Advertisements

သထုံ၊ ေမ

မွန်ပြည်နယ် သထုံဒေသရှိ ကွမ်းစိုက်သူများအနေဖြင့် ကွမ်းစိုက်ပျိုးသက်တမ်းတစ်လျှောက် စံချိန်တင် အမြင့်ဆုံးဈေးနှုန်း ပေါက်ရောက်ခဲ့ကြောင်း ကာယကံရှင်များထံမှ သိရသည်။

“ဒီနှစ် ကွမ်းဈေးက စံချိန်အမြင့်ဆုံးနှစ်ပဲ။ အရင်နှစ်တွေတုန်းကဆို ဈေးကောင်းရမှ၅၀၀၀/၆၀၀၀ ။ တစ်နှစ်ရဖူးလိုက်တယ်, ၇၀၀၀။ တစ်ခါတည်းပါ။အများအားဖြင့်ေတာ့ ၅၀၀ / ၆၀၀ ကနေ ၂၀၀၀ /၃၀၀၀။ ဒီနှစ်ကျတော့ ၉၅၀၀အထိဖြစ်သွားတယ်။ ဒီဈေးဟာ ကျွန်တော့်ကွမ်းလုပ်သက် တစ်လျှောက်မာှ စံချိန်အမြင့်ဆုံးဈေးပဲ”ဟု နှစ် ၂၀ကျော် ကွမ်းစိုက်ပျိုးလုပ်ကိုင်လာခဲ့သူ နောင်ဘိုဘုရားဖြူပိုင်းနေ ဦးအောင်အောင်ဦးက ပြောသည်။

ယခင်နှစ်များက ကွမ်းခြံပိုင်ရှင်တို့အဖို့ ကွမ်းတစ်ပိဿာလျှင်ဈေးနှုန်း ကျပ် ၅၀၀, ၆၀၀မှ၂၀၀၀, ၃၀၀၀ ကျော်ဝန်းကျင်ခန့်သာရရှိခဲ့ကြပြီး ရံဖန်ရံခါမှာ အရှုံးပေါ်လေ့ရှိသဖြင့် မိသားစုစားဝတ်နေရေး ကျပ်တည်းရသည့်နှစ်များလည်း များစွာရှိခဲ့ကြောင်း ဒေသခံတို့က ပြန်ပြောင်း ပြောပြသည်။

ယခုနှစ်တွင် ကွမ်းခြံများ၌ သွင်းအားစုများ ထည့်သွင်းပြီးနောက် မိုးဆက်တိုက်မိသဖြင့်ကွမ်းပင်များ အမြစ်ရိကာ စိုက်ပျိုးမှု၏ ၅၀% ခန့် ပျက်စီးသွားစဉ် ပြည်ပဈေးကွက်ပါ ရရှိလာခြင်း ကြောင့်စံချိန်အမြင့်ဆုံးဈေးနှုန်း ပေါက်ရောက်ခဲ့ကြောင်းနယ်မြေခံကွမ်းဒိုင်များထံမှ သိရသည်။

သထုံဒေသထွက်ကွမ်းရွက် များကို တောင်ကြီး,လွိုင်ကော်,ဇင်းကျိုက်, ပေါင်,မော်လမြိုင်,သံဖြူဇရပ်, ဘုရားသုံးဆူ, ဘားအံ,ကမမောင်း, မြဝတီ, ကော့ကရိတ်စသည့် ကရင်ပြည်နယ်တခွင်အပြင် ထိုင်းနိုင်ငံ မဲဆောက်အထိပါ တင်ပို့ရောင်းချရကြောင်း ဒေါ်မငယ် ကွမ်းဒိုင်မှတစ်ဆင့် သိရသည်။

ကျိုက်ထို၊ မုက်ခမူ စသည့်နယ်ထွက် အရည်အသွေးမီကွမ်းများကို တရုတ်၊ ထိုင်ဝမ်သို့လည်း တင်ပို့နိုင်လာသည့်အထိဈေးကွက်ကျယ်ပြန့်လာကြောင်း ထပ်မံသိရှိရသည်။

written by စောပဏ်(ဖူးငုံရတနာ)

Advertisements
<

Leave a Reply