သင်္ကြန်ကာလအတွင်း မော်လမြိုင် ပြည်သူ့ ဆေးရုံတွင် ထိခိုက်ဒဏ်ရာကြောင့် လာရောက်ကုသသူ ၂၀၀ ကျော်ရှိ

မော်လမြိုင်၊ ဧပြီ ၁၉

မော်လမြိုင် ပြည်သူ့ ဆေးရုံတွင် သင်္ကြန်ကာလအတွင်း ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ ယာဉ်မတော်တဆမှု အပါအဝင် ခိုက်ရန် ဖြစ်ပွားမှုများကြောင့် လာရောက် ကုသသူ ၂၀၇ ဦးအထိ ရှိခဲ့ကြောင်း မော်လမြိုင် ပြည်သူ့ ဆေးရုံအုပ် ဒေါက်တာ ဝါဝါယဉ်က ပြောကြားသည်။

လာရောက် ကုသသူအများစုတွင် ယာဉ်မတော်တဆမှုကြောင့် ၁၆၂ ဦး၊ ခိုက်ရန် ဖြစ်ပွားမှု ၂၄ ဦး၊ အခြားထိခိုက် ဒဏ်ရာရသူ ၂၁ ဦး စုစုပေါင်း ၂၀၇ ဦး ရှိခဲ့ပြီး သေဆုံးသူ ခြောက် ဦးအထိ ရှိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“ပြည်နယ်ဆေးရုံဆိုတော့ အခြားမြို့နယ်ကလွှဲတာ ဒီရောက်လာပြီး လမ်းတစ်ဝက်မှာဆုံးသွားတာက ဒီအတွင်းမှာ ခြောက်ယောက်ရှိတယ်၊ သူတို့တွေက အက်ဆီးဒင့်ကြောင့်ပေါ့”ဟု ဒေါက်တာ ဝါဝါယဉ်က ဆိုသည်။

သင်္ကြန်ကာလအတွင်း ထိခိုက်ဒဏ်ရာကြောင့် လာရောက်ကုသသူ ၂၀ရ ဦးအပြင် ပြင်ပလူနာအဖြင့် တက်ရောက်ကုသသူ ၄၉ ဦး ရှိကြောင်း ၎င်းက ပြောဆိုသည်။

မွန်ပြည်နယ်တွင် သင်္ကြန်ကာလအတွင်း မော်လမြိုင် ပြည်သူ့ ဆေးရုံ၌ ဝန်ထမ်းအင်းအား တိုးမြှင့် ချထားခဲ့ပြီး ကျန်းမားရေး စောင့်ရှောက်မှုများ ပေးအပ်ခဲ့သည်အပြင် အခြေခံ ဆေးဝါး အပါအဝင် ဆေးကိရိယာများကိုလည်း ဝယ်ယူ ဖြည့်တင်းထားခဲ့ကြောင်း ၎င်း ပြောသည်။

Written by ဂေထော

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်