မော်လမြိုင်၊ ဇန်နဝါရီ ၂၃

လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ ဝန်ထမ်းများ၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းပါဝင်ခဲ့ကြသောကြောင့် အစိုးရသစ်လက်ထက်မှာ သစ္စာစီမံချက်အဖြင့် ဆောင်ရွက်နေသည့် နိုင်ငံသားစိစစ်ရေးကဒ်ပြားထုတ်ပေးသည့်ကိစ္စကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဇန်နဝါရီလ ၂၃ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမှာ ကျင်းပခဲ့သည့် ပြည်နယ် နိုင်ငံသားစိစစ်ရေးကဒ်ပြားပေးအပ်ပွဲအခမ်းအနားတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဝန်ထမ်းများအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့အညီ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီး လိုက်ပါအားပေးကြပ်မတ်ဆောင်ရွက်နေတာကို မြင်တွေ့ကြားသိနေပါတယ်။ ဒီလိုမျိုး ပူးပေါင်း လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ထမ်းတွေ ကျောင်းသူကျောင်းသားတွေ ပူးပေါင်းပါဝင်ခဲ့ကြတဲ့အတွက် အစိုးရသစ်လက်ထက်မှာ သစ္စာစီမံချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တယ်”ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

အချို့သောပြည်သူအများစုသည် မိမိတို့ စားဝတ်နေရေးများကို အချိန်ပြည့်ကြိုးစား ဆောင်ရွက်နေရသည့်အတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြားလျှောက်ထားရန် အားနည်းလျကရှိပြီး နိုင်ငံစိစစ်ရေးကဒ်ပြား၏ တန်းဖိုးကို ဂဃနနမိသသေးသည့်အတွက်ကြောင့်လည်းကောင်း၊ အချို့ကိစ္စရပ်တွင် သွားရောက်လျှောက်ထားသော်လည်း အချိန်ကြန့်ကြာမှုများရှိနေသည့်အတွက်ကြောင့်လည်းကောင်း လက်ရှိအချိန်ထိ နိုင်ငံသားစိစစ်ရေးကဒ်ပြား ကိုင်ဆောင်ထားခြင်းမရှိသူများကျန်ရှိနေသေးကြောင်း ၎င်းက ဆိုသည်။

၂၀၁၉ ခုနှစ် တစ်နှစ်တာကာလအတွင်း နိုင်ငံသားစိစစ်ရေးကဒ်ပြား (၁၆၅၉၆၅) ဦးကို ထုတ်ပေးနိုင်ခဲ့ပြီး မြို့နယ်များတွင်ဆက်လက်ထုတ်ပေးရန်ကျန်ရှိသော နိုင်ငံသားစိစစ်ရေးကဒ်ပြား (၁၆၇၁၄) ကဒ်ကို ပေးအပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

နိုင်ငံသားစိစစ်ရေးကဒ်ပြားပေးအပ်ပွဲအခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံအပါအဝင် အစိုးရအဖွဲ့ဝန်ကြီးများ၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်ခဲ့ကြသည်။

ရွှေရိုး

Leave a Reply