ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက်။

သဘာဝဘေးအန္တရာယ်နှင့် မတော်တဆထိခိုက်မှု ကြီးမားစွာဖြစ်ပွားလာပါက ပုဂ္ဂလိကအာမခံကုမ္ပဏီများအနေ ဖြင့် လျော်ကြေးငွေပေးအပ်ရေး ချက်ချင်းဆုံးဖြတ်နိုင်ရန် Loss Adjuster နှင့် ပတ်သက်သော အလုပ်ရုံဆွေးနွေး ပွဲကို ကျင်းပပြုလုပ်လျှက်ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရှိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ(Workshop on Understading the Terms and Conditions of Insurance Policies)ကို အောက်တိုဘာ ၁၀ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာ့အာမခံလုပ်ငန်း၌ စတင်ပြုလုပ်နေပြီး အောက်တို ဘာ ၁၃ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

“ဆုံးရှုံးမှုတွေ လျော်ကြေးတွေပေးအပ်ရတဲ့အထဲမှာ ကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်ပေါ်လာရင် သက်ဆိုင်ရာအာမခံ ကုမ္ပဏီတွေက ဒီဟာနဲ့ပတ်သက်ပြီး ချက်ချင်းမဆုံးဖြတ်နိုင်ဘူး။ အဲ့အတွက် Loss Adjuster ကို ငှားရပါတယ်။ အဲ့လို ငှားပြီးတော့မှ သူတို့ရဲ့သုတေသနတွေ၊ အစီရင်ခံစာတွေပေါ်မှာမူတည်ပြီးတော့ လျော်ကြေးပေးမယ်၊ မပေးဘူး။ ပေးတဲ့အခါမှာ ဘယ်လောက်အတိုင်းအတာအထိပေးမယ်ဆိုတာ ဆုံးဖြတ်ရတယ်။ Loss Adjuster ဆိုတာ အာမခံလောကရဲ့ အရေးကြီးတဲ့ကဏ္ဍမှာပါတယ်။ သူတို့တွေ ဆွေးနွေးမယ့်အကြောင်းအရာက loss ဖြစ် ရင် ဘယ်လိုသုတေသနတွေလုပ်မလဲ၊ ဘယ်လိုအသုံးချမလဲ။ အဲဒါအပြင် အာမခံပေါ်လစီတွေမှာ legally ဖြစ် အောင် ဘယ်လိုလုပ်မလဲ။”ဟု မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးခင်မောင်ဝင်းကပြောသည်။

Loss adjuster နှင့် ပတ်သက်၍ Global Adjusting Technical Service (မြန်မာ) ကုမ္ပဏီက နည်းပညာဖြန့်ဝေ ပေးသွားမည်ဖြစ်ပြီး မတော်တဆထိခိုက်ပျက်စီးဆုံးရှုံးမှုများ ကြီးမားစွာဖြစ်ပွားပါက Loss adjuster ရှိခြင်း ကြောင့် အချိန်တိုအတွင်း လျော်ကြေးငွေ လျင်မြန်စွာပေးချေနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံ၌ Loss Adjuster ကုမ္ပဏီ(၂)ခု လုပ်ကိုင်ခွင့်ရရှိထားပြီး မြန်မာ့အာမခံဈေးကွက်အတွင်း Loss Adjuster များ ပေါ်ပေါက်လာပါက ပြည်တွင်းအာမခံကုမ္ပဏီများအတွက် ကောင်းမွန်သည့် အကျိုးရလဒ်များ ရရှိစေမည်ဖြစ်သဖြင့် နိုင်ငံတကာစံချိန်စံညွှန်းအတိုင်း သတ်မှတ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“ဒီလိုဟာမျိုးဆိုရင် အခြားနိုင်ငံမှာ သွားတက်မယ်ဆိုရင် ငွေကြေးကုန်ကျတာ များမယ်။ ဒီမှာလုပ်တဲ့အတွက် အ သေးစိတ်တွေသိရမယ်။ အခြားနိုင်ငံတွေမှာ သွားတက်မယ်ဆိုရင် ယေဘူယျသဘောပဲ သိရမှာပါ။ အသေးစိတ် ဆိုရင် ကိုယ်နဲ့ ဝေးသွားမယ်။ ဒီမှာဆိုရင် မြန်မာ့ဈေးကွက်အတွက် ကောင်းမွန်တယ်။ ကျွန်တော် စိတ်ဝင်စား တာတော့ ဒုတိယရက် Contractor’s Risks/Erection Risks နဲ့ တတိယရက်မှာတော့ Business Interruption က မြန်မာပြည်မှာတော့ မရှိသေးဘူး။ ဒါပေမဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲက အဖိုးတန်ပါတယ်။”ဟု Global World Insurance ကုမ္ပဏီလီမိတက်မှ အထွေထွေ မန်နေဂျာ ဦးခင်မောင်မြင့်ကပြောသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူများ၊ ပြည်တွင်းအာမခံကုမ္ပဏီများ ပါဝင်ဆွေး နွေးသွားမည်ဖြစ်ကာ နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိရန် Principles Law၊ Sources of Law၊ Principles of General Contract Law၊ Contractor’s All Risks/Erection All Risks ၊ All Risks Policies၊ Business Interruption စသည်တို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

Written by – MMK

Leave a Reply