သတင်းခေတ်၏ သီတင်းပတ်တိုင်းမှာ

၂၀၁၉ နှစ်သစ်၏ ပထမဦးဆုံး သီတင်းပတ် ဆိုက်ရောက်လာချေပြီ။

ကုန်လွန်ပြီးသော နှစ်ကာလတို့သည်လည်း သင်ခန်းစာများ၊ သံဝေဂများအဖြစ် ကျန်ရစ်ခဲ့ပြီသာတည်း။

နှစ်ဟောင်းကုန်ဆုံးကာ နှစ်သစ်သို့ ကူးပြောင်းပြီဖြစ်သော ၂၀၁၉ နှစ်သစ်ဦးကာလ၌ အဟောင်းထက် ပိုဟောင်းသော ဖြစ်ရပ်များ၊ ပြုမူပြောဆိုချက်များ၊ မတည်နိုင်သေးသော တစ်ပွဲတိုး ကတိစကားများ၊ အကောင်အထည်မဖော်နိုင်သေးသော တစ်မိုးလုံး ဖျောက်ဆိတ် စီမံချက်များထက် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်စီမံမှုဆီ အရောက်လှမ်းနိုင်အောင် ပြည်သူများအနေဖြင့် အသိ၊ သတိ လက်ကိုင်ထားလျက် အစိုးရအဖွဲ့နှင့် လွှတ်တော်အရပ်ရပ်အပေါ် ဝိုင်းဝန်းထိန်းကျောင်းပဲ့ပြင်ရမည့် ကာလ၊ အရှိန်အဟုန်တိုးမြှင့် အတူလက်တွဲ ဖော်ဆောင်ချိန်တန်ပြီဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုပါသည်။

ဟင်္သာမီဒီယာအနေဖြင့်လည်း သတင်းခေတ်၏ သီတင်းအပတ်တိုင်း၌ သတင်းရှိရာအရပ်မှ ပြည်သူဘက် မျက်နှာမူ၍ ဆက်လက်ရပ်တည်လျှောက်လှမ်းဦးမည့် ၂၀၁၉ ဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ရပေသည်။ ။

အယ်ဒီတာ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.