Advertisements

သထုံ၊ အောက်တိုဘာ(၁)ရက်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းဘေး၌ စက်တင်ဘာ ၃၀ ရက်နေ့က ကားတစ်စီးမှာ လမ်းဘေးသို့ထိုးကျမှုဖြစ်ပွားခဲ့ခြင်းကြောင့် ကားပေါ်ပါသူ(၁)ဦးသေဆုံးခဲ့ပြီး (၇)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကားသမားက မောင်းလာတာ အရှိန်များပြီးတော့ မထိန်းနိုင်တော့ဘဲ လမ်းဘေးရေထဲကျသွားတယ်။ ဘားအံကနေ ဆေးကုပြီး ရန်ကုန်ပြန်လာကြတာ ကားပေါ်ပါတဲ့အမျိုးသမီးတစ်ဦးတော့ ဆုံးသွားတယ်။ ကျန်တဲ့သူ (၇)ဦးကဒဏ်ရာရသွားတယ်။ ကားသမားကတော့ ထွက်ပြေးနေပါတယ်။”ဟု ဘီးလင်းမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

Advertisements
data-language="en"

ဘားအံဘက်မှ ရန်ကုန်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီးနေသူများဖြစ်သည့် ယာဉ်မောင်း လှထွေးနိုင် (၄၆)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက်အဖြစ် မျိုးထွန်း(၃၅)နှစ်လိုက်ပါလာသော Honda Pickup အဖြူရောင် ယာဉ်သည် ခရီးသည်(၁၂)ဦးအား တင်ဆောင်လာရာ ရွှေရောင်ပြကျေးရွာအနီးတွင် အရှိန် မထိန်းနိုင်ဘဲ လမ်းဘေးသို ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ဒေါ်စန်းစန်းမူ(၄၆)နှစ်မှာ သေဆုံးသွားခဲ့ပြီး ဒေါ်သိန်းတင်၊ ဒေါ်ခင်လှိုင်၊ ဒေါ်ခင်ဝင်း၊ ဒေါ်တင်ရွှေ၊ မောင်မြတ်လွင်မိုး၊ ဦးတင်ကြိုင်၊ မထွေးရီတို့မှာ ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ လှထွေးနိုင်အား ဘီးလင်းမြို့မရဲစခန်းမှ ယာဉ် (ပ) ၄၈ /၂၀၁၇ ရာဇသတ်ကြီးပုဒ် ၃၀၄ က/ ၃၃၇ အရ အမှုရေးဖွင့်ကာ ယာဉ်မောင်းအားဖမ်းဆီးရမိရေး ဆောင်ရွက် နေကြောင်း သိရသည်။

Leave a Reply