မေ်ာလမြိုင် နိုဝင်ဘာ

သတ္တုကဏ္ဍဆိုင်ရာပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း လမ်းညွှန်ချက်အပါ် ချပြရှင်းလင်းခြင်းအခမ်းအနားကို နိုဝင်ဘာ ၁၃ရက်က မော်လမြိုင်မြို့ ပတ်ဝန်းကျင်ထိန်းသိန်းရေး ဦစီဌာန ညွှန်ကြားရေးမှူးရုံး၌ ကျင်းပခဲ့သည်။

ယခု အခမ်းအနားသည် သတ္တုကဏ္ဍဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လမ်းညွှန်ချက် မူကြမ်း ထုတ်ပြန်နိုင်ရန်အတွက် ပါဝင် ပတ်သက်သူ အားလုံးထံမှ အကြံပြုချက်များ ထည့်သွင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

“အားလုံးသိကြတဲ့အတိုင်း သတ္တုကဏ္ဍအနေနဲ့ အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတက် အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်သလို ဒေသခံပြည်သူတွေ အလုပ်အကိုင်ရရှိရေး အထောက်အပံ့ဖြစ်စေတဲ့ လုပ်ငန်းကြီးတစ်ခုဖြစ်တယ်”ဟု ၎င်းက ဆိုသည်။.

သတ္တုကဏ္ဍလုပ်ငန်းကို စနစ်တကျဆောင်ရွက်မှု မရှိပါကပတ်ဝန်းကျင်အပေါ် ထိခိုက်စေနိုင်ပြီး လူမှုစီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက်မှုများဖြစ်ပေါ်စေနိုင်ကြောင်း နှင့် သယံဇာတများ အလွန်အကျွံထုတ်ယူသုံးဆွဲခြင်းသည် ဒေသခံနှင့် လုပ်ငန်းရှင်အကြား လူမှုရေးပဋိပက္ခများ ဖြစ်စေနိုင်ကြောင်း ၎င်းကပြောသည်။

အခမ်းအနားတွင်  ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်လေးက သတ္တုလုပ်ငန်း ရေရှည်ဖွံ့ဖြိုးဖို့အတွက် မြေစီလွှာပျက်ဆီးမှုလျော့ချခြင်း စွန့်ပစ်ပစ္စည်း ထွက်ရှိမှုလျော့ချခြင်း အက်စစ်ယိုစိမ့်မှုလျော့ချခြင်း များလုပ်ဆောင်ဖို့ရှိကြောင်း၎င်းကပြောသည်။

သတ္တုကဏ္ဍဆိုင်ရာ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း လမ်းညွှန်ချက် ချပြရှင်းလင်း အခမ်းအနားကို ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်း၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အရပ်အဘက်အဖွဲ့အစည်း၊ NGO များ၊ စုစုပေါင်း ၄၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

လျှမ်းထက်

Leave a Reply