Advertisements

မော်လမြိုင်၊ အောက်တိုဘာ

ဥပဒေအရသတ်မှတ်ထားသော အသံနှုန်းထက် ပိုမိုကျယ်လောင်သော လော်စပီကာများ နှင့် ဆောင်းဘောက်စ် များကို ဥပဒေအရ အရေးယူသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးကပြောကြားသည်။

ယင်းကိစ္စနဲ့ ပတ်သက်ပြီး လော်စပီကာများနှင့် ဆောင်းဘောက်စ် ငှားရမ်းသည့် လုပ်ငန်းလုပ်ကိုင်နေသူများ ကို သတ်မှတ်အသံနှုန်း ထက် ကျော်လွန်ပြီးမဖွင့်ရန် ညွန်ကြားထားကြောင်း ၎င်း ကဆိုသည်။

Advertisements
data-language="en"

သတ်မှတ် အသံနှုန်းထက်ကျော်လွန်ဖွင့်လှစ်သော စပီကာများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများကို တိုင်ကြားနိုင်ပြီး အုပ်ချုပ်ရေးမှူး က အရေးမယူပါက အုပ်ချုုပ်ရေးမှူးကိုအရေးယူမည်ဖြစ် ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

“တစ်ဖက်ကိုလည်း မနစ်နာအောင် တစ်ဖက်ကိုလည်း ဥပဒေကြောင်းအရ လိုက်နာတက်အောင် ဆောင်ရွက်သလို ဒါကိုမှ မရရင် ဥပဒေကြောင်းအရ အရေးယူသွားမယ် ကိုတို့ကညွှန်ကြားထားတဲ့ သက်ဆိုင်တဲ့ သူအဆင့်ဆင့်က ဆောင်ရွက်သွားရင် ပြသနာမရှိဘူးပေါ့ ပြည်သူကလည်း နားမခံနိုင်တဲ့အချိန်မှာ သတင်းပို့ဖို့လိုပါတယ် အုပ်ချုပ်ရေးမှူးကမလုပ်ပေးရင် အုပ်ချုပ်ရေးမှူးရဲ့တာဝန်ပဲ” ဟု ဗိုလ်မှူးကြီး နေထွဋ်ဦးကဆိုသည်။

ဆောင်းဘောက်များဖွင့်ရာတွင် အသံမြင့်မှုကြောင့် လူထိခိုက်သေဆုံးသူများပါရှိနေပြီး ပတ်ဝန်းကျင်နေသူများအတွက် ထိခိုက်မှုများမရှိစေရန် တော်ရုံကြားနိုင်သည့် အသံဖြင့်သာ ဖွင့်လျှင် ပိုအဆင်ပြေနိုင်မည်ဖြစ်သည်ဟု ပေါင်မြို့နယ် ဇင်းကျိုက်မြု့တွင် နေထိုင်သည့် ကိုသူရိန်မင်းက ဆိုသည်။

“လူကြီးတွေလာစစ်ရင်တော့ လျော့ဖွင့်လိုက်တယ် လူကြီးတွေမရှိရင်တော့ မရှိသလိုပဲဖွင့်တယ် ပတ်ဝန်းကျင်ကကျတော့ တချို့ဆို အသက်ဆုံးရှုံးမှုတွေတောင်ရှိတယ် ရောဂါအခံလည်းရှိနေတော့ “ ဟု ကိုသူရိန်မင်းကဆိုသည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၂၄ရက်နေ့ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ခရိုင်အုပ်ချုပ်ရေးမှူးများကို သီတင်းကျွတ်ကာလ အတွင်း ဆောင်းဘောက်များကိုသတ်မှတ်ထားသည့် အသံနှုန်းထက်မြင့်သော ဆောင်းဘောက်များကို အရေးယူရန်နှင့် မီးရူးမီးပန်းရောင်းချမှုများကိုလည်း ရောင်းချခွင့်မပြုရန် ညွှန်ကြားထားသည်။

ရန်လင်းအောင်

Leave a Reply