Advertisements

ဖေဖော်ဝါရီ

ကူချင်း၊ မလေးရှား။ ။သမီးအရင်းကို အဓမ္မပြုကျင့်ခဲ့သည့် အထွေထွေလုပ်သားတစ်ဦးအား ထောင်ဒဏ် နှစ်ပေါင်း ၈၀ နှင့် ကြိမ်ဒဏ် ၂၄ ချက် ကျခံရန် မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်တရားရုံးက ပြီးခဲ့သည့် ကြာသပတေးနေ့က ပြစ်ဒဏ်ချမှတ်လိုက်သည်။

အသက် ၄၀ နှစ်အရွယ် အဆိုပါ အမျိုးသားမှာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ (ခ) ဖြင့် တရားစွဲဆိုခံထားရပြီး အဆိုပါ ပုဒ်မအရ အနည်းဆုံး ထောင်ဒဏ်ဆယ်နှစ်၊ အများဆုံး အနှစ်သုံးဆယ်နှစ် ပြစ်မှု တစ်ခုချင်းစီအတွင် ကြိမ်ဒဏ်ခြောက်ချက်စီချမှတ်နိုင်သည်။

တရားခံမှာ အမိန့်ချလွှာကို နားထောင်ပြီးနောက် ခေါင်းညိမ့်ရုံသာ ညိမ့်ခဲ့ပြီး တရားသူကြီးက ၎င်းအား ချမှတ်ထားသော ထောင်ဒဏ်များကို တစ်ဆက်တစ်စပ်တည်းခံစားစေဟု အမိန့်ချခဲ့သည်။

အဆိုပါ အမျိုးသားမှာ ပြီးခဲ့သည့် သုံးနှစ်က သမီးဖြစ်သူ ၁၄ နှစ်ပြည့်သည့် ၂၀၁၅ ခုနှစ် မတ်လမှ စကာ သမီးဖြစ်သူအား လူမဆန်သော ပြစ်မှုကို လေးကြိမ် ကျူးလွန်ခဲ့သည်။

ဆာရာဝပ်ပြည်နယ်၏ မြို့တော် ကူချင်းနှင့် ၆၅ ကီလိုမီတာဝေးသော ပန်ဒဝမ်ရှိ အိမ်တစ်အိမ်တွင် အဆိုပါ အမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဓမ္မပြုကျင့်ပြီးနောက်တွင် ၎င်းသည် သမီးဖြစ်သူအား ဆေးဆိုင်သို့ ခေါ်သွားပြီး ကိုယ်ဝန်တားဆေးသောက်ခိုင်းခဲ့ကြောင်း သိရသည်။

ဖခင်ဖြစ်သူ၏ လုပ်ရပ်အား မခံနိုင်တော့သည့်အဆုံး ကလေးမလေးသည် မိခင်ဖြစ်သူအား WeChat အပလီကေးရှင်းမှ တစ်ဆင့် တိုင်ကြားခဲ့ရာ မိခင်ဖြစ်သူက ရဲတိုင်ကြားသည့်အခါတွင် ရဲတပ်ဖွဲ့က အဆိုပါ အမျိုးသားအား ဖမ်းဆီးခဲ့သည်။
အဆိုပါ မျိုးသားသည့် ၎င်းတွင် ယခု သူအဓမ္မကျင့်လိုက်သော သမီးအပါအဝင် သမီးသုံးယောက်နှင့် သားတစ်ယောက်အား စောင့်ရှောက်ရဦးမည်ဖြစ်သဖြင့် ပြစ်ဒဏ်များကို လျှော့ပေါ့ပေးရန် အယူခံဝင်ခဲ့သည်။

သို့သော် အစိုးရလက်ထောက်ရှေ့နေဖြစ်သူ ဟာရက်ရှ်ပရာကက်ရှ် အဆိုပါ အမျိုးသားမှာ အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်အား စိတ်ဒုက္ခပါရောက်စေသောကြောင့် ထိုက်တန်သော ပြစ်ဒဏ်ကိုသာ ကျမှတ်ပေးရန် လျှောက်ထားခဲ့သည်။
‘သူကို ထောင်ခန်းထဲ ပိတ်ထားပြီး သော့ကို လွှင့်ပစ်ပေးပါ’ ဟု ၎င်းက ပြောဆိုခဲ့သည်။

Source: Channel News Asia

Advertisements
<

Leave a Reply