သခွားမွှေးသီး၏ ကောင်းခြင်းအဖြာဖြာ

အစာလည်းဆေး၊ဆေးလည်းအစာကဏ္ဍ

သခွားမွှေးသီး၏ ကောင်းခြင်းအဖြာဖြာ

ဒီတစ်ပတ်အစာလည်းဆေး၊ဆေးလည်းအစာကဏ္ဍမှာ ဖော်ပြပေးမှာကတော့ သီးနှံတွေထဲမှာ ဗီတာမင်အေဓာတ် အများဆုံးပါဝင်ပြီး နွေရာသီမှာစားသုံးဖို့လည်းအထူးသင့်လျော်တဲ့အသီးတစ်မျိုးဖြစ်တဲ့ သခွားမွှေးသီးအကြောင်းပဲဖြစ်ပါတယ်။

သခွားမွှေးသီးကို မြန်မာနိုင်ငံနေရာအနှံ့မှာ တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ သူ့မှာ လူတိုင်းအတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်တွေထဲက ဗီတာမင် အေ ၁၀၀% ၊ ဗီတာမင် စီ ၅၀ % ၊အမျှင်ဓာတ် ၁.၅ ဂရမ် နဲ့ တစ်ရက်စာအတွက် လိုအပ်တဲ့ ပိုတက်ဆီယမ်တွေ ပါဝင်ပါတယ်။

ဗီတာမင် အေ များစွာပါဝင်တာကြောင့် အသားအရေအတွက် အလွန်အသုံးဝင်တဲ့သီးနှံလို့လည်းပြောလို့ရပါတယ်။သခွားမွှေးသီးတစ်ခွက်စာရုံနဲ့ ဗီတာမင်အေဓာတ် ၁၀၀ ရာခိုင်နှုန်းကိုရရှိစေမှာဖြစ်ပါတယ်။ပညာရှင်တွေအဆိုအရ သခွားမွှေးသီး တစ်ခွက် (၁၇၇ဂရမ်) မှာ ဗီတာမင်အေ (အဓိကအားဖြင့် ဘီတာကယ်ရိုတင်း ပုံစံနဲ့) ၅၉၈၇ အိုင်ယူ ပါဝင်တယ်လို့ဆိုပါတယ်။ဗီတာမင်အေဟာမျက်လုံးအတွက် အလွန်ကောင်းတဲ့ဆေးတစ်ခွက်ဖြစ်တဲ့အတွက် အမြင်အာရုံကို ထိန်းသိမ်းကောင်းမွန်စေဖို့ဆိုရင် သခွားမွှေးကိုစားသုံးဖို့လိုပါလိမ့်မယ်။

ပြီးတော့ ဗီတာမင်အေအပြင် ဗီတာမင်K၊ ဗီတာမင် B6၊နိုင်ယာစင်၊အမျှင်ဓာတ်၊မဂ္ဂနီစီယမ်နဲ့
သိုင်ယာမင်းဓာတ်တို့လည်းပါဝင်ပါတယ်။သူ့မှာပါတဲ့ ဗီတာမင်စီဟာ ကော်လာဂျင်များစေတဲ့အတွက် အရေပြား အမာရွတ်တစ်သျှူးတွေကို အားကောင်းစေပါတယ်။အနာကျက်လည်းမြန်စေပါတယ်။သခွားမွှေးသီးဖျော်ရည်ကို ကလေးတွေကိုတိုက်ကျွေးပေးခဲ့ရင် သူတို့ရဲ့ကိုယ်ခံအားစနစ် အားကောင်းစေပြီး၊ဗိုင်းရပ်စ်တွေကို တွန်းလှန်ပေးတာကြောင့် နာမကျန်းမှုမဖြစ်အောင်ကာကွယ်ပေးပါတယ်၊ သူ့မှာ ဗီတာမင်စီ ၁၀၈ ရာခိုင်နှုန်းပါဝင်ပါတယ်။ဗီတာမင်စီ ပါဝင်တဲ့အတွက် သွားဖုံးရောဂါကိုလည်းကာကွယ်ပေးပါတယ်။ သွားအတွင်း သွေးထွက်တာ၊သွားဖုံးပြည်တည်နာတွေဖြစ်ခဲ့ရင် သခွားမွှေးသီးစားပေးရုံမျှနဲ့ သွားရောဂါကင်းစင်ပြီး သွားအလှပိုင်ရှင်လေးတွေဖြစ်လာစေမှာပါ။

ရေဓာတ်ပါဝင်တဲ့အတွက်လည်း ခန္ဓာကိုယ်အတွင်း မကောင်းတဲ့ဘက်တီးရီးယားတွေကို ဖယ်ထုတ်ပေးမှာဖြစ်ပါတယ်။ဆီးထဲမှာ ပါတဲ့ အက်စစ်အဆင့်ကိုလည်းတိုးစေတဲ့အတွက် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။သူ့မှာပါတဲ့ ပိုတက်စီယမ်ကလည်း ကိုယ်အတွင်းကဆိုဒီယမ်ဓာတ်တွေကို လျော့ကျစေတဲ့အတွက် သွေးတိုးခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ပိုတက်စီယမ်ဓာတ် ချို့တဲ့ရင် ကြွက်သား အားနည်းမှုနဲ့ ကြွက်တက်မှုတို့ကို ဖြစ်စေနိုင်ပါတယ်။ဒါကြောင့်မို့ ပိုတက်စီယမ်ပါတဲ့ သခွာမွှေးသီးကိုစားပေးခြင်းအားဖြင့် ကြွက်သားနဲ့နာ့ဗ်ကြောတွေကိုအားကောင်းစေတဲ့အတွက် အဲဒါတွေဖြစ်ဖို့မရှိတော့ပါဘူး၊

ကလေးရဖို့ကြိုးစားနေတဲ့ အိမ်ထောင်ရှင်တွေအနေနဲ့ ဖောလိတ်ဓာတ်အများအပြားပါဝင်တဲ့ သခွားမွှေးသီးကိုစားသုံးဖို့မမေ့ပါနဲ့လို့ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုရင် ဖောလစ်အက်စစ်လို့ခေါ်တဲ့ ဖောလိတ်ဓာတ်ဟာ ကိုယ်ဝန်ဆောင်ချိန်အတွင်းအရေးပါလို့ဖြစ်ပါတယ်။အထူးသဖြင့်မွေးလာတဲ့ ကလေးတွေမှာ နာ့ဗ်ကြောစနစ်ပြဿနာတွေကိုလျော့ကျစေပါတယ်။ပြီးတော့ဖောလိတ်ဓာတ်က သွေးနီဥတွေကို ပိုမိုများပြားခြင်းဖြစ်ပေါ်စေတဲ့အတွက် အသီးစားပေးရုံနဲ့ထိရောက်စွာ ကာကွယ်ပေးမှာဖြစ်ပါတယ်။ဒါ့အပြင် ကင်ဆာအမျိုးအစားတချို့ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ Antio-xidant ဂုဏ်သတ္တိကိုလည်းပိုင်ဆိုင်ထားတဲ့အတွက် ကင်ဆာဖြစ်စေမယ့် ဆဲလ်များကိုတိုက်ဖျက်ပေးနိုင်ပါတယ်။ပြီးတော့ နှလုံး၊အဆုတ်နဲ့ ခန္ဓာကိုယ်အတွင်းသွေးကြောများအတွက်ကောင်းမွန်စေပါတယ်။

ဒါကြောင့်မို့ သဘာဝအတိုင်း ကျန်းမာရေးအထောက်အကူပြု အာဟာဓာတ်များပါဝင်တဲ့ စူပါသီးနှံစာရင်းဝင် သခွားမွှေးသီးကို ဆေးလို၊အစာလိုမှီဝဲ အသုံးပြုပြီး ကျန်းမာလှပတဲ့ ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ပါစေလို့ ။

ဖိုးဝဇီ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.