Advertisements

တရုတ်နိုင်ငံ၏ စွမ်းအင်ထုတ်လုပ် မှုကဏ္ဍတွင် နျူကလီးယားစွမ်းအင် နှင့် ပြည့် ဖြိုးမြဲစွမ်းအင်အပါအဝင် သန့်ရှင်း စွမ်းအင်များသည် လာမည့် ဆယ်နှစ်အတွင်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်းကို ကျော်တက်သွားမည်ဖြစ်ကြောင် တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတရုတ်နိုင်ငံတွင် သန့်ရှင်း စွမ်းအင်ထုတ်ယူနိုင်မှုမှာ မီဂါဝဂ် ၆၆၀ ဖြစ်ပြီး အခြားသော နည်းလမ်း ဖြင့် စွမ်းအင်ထုတ်ယူမှုမှာ ၉၀၀ မီဂါ ဝဂ်ရှိသည်။

ကျောက်မီးသုံးလျှပ်စစ်ဓာတ်အား ထုတ်ယူမှုကို လာမည့် ၂၀၂၀ ခုနှစ် တွင် ၁၀၀၀ မီဂါဝဂ် ထုတ်ယူသွား မည်ဖြစ်ကာ ရုပ်ကြွင်းမဟုတ်သော လောင်စာမှ လျှပ်စစ်ဓာတ်အားထုတ် ယူခြင်းကို လာမည့် ၂၀၃၀ ခုနှစ်တွင် နိုင်ငံ၏ စွမ်းအင် တစ်ဝက်စာမျှ ထုတ်ယူသွားမည်ဖြစ်ကြောင်း အမျိုး သား စွမ်းအင်စီမံခန့်ခွဲရေးအာဏာ ပိုင်အဖွဲ့အကြီးအကဲ လူဘိုဟွာက ပြောသည်။

တရုတ်နိုင်ငံသည် လေထုညစ်ညမ်း မှုကို ဖြေရှင်းရန်အတွက် လေအား၊ နေရောင်ခြည်သုံး လျှပ်စစ်ကို ပိုမို ထုတ်ယူသွားရန် မြှင့်တင် လုပ်ဆောင် လာသည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် လေထုညစ်ညမ်းမှုကို တိုက်ဖျက်သည့်အနေဖြင့် စက်ရုံထောင်ပေါင်းများစွာကို ရုတ်တရက် ပိတ်ပစ်ခြင်း ရွှေ့ပြောင်းခြင်းများ လုပ်ဆောင်နေသည်။ တရုတ်နိုင်ငံအရှေပိုင်းဒေသ တော်တော်များများ ထိခိုက်ခဲ့ရပြီး အချို့သော ကုမ္ပဏီများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယသို့ ရွှေ့ပြောင်းခဲ့ရသည်။

တရုတ်နိုင်ငံသည် လေညစ်ညမ်းမှုကို ဆယ်စုနှစ်ချီ ခံစားနေရပြီး ယခုတစ်ကြိမ် လုပ်ဆောင်ချက်ကတော့ တရုတ်ကွန်မြူနစ် အစိုးရအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ အလေးအနက်ထားလာကြောင်း ပြသလာခြင်းပင်ဖြစ်သည်။

ထို့အပြင် ကမ္ဘာ့ရာသီဥတုအခြေအနေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စိတ်ဝင်စားမှု သိပ်မပြသဘဲနေရာ တရုတ်နိုင်ငံသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် ရှေ့တန်းသို့ ရောက်လာနေသည်။

လေထုအညစ်ညမ်းဆုံးထဲက တစ်မြို့ဖြစ်သော ပီကင်းတွင် လေထုညစ်ညမ်းမှု ဆိုးရွားလွန်းသည့် ကာလများတွင် အာဏာပိုင်များအနေဖြင့် အနီရောင်သတိပေးချက်များ ထုတ်ပြန်သည်။ ထိုသို့ ထုတ်ပြန်လျှင် ကျောင်းများ၊ စက်ရုံများကို ပိတ်ပစ်ပြီး ကားတော်တော်များများကိုလည်း မောင်းနှင်ခွင့် ပိတ်ထားလေ့သည်။

Source: ဆင်ဟွာ

Advertisements
<

Leave a Reply