Advertisements

မော်လမြိုင်၊ စက်တင်ဘာ

မြန်မာနိုင်ငံအနှံ့အပြားက ကြုံတွေ့ခံစားနေရသည့်သဘာဝဘေးနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့တို့က စီမံချက် ရေးဆွဲကာပြည်သူလူထုများနှင့်ပူးပေါင်း၍အကောင်အထည်ဖော်ဆောင်ရွက်သင့်နေပြီဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သထုံမြောက်ပိုင်းပရဟိတအဖွဲ့(၁၆) ဖွဲ့မှ  ကျိုက်မရောမြို့နယ်အတွင်း ရေဘေးသင့် စာသင်ကျောင်းများအတွက် လိုအပ်နေသော ကျောင်းသုံးပစ္စည်းများကို ကျိုက်မရောမြို့အခြေခံပညာအထက်တန်းကျောင်းမှာလှူဒါန်းမှုပြုလုပ်အပြီးတွင် မီဒီယာများအား ၎င်းက ယင်းကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

Advertisements
data-language="en"

“သဘာဝဘေးတွေ ပြီးသွားလို့ အိမ်ပြိုရင် ပိုက်ဆံပေးတာ၊ကျောင်းပြိုရင် ပိုက်ဆံပေးတာ၊လူသေရင် ပိုက်ဆံပေးတာ မဟုတ်တော့ဘဲနဲ့ သဘာဝဘေးဒဏ်ခံရမှု လျော့ကျဖို့အတွက် ကြိုတင်ကာကွယ်တားဆီးဖို့အတွက်ကိုလည်း ဘတ်ဂျက်တစ်ခုထဲမှာ ထည့်ပြီးတော့ ရေးဆွဲပြီးတော့ ဒီဟာကို အကောင်အထည်ဖော်ဖို့လိုပြီလို့ ကျွန်မမြင်ပါတယ်”ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

မွန်ပြည်နယ်တွင် သဘာဝဘေး အများဆုံး ဖြစ်ပေါ်နိုင်သည့်အနေအထားမှာ ရေဘေးနှင့်လေဘေး၊ အခြားသောတိုင်းနှင့် ပြည်နယ်များတွင်လည်း သဘာဝဘေးအမျိုးမျိုးကြုံတွေ့နေကြရပြီး မြန်မာနိုင်ငံမှာ ပြည်နယ်တစ်ခုနှင့်တစ်ခု မတူညီသည့်သဘာဝဘေးပုံစံအမျိုးမျိုးကိုကြုံတွေ့နေရသည့်အတွက် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းတို့ကပြည်သူများအပေါ်ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းကဆိုသည်။

မွန်ပြည်နယ်မှာ တစ်နှစ်ထက်တစ်နှစ် သဘာဝဘေးအန္တရာယ်ကြုံတွေ့လာနေရသည်မှာ ပို၍ဆိုးရွားစွာ ကြုံလာနေရသည့်အတွက် သဘာဝဘေး ထိခိုက်မှု လျော့ကျရန်ဆောင်ရွက်ရာတွင် လူထုနှင့်ထိစပ်နေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့များစသည့်အဖွဲ့အစည်းများကို ထောက်ပံ့ပစ္စည်းများနှင့်နည်းပညာများကို ထပ်မြှင့်တင်ပေးရန် လိုအပ်ကြောင်း ဒေါ်ခိုင်ခိုင်လဲ့က ထပ်လောင်းပြောဆိုသည်။

“ဒီဟာကို လုပ်ဖို့  ပြည်သူလူထုမပါဘဲနဲ့ လုပ်လို့မရဘူး။အစိုးရပဲ လုပ်မယ်၊ ရဲကပဲ လုပ်မယ်၊ မီးသတ်ကပဲ လုပ်မယ်ဆိုတဲ့ဟာကို သွားလို့မရဘူး။ ပြည်သူတွေ မပါလို့ကို မရဘူး။ သဘာဝဘေး ထိခိုက်ခံစားရတဲ့သူကပြည်သူဖြစ်တဲ့အတွက် ပြည်သူနဲ့ထိစပ်နေတဲ့ ဒီလိုအဖွဲ့အစည်းတွေကဆောင်ရွက်ပေးဖို့ Plan တွေ ချဖို့လိုပြီး”ဟု ၎င်းက
ထပ်လောင်းပြောကြားသည်။

ပြီးခဲ့သည့်ဇူလိုင်လအတွင်းကမိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းရှိမြို့နယ်အများစုရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး တောင်ပြိုမှုတွေလည်း ဖြစ်ပေါ်ခဲ့ကာ နေအိမ်ဆုံးရှုံးခဲ့ရသည့်အပြင် လူများပါအသက်ဆုံးရှုံးခဲ့ရသည်။

ရွှေရိုး

Leave a Reply