မော်လမြိုင်၊ မတ်လ ၂၄ ။ ။ သင်္ကြန်ပွဲတော် ကာလအတွင်း မော်လမြိုင် – ရန်ကုန် အစုန်(အထူးအမြန် ရထားနှင့် ရန်ကုန် – မော်လမြိုင် အဆန်(အထူးအမြန်)ရထားများပြေးဆွဲမည် မဟုတ်ကြောင်းမော်လမြိုင်အထူးတန်းရုံပိုင်ကြီးဦးတင်စိုးဝင်းကပြောသည်။

သင်္ကြန်ကာလအတွင်းတွင် မော်လမြိုင်မှ ည ရ နာရီခွဲထွက်သော၃၆ အစုန်ရထားနှင့် ရန်ကုန်မှ ည ၉ နာရီထွက်သော၃၅ အဆန်ရထားများပြေးဆွဲမည် မဟုတ်ကြောင်း ၎င်းကရှင်းပြသည်။

သို့သော် မော်လမြိုင် ဘူတာမှ ထွက်သောကျန်ရထားအားလုံးပုံမှန်အတိုင်းပြေးဆွဲမည် ဖြစ်ကြောင်း၎င်းကဆိုသည်။

မော်လမြိုင်အခြေစိုက်အထူးအမြန်ရထားမော်လမြိုင် – ရန်ကုန်သည်ဧပြီလ၁၃ရက်မှ၁၆ရက်ထိ၄ရက်တာရပ်ဆိုင်းမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မော်လမြိုင်ဘူတာမှနေ့စဉ် ပြေးဆွဲနေသောအစုန်- အဆန်ရထား ရှစ်စီးရှိ ပြီးလော်ကယ်ရထား နှစ်စီးပြေးဆွဲလျက်ရှိကြောင်း ၎င်းကဆိုသည်။
wwww
အဆိုပါရထားများတွင် ပဲခူး၊ ရေး ၊ ထားဝယ် မြို့များသို့ပြေးဆွဲလျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

အဆိုပါ ရထားများကိုမူသင်္ကြန်ကာလအတွင်းပုံမှန်အတိုင်းပြေးဆွဲသွားမည်ဖြစ်ကြောင်း ၎င်း ကရှင်းပြသည်။

ရထားအမျိုးအစားတွင် ရိုးရိုးအမြန်နှင့် အထူးအမြန်ရှိပြီးအထူးအမြန်၏ ရိုးရိုးတန်းလက်မှတ်ကိုတစ်ရက်ကြိုရောင်းပြီးအထက်တန်းလက်မှတ်ကိုသုံးရက်ကြိုရောင်းလျက်ရှိကြောင်း ၎င်းကဆိုသည်။

သင်္ကြန်ရက်အတွင်းပြေးဆွဲမည့် ရထားများလက်မှတ်စျေးနှုန်းကိုပုံမှန် အတိုင်းသာရောင်းချမည် ဖြစ်ပြီးဈေးတက်မည် မဟုတ်ကြောင်း ၎င်း ကဆိုသည်။

Leave a Reply