင်-သထုံခရိုင်သစ်တောဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဦးမြင့်အောင်က ဟင်္သာမီဒီယာသို့ပြောကြားသည်။

Stone-Mine

ကုလားမတောင်ကြိုးဝိုင်းအတွင်းကျောက်ထုတ်လုပ်နေသောကုမ္ပဏီ ၁၄ ခုရှိ ပြီးအဆိုပါ ကုမ္ပဏီတို့သက်တမ်းတိုးထားခြင်းရှိမရှိစစ်ဆေး ပြီးအရေးယူရန် ပြင်ဆင်နေကြောင်း ၎င်း ကဆိုသည်။

“သက်တမ်းမတိုးဘဲဆက်လုပ်ကိုင်ရင်တော့စာချုပ်ပါအချက်အလက်တွေကိုချိုးဖောက်ရာရောက်တယ်၊စာချုပ်ပါအချက်အလက်အရအရေးယူမယ်၊ပြီးရင်နာမည်ပျက်စာရင်းသွင်းမယ်၊ကျောက်ထုတ်လုပ်ခွင့်ရပ်ဆိုင်းမယ်”ဟု၎င်းကပြောသည်။

ထို့နောက် ကုလားမတောင်ကြိုးဝိုင်းအတွင်းရှိကျောက်ထုတ်လုပ်သည့် ကုမ္ပဏီများသည် တစ်နှစ်တစ်ခါ သက်တမ်းတိုးပြီးလုပ်ငန်းလုပ်ဆောင်ရခြင်း ဖြစ်သောကြောင့် အဆိုပါ ကုမ္ပဏီများသည် လက်ရှိတွင် သက်တမ်းတိုးထားခြင်းမရှိခြင်းသည့်အတွက်စစ်ဆေးရခြင်းဖြစ်ကြောင်းဦးမြင့်အောင်ကပြောကြားသည်။

ကျောက်ကုမ္ပဏီများ၏ သက်တမ်းတိုးထားခြင်းရှိမရှိစစ်ဆေးမှုများကို သြဂုတ် ၈ ရက်နေ့တွင် မွန်ပြည်နယ် သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးထံအစီရင်ခံစာတင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ကျောက်ကုမ္ပဏီများတွင် လမ်းခင်းကျောက်ထုတ်လုပ်သည့် ကုမ္ပဏီများဖြစ်သည့် AZAMI CO,Ltd၊ TainTakhumCo,Ltd၊ Unique ValuneCo,Ltd၊ မင်းဇေယျာကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၉ ခုတို့ပါဝင်ကြောင်း ၎င်းက ပြောကြားသည်။

ထို့အပြင် သင်ပုန်းကျောက် လုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းရှင်များတွင်လေးဦးတို့ ပါဝင်ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကုလားမတောင် သစ်တောကြိုးဝိုင်းအတွင်းမှ လမ်းခင်းကျောက်မိုင်းကုမ္ပဏီ ၂၂ ခုကကျောက်ကျင်းရေ ၃၉၅၀ဝ ထုတ်လုပ်ကာအခွန်ငွေသိန်း ၁၂၀ဝ ကျော်ကိုပေးသွင်းထားကြောင်းမွန်ပြည်နယ် သစ်တောဦးစီဌာနစာရင်းတွင် ဖော်ပြထားသည်။

Leave a Reply