မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၆ ။ ။ အသစ်တက် လာမည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီအစိုးရအနေ နှင့် သတင်းသိပိုင်ခွင့်ကိုထိန်း ချုပ်ခြင်းမပြုရန် စတုထ္ထအကြိမ် မြောက်တိုင်းရင်းမီဒီယာ ညီလာခံက တောင်းဆိုကြောင်း ကြေညာချက် ထုတ်ပြန်သည်။

Media

အဆိုပါ ကြေညာချက်တွင် NLDပါတီ အစိုးရ အနေနှင့် သတင်းသိပိုင်ခွင့် ကို ထိန်းချုပ်မှု မပြုရန် နှင့် အခြား တောင်းဆိုချက် (၅)ချက် ပါဝင်ကြောင်း ယင်းညီလာခံမှသိရှိရသည်။

အဆိုပါ ကြေညာချက်ကို ဖေဖော်ဝါရီလ ၁၅ရက်နေ့မှ ၁၆ရက်နေ့အထိ ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြောက်ဦး ဟိုတယ်တွင် ကျင်းပသော စတုထ္ထ အကြိမ်မြောက် တိုင်းရင်းသားမီဒီယာညီခံသို့တက်ရောက်လာကြသည့် သတင်းမီဒီယာ အဖွဲ့အစည်းများ ပူးပေါင်းပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အစိုးရအသစ် အနေဖြင့် သတင်းရရှိပိုင်ခွင့်ကို ထိန်းချုပ်မှုမပြုဘဲ လွှတ်တော် အသီးသီးတွင်သတင်း ထောက် များ၏ သတင်းရယူပိုင်ခွင့်ကို ညီလာခံတွင် ဆန္ဒပြုခဲ့ကြောင်း အဆိုပါညီလာခံ တက်ရောက်သူများ က ပြောကြားသည်။

ပြည်နယ် နှင့် တိုင်းဒေသကြီးများရှိ လွှတ်တော် အသီးသီးတွင် ပြည်သူများအား သတင်း အချက်အလက် ရယူပေးနေသည့် သတင်းမီယာများ၏ သတင်းရယူပိုင်ခွင့်ကို NLD အစိုးရက ဥပဒေပြု အကာအကွယ်ပေး သွားရန်တောင်းဆို ကြောင်း ယင်းထုတ်ပြန်ကြေညာချက်တွင်ထည့်သွင်းဖော်ပြထာသည်။

ထို့နောက် တိုင်းရင်းသား မီဒီယာအဖွဲ့အစည်းများကို အခြားသော ပင်မမီဒီယာများနည်းတူ နိုင်ငံတော် အစိုးရနှင့်လွှတ်တော် အဆင့်ဆင့်တို့မှ တန်းတူအခွင့်အရေး ပေးကာ အသိမှတ်ပြုဆက်ဆံရန် တောင်းဆို ကြောင်း ကြေညာချက်တွင် ပါရှိသည်။

တိုင်းရင်းသားမီဒီယာများ အနေဖြင့် ပြည်တွင်စစ်တွင် ဆင်းရဲဒုက္ခ ခံစားနေကြသော ပြည်သူများအကျိုးအတွက် ငြိမ်းချမ်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ မီဒီယာ လုပ်ငန်းများကို ဆောင်ရွက်ရန်လိုအပ် ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

Leave a Reply