Advertisements

ရခိုင်ပြည်နယ် မောင်းတောခရိုင် တွင်အစွန်းရောက် ASAR တို့ လက် ချက်ဖြင့် ရဲကင်း ၃၀ ခန့်တစ်ပြိုင်နက်တိုက်ခိုက်ခံရပြီးနောက် အစိုးရ၏ သတင်းထုတ် ပြန်မှုနှင့် နည်းလမ်းမကျသည့် မီဒီယာ ကိုင်တွယ်မှုများကြောင့် နိုင်ငံတကာမီဒီ ယာများတွင် မြန်မာနိုင်ငံ၏ပုံရိပ်ကျကာ လူမှုကွန်ရက်များတွင် သတင်းအမှားများ နှင့် ချဲ့ကားထားသည့် သတင်းအမြောက် အများ ထွက်ပေါ်လာခဲ့သည်။

ယင်းနောက် လူမှုကွန်ရက်အင်တာ နက် စာမျက်နှာများတွင် အစ္စလာမ်ဘာ သာဝင်အချို့နှင့် ဗုဒ္ဓဘာသာဝင်အချို့တို့ အပြန်အလှန် ဆဲဆိုမှုများပြုလုပ်လာသည် ကိုတွေ့ရပြီး အမုန်းတရားများက အချိန်မ ရွေးပေါက်ကွဲ ထွက်နိုင်သည့် အခြေအနေ ကို တွေ့မြင်လာရသည်။

ရခိုင်ဒေသ ပဋိက္ခအချိန်ကြာလာ သည်နှင့်အမျှ သတင်းအမှားများ၊ ပြဿ နာဖြစ်ပွားရန် ရည်ရွယ်ချက်ရှိရှိ လှုံဆော်မှု များကို တွေ့မြင်လာရသည်။
ယင်းအကျိုးဆက်အဖြစ် လူ့အသိုက် အဝန်းတစ်ခုနှင့် တစ်ခုကြားယုံကြည်မှု လျော့ကျကာ စိတ်ခံစားမှု ရေချိန်မြင့်တက် လာသည်ကို တွေ့မြင်ရသည်။
အင်တာနက် ဖေ့ဘုတ်စာမျက်နှာကို နေ့စဉ်အသုံးချနေသည့် အသက် ၂၅ နှစ် အရွယ်ရှိ ကိုဇော်ဝင်းထွန်းက “ဘယ်သူက စပြီးတော့ ကျွန်တော်တို့ဘာသာကို စဆဲ တာလဲ။ အဲ့ဒီလိုဆဲတော့ ကျွန်တော်တို့က ပြန်ဆဲတယ်။ ဒါတုံ့ပြန်တာပဲလေ” ဟု ပြောဆိုသည်။

နိုင်ငံတကာ ရောက်ရှိနေသော ဘင်္ဂါလီများက မြန်မာအစိုးရကို ဆန္ဒထုတ် ဖော်မှုများ၊ မြန်မာအစိုးရ ခေါင်းဆောင် များ၏ ဓာတ်ပုံများကို မဖွယ်မရာပြုလုပ် ခြင်းတို့သည် လူ့အဖွဲ့အစည်းနှစ်ခုကြားရန် မီးပွားစေသည့် အချက်တွေ ဖြစ်လာစေပြီ ဘာသာတစ်ခုနှင့်တစ်ခုကြား အင်တာ နက်စာမျက်နှာများတွင် ဗွီဒီယိုဖိုင်လွှင့် တင်၍ ဆဲဆိုနေမှုများကလည်း ပြဿနာ ဖြစ်မီးပွားတစ်ခုလိုပင် ဖြစ်သည်။

ယခင်အချိန်က ဖြစ်ပွားခဲ့သည့်ဓာတ် ပုံများ၊ ဖြစ်စဉ်နှင့်မသက်ဆိုင်သည့် သတင်းဓာတ်ပုံများ၊ အခြားသောနိုင်ငံ တွင် ဖြစ်ပွားခဲ့သည့်သတင်းများကို ယခု ဖြစ်ပွားသည့်ပုံစံဖြင့် လူမှုကွန်ရက် အင်တာနက် စာမျက်နှာများတွင် ရေး သားဖော်ပြမှုများ အများအပြားတွေ့လာရ သည်။

တူရကီ ဒုဝန်ကြီးချုပ်ပင်လျှင် သ တင်းအမှားများကို ယုံမှတ်ကာ ဘင်္ဂါလီ များလူမျိုးတုန်း သတ်ခံနေရပြီဟု ရေး သားခဲ့ မှုကြောင့် ပြန်လည်တောင်းပန်ခဲ့ရ သည်။ ယင်းအပြင် တချို့သောနိုင်ငံတကာ မီဒီယာကြီးများသည်လည်း မောင်းတော အရေးတွင် သတင်းအတုအယောင်များကို ယုံကာ ပြန်လည် ကိုးကားခဲ့သည့်အတွက် တောင်းပန်ခဲ့ရသည်။

ယင်းသို့ သတင်းမှားများဖြန့်ဝေနေ ခြင်းကြောင့် ဘာသာရေးနယ်ပယ်နှင့်နိုင်ငံ ရေးနယ်ပယ်အချို့က လူများကမြို့ကြီး များတွင် ပဋိပက္ခများဖြစ်ပွားမည်ကို စိုး ရိမ်နေကြကြောင်းပြောဆိုသည်။

ထေရဝါဒ ဓမ္မကွန်ရက်သဘာပတိ ဓမ္မစက္ကဦးမောင်မောင်က “ရခိုင်မီးက မြို့ကြီးတွေကို ကူးစက်နိုင်တယ်လို့ ခန့် မှန်းရတယ်။ လူတော်တော်များများက အလွယ်တကူ ယုံကြည်တတ်တယ်။ အဲ့လို ဖြစ်အောင်လည်းပဲ အားနည်းချက်သိပြီး ဆွနေတဲ့သူတွေရှိတယ်” ဟု မှတ်ချက်ပြု သည်။

အကြမ်းဖက်ဖြစ်စဉ်များနှင့် ဆက် စပ်ပြီး စက်တင်ဘာ ၁၁ ရက်နေ့တွင် အစ္စလာမ်ဘာသာဝင်များက ဂျီဟဒ်လုပ် မည်ဆိုသည် ဗုဒ္ဓဘာသာဝင်များအားအ သိပေးသည့် သတင်းစကားများအပြင် အမျိုးသားရေးဝါဒများက အစ္စလာမ်ဆန့် ကျင်ရေးပြုလုပ်မည်ဟု လှုံဆော်သူအချို့ က တယ်လီဖုန်းမက်ဆေ့ချ်များ၊ ဖေ့ဘုတ် စာမျက်နှာများ၊ မက်ဆင်ဂျာများကတစ်ဆင့် စက်တင်ဘာ ၇ ရက်တွင် လှုံဆော်သူများ က ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခဲ့သည်။

တယ်လီဖုန်း မက်ဆေ့ချ်များ၊ ဖေ့ ဘုတ်စာမျက်နှာများ၊ မက်ဆင်ဂျာများမှ မှ သွေးထိုးလှုံဆော် ဖြန့်ဝေသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြည်သူအကြားတွင် အကြမ်းဖက် သဘောဆောင်သည့်သ တင်းမက်ဆေ့ချ်ပျံ့နှံ့ပြီး နှစ်ရက်အကြာ စက်တင်ဘာ ၉ ရက်နေ့တွင် အစိုးရက သတိပေး ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် သွေးထိုးလှုံဆော်ထား သည့် သတင်းမက်ဆေ့ချ်သည်မြန်မာပြည် အနှံ့ရှိ ပြည်သူများဆီ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သတင်းမှားဖြန့်ဝေနေမှုများ၊ သွေး ထိုးလှုံဆော်နေမှုများနှင့် ပက်သက်၍ တရားလွှတ်တော်ဦးကြီးမြင့်က “မမှန် သတင်းလွှင့်သူတွေ လှုံဆော်သူတွေကို တော့အစိုးရအနေနဲ့ နောက်လူတွေမ လုပ်ရဲအောင် အမြန်ဆုံးအရေးယူသင့်နေ ပြီ”ဟု ထောက်ပြပြောဆိုသည်။

မောင်တောအမတ်ဟောင်း ဦးရွှေ မောင်းအား၎င်း၏ ဖေ့ဘုတ်စာမျက်နှာ တွင်လွှင့်တင်ခဲ့သည့် ဗွီဒီယိုဖိုင်နှင့် ပက် သက်၍အကြမ်းဖက် တိုက်ဖျက်မှုဥပဒေ ပုဒ်မဖြင့် အမှုဖွင့်မှုမှလွဲ၍ လူမှုကွန်ရက် တွင် သတင်းမှားများဖြင့် သွေးထိုးလှုံဆော် သူများကို အရေးယူမှုမတွေ့ရှိရသေး ကြောင်း ဦးကြီးမြင့်က ရှင်းပြသည်။
ပဋိပက္ခများဖြစ်ပွားစေရန်၊ အကြမ်း ဖက်မှုများဖြစ်ပွားစေရန် နည်းအမျိုးမျိုး ဖြင့်လှုံဆော်သူများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင် ရွက်သင့်ကြောင်း၊ အကြမ်းဖက်ဥပဒေဖြင့် အရေးယူပါက ထောင်ဒဏ် ၇ နှစ်မှ တစ်သက်တစ်ကျွန်းထိ ပြစ်ဒဏ်ချမှတ်နိုင် ကြောင်း ဦးကြီးမြင့်က ထပ်လောင်းပြော ဆိုသည်။

ရခိုင်ပြည်နယ်တွင် လူ့အဖွဲ့အစည်း နှစ်ခုကြား ဖြစ်ပွားခဲ့သည့်ပဋိပက္ခများ ကြောင့်လည်း ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူ့အဖွဲ့အစည်းနှစ်ခု ကြားပဋိပက္ခဖြစ်ပွားခဲ့သည့် သာဓကများ လည်းရှိနေသည်။ ၂၀၁၂ ခုနှစ် ရခိုင်ပြည် နယ်ကျောက်နီမော်တွင် ရခိုင်အမျိုးသမီး ငယ်တစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံမှုကို အကြောင်းပြု၍ ရခိုင်ပြည်နယ်လူ့အဖွဲ့အ စည်းနှစ်ခုကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ သည်။

ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့သည့်နောက် ပိုင်းတွင် မန္တလေး၊ မိတ္ထီလာ ၊ လားရှိုး၊ ဥက္ကံစသည့် မြို့များတွင်လည်း လူ့အဖွဲ့ အစည်းနှစ်ခုကြားပဋိပက္ခများ ဆက်လက် ဖြစ်ပွားခဲ့သည်။

လက်ရှိအချိန်တွင် လူမှုကွန်ရက် ကိုလူအများအပြား သုံးစွဲလာသဖြင့်အ တိတ်ကိုသင်ခန်းစာယူ၍ သတင်းတုသ တင်းမှားများ၊ သွေးထိုးလှုံဆော်မှုများ လူမှုကွန်ရက်တွင် အများအပြားဖြစ် ပေါ် လာခြင်းကို သတိထားသင့်စရာအဖြစ်ရှု မြင်ရန် လိုအပ်လာသည်မှာ မငြင်းနိုင် သည့် ကိစ္စရပ်ဖြစ်သည်။
ယခင်ဖြစ်ပွားခဲ့သော ပဋိပက္ခများ ကြောင့် လူသေဆုံးမှုများ၊ နေအိမ်ပျက်စီး မှု၊ ဘာသာရေးအဆောက်အအုံးများ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။ ဖြစ်ပွားခဲ့သည့် အချို့သော ပဋိပက္ခများမှအချို့သည် သတင်းအမှားများနှင့် လှုံဆော်မှုများ ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည် ဟု ဘာသာရေးခေါင်းဆောင်များက ဆို သည်။

အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ဆက်စပ်၍ အခြားသောမြို့ကြီးများတွင် ပဋိပက္ခဖြစ်ပွားနိုင်မှု အခြေအနေကို အိုလမာ-အစ္စလာမ်သာသနာ့ ပညာရှင် များအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်နှင့် ဥပဒေအကြံပေးဦးကျော်ငြိမ်းက“အစ္စလာမ် ဘာသာဝင်တစ်ယောက်အနေနဲ့ စိုးရိမ် စိတ်တော့ရှိတယ်” ဟု မှတ်ချက်ပြုသည်။

ထို့ပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စ လာမ်ဘာသာရေးအဖွဲ့ကြီးက အင်တာ နက်လူမှုကွန်ရက် စာမျက်နှာများတွင် ဘာသာတစ်ခုနှင့် တစ်ခုကြားမလိုလား အပ်သော ပဋိပက္ခများဖြစ်ပေါ်လာစေရန် ဘာသာရေး ပုတ်ခတ်စောက်ကားမှုများ လှုံဆော်မှုများ လုပ်ကြံသတင်းလွှင့်မှုများ ဆောင်ရွက်လာသည်ကို တွေ့ရှိလာ ကြောင်း စက်တင်ဘာ ၉ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ထားခြင်းသည်။

လူမှုကွန်ရက်ကြောင့် နောက်ဆက် တွဲဖြစ်လာမည့်အခြေအနေကို စိုးရိမ်မှု ရှိ နေကြောင်း ထောက်ပြထားသည့် သက် သေပင်ဖြစ်သည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသ တို့တွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားနေစဉ်အတွင်း လူမှုကွန်ရက်ဖေ့ဘုတ် စာမျက်နှာတွင် အစ္စလာမ်ဘာသာဝင် လူငယ်လေးဦးက ဘာသာရေးစော်ကားမှု ဖြစ်စေသည့် အသုံးအနှုန်းများဖြင့် ဗွီဒီယိုဖိုင်လွှင့်တင် ခဲ့သည်။
ယင်းနောက် မြန်မာလူငယ်များက လည်းပြန်လည်၍ တုံ့ပြန်၍ ဘာသာရေး ဆဲဆိုမှုများ ပြုလုပ်လာသည်။

ယခုဖြစ်သည့် ရခိုင်ပဋိကဖြစ်စဉ် သည် ဘာသာရေးအခြေခံသည် ပဋိက္ခ မျိုးမဟုတ်ဘဲ လက်နက်ကိုင်တိုက်ခိုက် သည့် အကြမ်းဖက်လုပ်ရပ်မျိုးဖြစ်သည့်အတွက်ဘာသာရေး ပဋိက္ခအသွင်မ ဆောင်ရန် အရေးကြီးသည်။

“ဘာသာရေးနဲ့ ပက်သက်ပြီးဆဲဆို တာတွေတွေ့တယ်။ အဲ့ဒါမျိုးကိုတော့ တစ်ဖက်နဲ့တစ်ဖက် တော်တော်လေးကို ထိန်းရပါလိမ့်မယ်” ဟု ရသေ့တောင်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

ယင်းကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် မုန်းတရားများ ပြောကြားမှုများ၊ လှုံ ဆော်မှုများကြောင့်လည်း ပြည်သူများ၏ စိတ်ထဲတွင် သံသယများဖြစ်ပွားလာရ ကြောင်း အမုန်းစကားစောင့်ကြည့်လေ့ လာရေး စီမံကိန်းတစ်ခုတွင် လ ၂၀ နီးပါး အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည့် ကိုဈာန်ခမ်းထန်က မှတ်ချက်ပြုသည်။

“ဘာသာခြားတွေ ရိုးရိုးသားသား
သွားလာနေတာကအစ သံသယရှိနေတာ ဖြစ်နေတယ်”ဟု ၎င်းကကောက်ချက်ချသည်။

ကိုဈာန်ခမ်းထန်၏ ကောက်ချက်ကို အထောက်အပံ့ပြုနေသည်က စက်တင် ဘာ ၈ ရက်တွင်ဖြစ်ပွားခဲ့သည့် ပြည်မြို့ ဖြစ်စဉ်က သက်သေခံနေသည်။ ပြည်မြို့ရှိ စာသင်ကျောင်း တစ်ကျောင်းတွင် စက္ကူ ပန်းခေါက် လာရောက်သင်ကြားသည့် ဟိန္ဒူဘာသာဝင်နှစ်ဦး စာသင်ကျောင်းသို့ လာရောက်ခဲ့သည်။

ယင်းသို့ လာရောက်သည့်ဖြစ်စဉ်ကို ပရိုဖိုင်းတိတိကျကျ မရှိသည့်ဖေ့ဘွတ် အကောင့်တစ်ခုက ယင်းကျောင်းမှ ဆရာ မတစ်ဦး၏ အကောင့်ကို Tag တွဲကာ သတင်းတုဖြန့်ဝေခဲ့မှုက လူမှုကွန်ရက် တွင်ပြန့်နှံ့ခဲ့ပြီး မိဘများက သားသမီးများ ကို စာသင်ကျောင်းသို့ လာရောက်ခေါ်ယူခဲ့ ကြသည်။

ပြည်မြို့တွင်သာမက အကြမ်းဖက် ဖြစ်စဉ်များမှတဆင့် သတင်းမှားများ၊ လှုံ ဆော်မှုများကြောင့်လည်း စက်တင်ဘာ ဒုတိယပတ်တွင် မြောက်ဥက္ကလာနှင့် တောင်ဒဂုံမြို့နယ်များတွင် လူစုလူဝေးစု ဝေးမှုအချို့ဖြစ်ပေါ်ခဲ့သေးသည်။ ပြဿနာ ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ပေ။

9/11 တွင် ဂျီဟတ်လုပ်လိမ့်မည်ဆို သည့် ကောလာဟလ သတင်းပြန့်နှံ့မှုအ ကျိုးဆက်အဖြစ် စက်တင်ဘာ ၁၀ ရက် ည ၇နာရီ ၄၅ မိနစ်ခန့်တွင် မကွေးတိုင်း တောင်တွင်းကြီးမြို့ ရွှေအိုး ၂ ရပ်ကွက်၊ အုန်းတော ၂ လမ်း နှင့် မကွေးလမ်းမ ကြီးတလျှောက်ဆိုင်များကို တုတ်၊ ဓား လက်နက်များ ကိုင်ဆိုင်ထားသောလူအုပ် စုတစ်စုမှ ဖျက်ဆီးမှုများပြုလုပ်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင်များကဒိုင်းနှင့် ရာဘာ ကျည်အချို့တို့ကိုသုံးကာ လူစုခွဲခဲ့ရသည်။

“သွေးဆူနေတဲ့ကာလလေးနဲ့ အခံ ကလည်းရှိနေပြီ ဟိုးယခင်ကတည်းက မြင်ရကြားရထားတော့ ဒါကိုဒေါသထွက် ပြီး စိတ်ဆိုးနေတဲ့အခံကရှိတော့ တကယ် လို့များ ဒေါသထွက်တဲ့အချိန်လေးနဲ့ပေါက် ကွဲမှုတစ်ခုခုနဲ့ကြုံရင်တော့ အဲ့ဒါတွေက ရှုပ်သွားတာပဲ။ အရင်တုန်းကလည်းဖြစ် ခဲ့တာပဲ” ဟဓမ္မစက္က ဦးမောင်မောင်က ထောက်ပြသည်။

ယင်းကဲ့သို့ အမုန်းတရားများနှင့်သွေး ထိုးလှုံဆော်မှုများကြောင့် ရခိုင်ပြည်နယ် အရေးသည် တစ်ပြည်လုံးအရေး ဖြစ်လာ မည်ကို ဘာသာရေးခေါင်းဆောင်များနှင့် ပြည်သူလူထုများက စိုးရိမ်နေကြပြီး လက် ရှိဖြစ်ပွားခဲ့သည့် တောင်တွင်းကြီးပြဿနာ သည်လည်း အစိုးရသတိချပ်ရ မည့်ကိစ္စ တစ်ရပ် ဖြစ်လာသည်က ငြင်းမရပေ။

ပြဿနာဖြစ်ပွားနိုင်သည့် နေရာ များနှင့်ပက်သက်၍ ကိုဈာန်ခမ်းထန်က “မတူကွဲပြားတဲ့ ဘာသာဝင်အုပ်စုတွေ များတဲ့နေရာတွေမှာ ဖြစ်နိုင်တယ်” ဟု မှတ်ချက်ပြုသည်။

ယင်းသို့ပြဿနာများ အခြားသော မြို့ကြီးများတွင် မဖြစ်ပွားစေနိုင်ရန်အ တွက် အစိုးရအနေဖြင့် တရားဥပဒေစိုးမိုး ရေးရှုထောင့်မကြည့်ရှု၍ လုံခြုံရေးအစီ အမံများကို စနစ်တကျဆောင်ရွက်သင့် ကြောင်း တရားလွှတ်တော်ဦးကြီးမြင့်က ထောက်ပြ ပြောဆိုသည်။

လက်ရှိအချိန်တွင် ပြဿနာများမ ဖြစ်ပွားစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များကို အစိုးရကတင်းကြပ်စွာချထားသည် ဟု အစိုးရသတင်း ထုတ်ပြန်ထားသော် လည်း အခြားသောညမြို့ကြီးများတွင် ပြဿနာများမဖြစ်ပွားစေရန် ဓမ္မစက္ကဦး မောင်မောင်က “လူထုကိုနှိုးဆော်ပြီးတော့ လုံခြုံရေးစည်းတွေချရမယ်။ ကိုယ့်မြို့နယ် မှာ လူထုပါဝင်တဲ့ စောင့်ကြည့်ရေးအဖွဲ့တို့ သတင်းပေးပို့ရေးအဖွဲ့တို့ ဒါတွေကိုသေချာ ချိတ်ဆက်ထားရမှာ”ဟု လုံခြုံရေးကိုယင်း ကဲ့သို့ ဆောင်ရွက်သင့်ကြောင်း အကြံပြု ပြောဆိုသည်။

ကိုဈာန်ခမ်းထန်က ထွေအုပ်အဖွဲ့အ စည်း၊ လဝကအဖွဲ့အစည်း၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များကြားတွင် သတင်းအချက် အလက်မျှဝေနိုင်တဲ့စနစ်တခုတည်ဆောက် ၍ ပြဿနာမဖြစ်ပွားစေရန် အစီအမံများ ဆောင်ရွက်သင့်ကြောင်း ထောက်ပြပြော ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်ဖြစ်စဉ်များမှတဆင့် ဘာသာ ရေးသွေးထိုးလှုံဆော်မှုများကြောင့် ဘာ သာရေးဖက်သို့ ဆက်နွယ်လာကြောင်း မြန်မာနိုင်ငံလုံးတွင် ဘာသာရေးပဋိပက္ခ များဖြစ်ပွားလာပါက ထိန်းမနိုင်သိမ်းမနိုင် ဖြစ်သွားလိမ့်မည်ဖြစ်ကြောင်း ယင်းသို့ မဖြစ်ပွားစေရန်မှာ ပြည်သူများတွင်လည်း တာဝန်ရှိကြောင်း ဒေါ်ခင်စောဝေက ထောက်ပြပြောဆိုသည်။

ဘူးသီးတောင်နှင့် မောင်တောဒေသ တို့တွင် ARSA ၏ အကြမ်းဖက်ဖြစ်စဉ် သည် နယ်မြေရရှိရေးတိုက်ပွဲဖြစ်သော်လည်း သတင်းမှားများ၊ ဘာသာတစ်ခုနှင့်တစ်ခု ကြား သွေးထိုးလှုံဆော်နေမှုများကြောင့် တစ်ဦးနှင့်တစ်ဦးအမုန်းတရားများဖြစ်ပွားလာကြသည်။

အစ္စလာမ်ဘာသာဝင်များဖြစ်သော် လည်း မြန်မာပြည်တွင်းတွင် နှစ်ပေါင်းများ စွာ မြန်မာများနှင့်အတူတကွ ငြိမ်းချမ်းစွာ လက်တွဲနေထိုင်နေသည့် အစ္စလာမ်ဘာ သာဝင်အများအပြားပင်။ စုန်းပြူးများကား ရှိကောင်းရှိနိုင်ပေလိမ့်မည်။ လူမှုကွန်ရက် တွင် သတင်းအမှားများ၊ သွေးထိုးလှုံဆော် မှုများကို ခံစားချက်အဖြစ်ပြောင်းကာပြ ဿနာဖြစ်ပွားပါက မန္တလေး၊ မိတ္ထီလာ၊ လာရှိုးဖြစ်စဉ်များကဲ့သို့ လူသေဆုံးမှုများ၊ နေအိမ်ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာ မည်မှာ မလွဲဧကန်ပင်။

ထို့ကြောင့် အစိုးရအနေဖြင့်လည်း အတိတ်ကဖြစ်စဉ်များကို သင်ခန်းစာယူ၍ သွေးထိုးလှုံဆော်မှုများကိုအရေးယူဆောင် ရွက်ရမည်ဖြစ်သလို ပြဿနာမဖြစ်ပွား စေရန်အတွက်လည်း လုံခြုံရေးအစီအမံ များကို စနစ်တကျဆောင်ရွက်သင့်ကြောင်း လူမှုအသိုင်းအဝိုင်းက လူပုဂ္ဂိုလ်တချို့က ထောက်ပြကြသည်။

အစ္စလာမ်ဘာသာရေး ခေါင်း ဆောင်ဦးကျော်ငြိမ်းက “ဆင့်ပွား ပြဿ နာဖြစ်လာဖို့ အခြေအနေဟာ အစိုးရသာ ကြပ်ကြပ်မတ်မတ်နဲ့ သတိရှိရှိလေးရပ် တည်ပေးမယ်ဆိုရင် ဒီဘက်ကိုကူးစက် စရာမရှိဘူးလို့ ကျွန်တော်အားကိုးတယ် ယုံကြည်တယ်ဗျ” ဟု အစိုးရအားယင်း ကဲ့သို့ မှတ်ချက်ပြုသည်။ ။

Written by – ဆုမင်းကို

Advertisements
<

Leave a Reply