Advertisements

နေပြည်တော်၊ အောက်တိုဘာ ၁၉ ရက်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အလံတစ်ရာနယ်မြေတွင် အလံတစ်ရာဆရာတော်ဝင်စားသည်ဟုဆိုကာ ဒေသခံ များ၏ ယုံကြည်မှုကို အလွဲသုံးစားပြုပြီး လူမှုရေးချိုးဖောက်ကာ အမျိုးသမီးငယ်များထံမှ ကာမရယူနေသူကို အမြန်ဆုံးဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုလိုက်သည်။

“ပြောရရင် မဖြစ်သင့်တော့ဘူး။ မရှိသင့်တော့ဘူး။ မကြားဝံ့မနာသာတွေပါ။ အခုမှသိတာ။ အလံတစ်ရာဆရာ တော်ဘုရားကြီးကို ပအိုးဝ်တိုင်းရင်းသားတွေက တကယ်ကို ဘုရားတစ်ဆူလို ယုံကြည်ကိုးကွယ်ခဲ့ကြတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၀)ကျော်လောက်က ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသွားခဲ့ပါတယ်။ ပျံလွန်တော်မူ သွားခဲ့ပြီးနောက်မကြာခင်မှာပဲ (၁၀)နှစ်လောက်ရှိပြီထင်တယ်။ အလံတစ်ရာဆရာတော်ကြီးဝင်စားတယ်ဆိုတဲ့ ကိုရင်တစ်ပါး အဲဒီအလံတစ်ရာဒေသ၊ သထုံမြို့နယ်မှာ ပေါ်လာခဲ့တယ်လို့ သတင်းကြားပါတယ်။ အဲကိုရင်လေး က ဆရာတော်ကြီး သီတင်းသုံးခဲ့တဲ့နေရာတွေ၊ အသုံးအဆောင်ပစ္စည်းတွေ အကုန်မှန်အောင်ပြောပြနိုင်တယ် ဆိုပြီးမှ အဲ ပအိုးဝ်ရွာသားတွေက ဆရာတော်ကြီးဝင်စားတာဆိုတာပဲဆိုပြီး အများစုအကြွင်းမဲ့ယုံကြည်ကြတယ်။ ယုံ ကြည်မှုကို လူမှုရေးအရ ချိုးဖောက်အမြတ်ယူတာဖြစ်တယ်လို့ ခန့်မှန်းလို့ရပါတယ်။”ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကပြောသည်။

အဆိုပါကိစ္စကို မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့ပူးပေါင်းပြီး အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

“လွန်ခဲ့တဲ့(၄)၊ (၅)နှစ်ထဲကဖြစ်နေတာ၊ ခုနောက်ပိုင်း ပြန်ဖြစ်လာတာကတော့ (၁)နှစ်နီးပါးလောက်ရှိနေပြီ။ သူ ကတော့ ရှမ်းပြည်ဘက်ကလာတယ်လို့ပြောတယ်။ သူ့ဒေသခံမဟုတ်ဘူး။ သူက တခါတလေလူဖြစ်လိုက်၊ ဘုန်း ကြီးဖြစ်လိုက်နဲ့ အသက်က(၂၅)နှစ်ဝန်းကျင်လောက်ရှိတယ်။“ဟု သထုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်မာမာခိုင်က ပြောသည်။

ဒေသခံများသည် အလံတစ်ရာဆရာတော်ကြီးကို ကြည်ညိုသည့်အစွဲဖြင့် ဆရာတော်ဝင်စားသည်ဟုဆိုသူ ပြောသမျှ၊ လုပ်သမျှကို ဆရာတော်ကြီးပြောသည်ဟုယူဆကာ လက်ခံနေကြခြင်းဖြစ်ကြောင်း သိရသည်။

Photo from Facebook

Written by – MMK

Advertisements
<

Leave a Reply