နယူးယောက် မေ ၂၅

နာမည်ကျော် McDonald’s ကုမ္ပဏီကနေ စားသုံးသူတွေအတွက် အရသာအသစ်နဲ့ ဟင်းသီးဟင်းရွက် သက်သက်လွတ်ဘာဂါ ထုတ်မယ်လို့ လတ်တလောထွက်နေတဲ့သတင်းတွေက မှားယွင်းနေပြီး အစားအသောက် အမယ်သစ် ထုတ်ဖို့မရှိသေးဘူးလို့ ကုမ္ပဏီဘက်က မေလ ၂၄ရက်နေ့မနက်ပိုင်းမှာ ကြေညာပါတယ်။

ကြက်ကြော်၊ ဘာဂါ အမယ်တွေနဲ့ နာမည်ကြီးနေတဲ့ McDonald’sစားသောက်ကုန်လုပ်ငန်းဟာ အမယ်အသစ်တစ်ခုထွက်ဖို့ သုတေသနစစ်တမ်းတွေ အများကြီးလုပ်လေ့ရှိပြီး အသစ်မထုတ်ခင်မှာလည်း စားသုံးသူတွေဘက်က အကြံဉာဏ်တောင်းခံတာမျိုးတွေလုပ်လေ့ရှိတာမို့ ရုတ်တရက် ဒီလို သက်သက်လွတ် ဘာဂါထွက်မယ်ဆိုတဲ့သတင်းဟာ မမှန်ပါဘူးလို့ ကုမ္ပဏီရဲ့ ဈေးကွက်မန်နေဂျာ ဆလီဗာလန်နာဒိုကပြောပါတယ်။

လက်ရှိ အမယ်တွေက လူကြိုက်များနေဆဲဖြစ်တာမို့ အမယ်သစ်တွေ ထုတ်ဖို့ ကြာဦးမယ်လို့ သူက ပြောပါတယ်။

အခုလို သတင်းအမှားတွေထွက်ပေါ်လာတာဟာ အခြားပြိုင်ဘက်လုပ်ငန်းတွေရဲ့ အမယ်သစ်တွေ ထွက်လာတာကြောင့် ရောထွေးပြီး သတင်းမှာ ပြန့်သွားတာဖြစ်တယ်လို့ သူကပြောပါတယ်။

‘ကျတော်တို့လုပ်ငန်းက စားသုံးသူတွေရဲ့လိုအပ်ချက်ကို အဓိကထားတာကြောင့် စားသုံးသူတွေတောင်းဆိုချက် နဲ့အညီ အစားအစာတွေကို ထုတ်လုပ်ပါတယ်။ စားသုံးသူတွေက အခုအချိန်ထိ သတ်သတ်လွတ် ဘာဂါကို တောင်းဆိုတာနည်းပါတယ်’လို့ မစ္စတာဆလီဗာကပြောပါတယ်။

လွန်ခဲ့တဲ့လကလည်း MacDonald’s ဆိုင်တွေပိတ်သိမ်းတော့မယ်လို့ သတင်းတွေထွက်လာလို့ စီအီးအိုကိုယ်တိုင် သတင်းအမှားဖြစ်ကြောင်း ကြေညာချက်ထုတ်ခဲ့ရပါသေးတယ်။

လက်ရှိ ချီကာဂိုမှာ အခြေစိုက်ထားတဲ့ MacDonald’s ကုမ္ပဏီဟာ မနက်စာအမယ်အသစ်တွေကို ထုတ်လုပ်ထားပြီး အမေဇုံနဲ့ချိတ်ဆက်ကာ အိမ်တိုင်ယာရောက် ဝန်ဆောင်မှုတွေလည်း ပေးနေပါတယ်။

MacDonald’s ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ဘာဂါကင်းကုမ္ပဏီဟာ လက်တလောမှာ ဆိုင်ခွဲအသစ်တော်တော် များများကို MacDonald’sရဲ့ အနီးအနားမှာ အသစ်ဖွင့်လာကြပြီး အမယ်သစ်တွေကိုလည်း ရုတ်တရက်တိုးချဲ့ခဲ့ တာကြောင့် ဈေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်နေတာပဲ ဖြစ်ပါတယ်။

Ref: CNBC

Leave a Reply