Advertisements

မော်လမြိုင်၊ စက်တင်ဘာလ ၁၇

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စရပ်များ ကို ထောက်ခံမှု များပြားလာပါက လူသားများ သာယာ ဝပြောမှု ထိခိုက်နိုင်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကပြောကြားသည်။

စက်တင်ဘာလ ၁၆ရက်နေ့ က မော်လမြိုင်မြို့ ရှိ မွန်ပြည်နယ်ခန်းမတွင် ကျင်းပပြုလုပ်သော ကမ္ဘာ့အိုဇုန်းလွှာ ကာကွယ်ရေးနေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရမှာ ထည့်သွင်းပြောဆိုလိုက်တာလည်း ဖြစ်သည်။

Advertisements
data-language="en"

“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတာနဲ့ ပတ်သက်ပြီးတော့ ထောက်ခံအားပေးတာတွေ များလာမယ်ဆိုလို့ရှိရင် လူသားတွေရဲ့ လူမှုရေးသာယာဝပြောမှုကို ထိခိုက်လာပါတယ် လူမှုရေး သာယာဝပြောမှုကို လိုချင်တယ်ဆိုလို့ရှိရင် သဘာဝပတ်ဝန်းကျင် ဖျက်စီးမှု အနည်းနဲ့ အများ ဖြစ်စေပါတယ်။ ဒီနှစ်ခုရဲ့ ကြားထဲမှာ မျှတစွာဆောင်ရွက်ဖို့ အရေးကြီးပါတယ်” ဟု ၎င်းကဆိုသည်။

ယခုတွင် သဘာဝထိန်းသိမ်းမှုများလည်း အရေးကြီးသလို လူထုစီးပွားရေး သာယာဝပြောမှှုကလည်း အရေးကြီးနေပြီး ယင်းကိစ္စ နှစ်ခု ကို မျှတအောင်ဆောင်ရွက် အရေးကြီးကြောင်း ၎င်း ကဆိုသည်။

ပြီးခဲ့သည့် ဂုတ်လအတွင်း မွန်ပြည်နယ်တွင် သဘောဝ ဘေးအန္တရယ် များ ဆိုးဆိုးရွား ရွားခံစား ခဲ့ပြီး တောင်ပြိုမှုများ ရေကြီးမှုများ စသည့် ရာသီဥတု ပြောင်းလဲခြင်း ကြောင့်ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရယ်များ ကို ခံစားခဲ့ရသည်မှာ တစ်လ ကျော်ကျော်သာ ရှိသေးသည်။

မွန်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်လေးကမူ “လေထုတွေက ကျန်းမားရေးကို ဆိုရွားမှုအထိမရှိနေပါဘူး ရေထုအနေအနဲ့ကတော့ ဘီလင်းမြစ်တွေမှာတော့ ရွှေတူးနေတာတွေ ရှိနေတော့ အာစိနိမ့် ဓါတ်တွေ နည်းနည်းမြင့်နေတာတော့ ရှိတယ် အပေါ်မှာ ရွှေတူးတာတွေ ထိန်းချုပ်သွားမယ်ဆိုရင်တော့ မွန်ပြည်နယ်မှာ လေထုရေထုအနေအထား ရေရှည်မှာ ဆိုးရွားလာနိုင်ဖို့ မရှိပါဘူး” ဟု ဦးအောင်လေးကပြောသည်။

မွန်ပြည်နယ်တွင် သဘာဝဘေးနှင့် ပတ်သက်ပြီး ခံစားနေရပြီဖြစ်သည့်အတွက် ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် အလုပ်များ မလုပ်သင့်တော့ကြောင်း မော်လမြိုင်မှတ်တမ်း (MOM)အဖွဲ့၏ ညှိနှိုင်းရေးမှူး ကိုဇော်ကြည်လွင်ကဆိုသည်။

“အဆင်ပြေတာပဲ အကောင်းအထည်ဖော်နေမယ်ဆိုရင်တော့ သဘာဝဘေးအန္တရယ်ရဲ့ ထိခိုက်မှု နဲ့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုမရှိတာတွေ ကြုံလာရနိုင်တယ်” ဟု ကိုကြည်ဇော်လွင်က ဆိုသည်။

ပြီးခဲ့တဲ့သြဂုတ် လမွန်ပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် မြို့နယ်များရေလွမ်းခံခဲ့ရပြီး ပေါင်မြို့နယ်တွင် မလတ်တောင် တောင်ပြိုကျမှု ကြောင့် လူပေါင်း ၇၀ကျော်သေဆုံးခဲ့သည်အထိအဖြစ်အပျက်များ ခံစားခဲ့ရသည်။

ယင်းအပြင် လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် မော်လမြိုင်မြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင် နေအိမ် ၆၀၀နီးပါး ဖျက်စီးခဲ့ရသည်။

ရန်လင်းအောင်

Leave a Reply