မော်လမြိုင် ဧပြီ ၂၆

သင်္ကြန်အလွန်ကာလ ၁၀ ရက်အတွင်း မွန်ပြည်နယ်တွင် စက်သုံးဆီ လက်လီဈေးနှုန်းများမှာ အနည်းငယ်စီ မြင့်တက်ခဲ့ကြောင်း တွေ့ရသည်။

Denko Trading မှ နေ့စဉ် ကြေညာထုတ်ပြန်ပေးလျက်ရှိသော ဈေးနှုန်းဇယားများတွင် ဖော်ပြထားချက်များအရ ယင်းသို့ သိရခြင်းဖြစ်သည်။

မြန်မာနှစ်ဆန်း ၁ ရက်နေ့၊ ဧပြီ ၁၇ ရက်တွင် အောက်တိန်း ၉၂ လက်လီဈေးနှုန်းမှာ မွန်ပြည်နယ် မော်လမြိုင်၊ မုတ္တမ၊ ပေါင်၊ သထုံမြို့နယ်များတွင် ကျပ်  ၈၉၀၊ သိမ်ဆိပ်၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်များတွင်  ၈၈၅ ကျပ် ပေါက်ဈေးရှိခဲ့သည်။

ယင်းနေ့တွင် အောက်တိန်း ၉၅ လက်လီဈေးနှုန်းမှာ မော်လမြိုင်၊ မုတ္တမ၊ ပေါင်၊ သထုံမြို့နယ်များတွင် ကျပ် ၉၇၀၊ သိမ်ဆိပ်၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်များတွင်  ၉၆၅ ကျပ် ရှိခဲ့သည်။

အဆိုပါနေ့တွင် ပရီမီယံဒီဇယ်နှင့် ရိုးရိုးဒီဇယ်မှာ မော်လမြိုင်၊ မုတ္တမ၊ ပေါင်၊ သထုံမြို့နယ်များတွင် ကျပ် ၁၀၅၀ နှင့် ကျပ် ၁၀၄၀ အသီးသီးလည်းကောင်း၊ သိမ်ဆိပ်၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်များတွင်  ကျပ် ၁၀၄၀ နှင့် ၁၀၂၅ နှုန်း လက်လီဈေးရှိခဲ့သည်။

နောင် ၁၀ ရက်ခန့်အကြာ ဧပြီ ၂၆ ရက်တွင် အောက်တိန်း ၉၂ လက်လီဈေးနှုန်းမှာ မော်လမြိုင်အပါအဝင် လေးမြို့နယ်တွင် ၉၁၅ ကျပ်၊ သိမ်ဆိပ်အပါအဝင် သုံးမြို့နယ်တွင် ၉၁၀ ကျပ် ပေါက်ဈေးရှိနေသည်။

ယင်းနေ့တွင် အောက်တိန်း ၉၅ မှာ မော်လမြိုင်အပါအဝင် လေးမြို့နယ်တွင် ၉၉၅ ကျပ်၊ သိမ်ဆိပ်အပါအဝင် သုံးမြို့နယ်တွင် ကျပ် ၉၉၀ ရှိနေသည်။

အဆိုပါနေ့တွင် ပရီမီယံဒီဇယ်နှင့် ရိုးရိုးဒီဇယ်မှာ မော်လမြိုင်အပါအဝင် လေးမြို့နယ်တွင် ၁၀၆၅ ကျပ်နှင့် ၁၀၅၅ ကျပ်အသီးသီးရှိခဲ့ပြီး  သိမ်ဆိပ်အပါအဝင် သုံးမြို့နယ်တွင် ၁၀၅၅ ကျပ်နှင့် ၁၀၄၀ ကျပ် ဈေးပေါက်ခဲ့သည်။

သို့ဖြစ်ရာ အဆိုပါ ကာလအတွင်း အောက်တိန်း ၉၂ နှင့် ၉၅ လက်လီဈေးနှုန်းမှာ၂၅ ကျပ်နှုန်းစီထိလည်းကောင်း၊ ဒီဇယ်များမှာ ၁၅ ကျပ်နှုန်းစီထိလည်းကောင်း မြင့်တက်လာကြောင်း နှိုင်းယှဉ်သိရှိရသည်။

Denko Trading Co.,Ltd ဆိုင်များက ဆရာတော်ဘုရားကြီးများ၏ ယာဉ်များအား ရာသက်ပန် အမြဲတမ်း စက်သုံးဆီ လှူဒါန်းလျက်ရှိရာ ယခုနှစ် ဇန်နဝါရီလမှ မတ်လ အတွင်း စက်သုံးဆီ လီတာပေါင်း  ၁၂,၄၈၅.၀၂ လီတာ(တန်ဖိုး ငွေ ကျပ် ၁၀၈ သိန်းကျော်) လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။

လျှမ်းထက်

Leave a Reply