Advertisements

မော်လမြိုင် ၊ မေ

သထုံ မြို့တွင်အာဇာနည် ကျောက်တိုင်တည်ဆောက်နိုင်ရန် နေမိန္ဒရဘုရားလမ်းဘေး၊ မြို့နယ် အထွေအထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးအနီးရှိ မြေကွက် ၃.၂၇ ဧကခန့်ကို လျာထားပြီး စည်ပင်မြေအဖြစ် သတ်မှတ်ပြီးပါက ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် ကပြောသည်။

အာဇာနည်ကျောက်တိုင် သို့မဟုတ် ဗိမာန် တည်ဆောက်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ ခရိုင်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန တို့နှင့် ညှိနှိုင်းဆွေးနွေးချက်အရ လျာထားခဲ့ကြောင်း ၎င်းကပြောသည်။

“စည်ပင်ဌာနရဲ့မြေရရှိပြီးမှသာလျှင် ဘဏ္ဍာငွေထည့်သွင်းလျာ ထားပြီးတော့ ဆောင်ရွက်ပေးရမှာပါ”ဟု ၎င်းကပြောသည်။

အဆိုပါ စည်ပင်မြေနေရာ ရရှိရေးအတွက် မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများမှ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်လျှက်ရှိပြီး သတ်မှတ်ရရှိပါက နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေထည့်သွင်း လျှာထားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိပါက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စကို သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက မေးမြန်ခဲ့ခြင်းဖြစ်သည်။

သထုံမြို့နယ်တွင် မရှိမဖြစ်လိုအပ်သော အာဇာနည်ကျောက်တိုင် မြေနေရာကို သတ်မှတ်ပေးခြင်း ရှိ မရှိနှင့် သတ်မှတ်ပြီးပါက မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုကြောင်း ဦးအောင်ကျော်သူက မေးမြန်းခဲ့သည်။

 

Leave a Reply