မွန်သမိုင်း တွင် အထင်ကရ စစ်ဦးကြီးတစ်ဖြစ်သော ဒလဘန်း ၏အမည်ကို အကောင်ခံ ထားသောဦးထင်ကျော် (ဒလဘန်း) သမ္မတ ဖြစ်လာခြင်း အပေါ် မွန် နိုင်ငံရေးသမား များ နှင့် မွန်လူမျိုး များက ကြိုဆို ထောက်ခံ လျက်ရှိသည်။

HK

မြန်မာ့နိုင်ငံရေး တွင် သမိုင်းအစဉ်အလာ ကြီးခဲ့သော မွန် တို့ နိုင်ငံရေး ပုံရိပ် ကို မြင့်တင်နိုင်မည် လောဟူသည့် မျှော်လင့် ချက်လည်း ဖြစ်နေသည်။

ဦးထင်ကျော် သမ္မတ တင်မြောက်ခံရခြင်းနှင့်ပတ်သက်ပြီး ဂုဏ်ယူကြိုဆိုနေသူ မွန်လူမျိုး တစ်ဦးမှာ မွန်ဒေသ လုံးဆိုင် ရာ ဒီမိုကရေစီပါတီ မှလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးဖြစ်သည်။

“ကျွန်တော်တို့အတွက် မွန်လူမျိုးသွေးပါတဲ့ ဦးထင်ကျော်ကို ပုဂ္ဂိုလ်မျိုး၊ နိုင်ငံတော် သမ္မတကြီး အဆင့် အထိ ရွေးချယ်ခံထားရတဲ့ အတွက် မွန်လူထုအနေနဲ့ ဂုဏ်ယူဖို့ကောင်းပါတယ်၊” ဟုသူကဆိုသည်။

ဦးထင်ကျော် ကို ပြည်ထောင်စု လွှတ်တော် က မတ်လ ၁၅ ရက်နေ့တွင် နိုင်ငံတော် သမ္မတ အဖြစ်တင်မြောက် ခဲ့ခြင်း သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဝင်လွှတ်တော်ကိုယ်စားလှယ်များက ဦးထင်ကျော်ကို သမ္မတ တင် မြောက်ခဲ့ခြင်းလည်းဖြစ်သည်။

ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ကွယ်တွင် နှစ်ပေါင်းများစွာရှိနေခဲ့သူတစ်ဦး လည်းဖြစ် ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပိုမိုနီးကပ်သူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတတင်မြောက်မည့်သူကို သစ္စာတရားအလေးထား သည့် ပုဂ္ဂိုလ်အားရွေးချယ် ခဲ့ခြင်း ဖြစ်ကြောင်းပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် အချိန် အတွင်း ဦးထင်ကျော် ဒေါ်အောင်ဆန်း စုကြည် နှင့် ပြင်ပကမ္ဘာကို ချိတ်ဆက်ပေးခဲ့သောလူ တစ်ဦးဖြစ်ကြောင်း အဆိုပါ အချိန်များ အတွင်း ဦးထင်ကျော် ဒေါ်အောင်ဆန်းစုကြည် ၏ ကိစ္စ အဝဝ ပူးပေါင်း ဆောင်ရွက်ပေး ခဲ့ဖူးသူ ဒေါ်ခင်ဌေးကြွယ် ကဆိုသည်။

ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်ထက် အသက်တနှစ် တစ်လ တစ်ရက်ငယ်ရွယ်သူ ဖြစ်သော်လည်း မက်ဒရစ်ကျောင်း(ဒဂုံ ၁)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပညာဆည်းပူးခဲ့သူဖြစ်သည်။

၁၉၉၂ ခုနှစ်တွင် အစိုးရဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီသို့ ဝင်ရောက်ခဲ့သည်။ သူသည်ဒေါ်အောင်ဆန်းစုကြည်၏ သံတမန်ရေးရာ အရာရှိလည်းဖြစ်သည်။ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်သည်။

ဦးထင်ကျော်သည် ဖခင်ဖြစ်သူ၏ ကလောင်ခွဲဖြစ်သော ဒလဘန်းအမည်ဖြစ် သုတစာပေ နိုင်ငံရေးစာပေ တို့ကိုရေးသားခဲ့သည်။

ဒလဘန်းကလောင်အမည်ဖြင့် သူ၏ဖခင် ဆရာမင်းသုဝဏ်အကြောင်းရေးသည့် ‘‘အဘဘဝ အဘအကြောင်း တစေ့တစောင်”စာအုပ်မှာ ဦးထင်ကျော်၏ ထင်ရှားသည့် လက်ရာဖြစ်သည်။

ဦးထင်ကျော်သည် မွန်လူမျိုး ဟု လူအများ သိကြသော စာရေးဆရာ မင်းသုဏ်ဝဏ် သား ဖြစ်သူ ၊ မွန်သွေး တစ်ဝက် တိတိ ပါသူဖြစ်၍ လည်း မွန်နိုင်ငံရေး သမား တို့က မျှော်လင့်ချက်ထား ဂုဏ်ယူနေကြ ခြင်းလည်း ဖြစ်သည်။

စာရေးဆရာ မင်းသုဝဏ် ၏ မှတ်တမ်း များတွင် ဦးထင်ကျော် (စာရေးဆရာ ဒလဘန်း)ကို ၁၉၄၆ခုနှစ် ဇူလိုင်လ ၂ဝရက်နေ့မှာ မွေးဖွားပြီး ဒလဘန်း အမည်ရှိ မွန်စစ်သူရဲကောင်း တစ်ဦး၏ နာမည် ကို မှည့်ခေါ်ခဲ့ခြင်း ဖြစ် သည်။

ဦးထင်ကျော်သည် ဆရာကြီးမင်းသုဏ် ဒုတိယမြောက်သားဖြစ်ပြီး စာအုပ်ရေးသားသည့် အခါမှာ ငယ်စဉ်က စာရေးဆရာ မင်းသုဏ်ဝဏ်ပေးခဲ့သော ဒလဘန်းဆိုသည့် နာမည်ကို သုံးစွဲခဲ့သည်။

စာရေးဆရာ မင်းသုဝဏ် ကို မွန်အမည် ဖြင့် ယခင်ကရှိခဲ့သော ဟံသာဝတီခရိုင်၊ ကွမ်းခြံကုန်းမြို့ တောင်ဘက် ကမ်း၊ နာတာပူချိုးအရှေ့ပိုင်း၌ ကုန်သည်များဖြစ်ကြသော အဖ ဦးလွန်းပင်၊ အမိ ဒေါ်မိ တို့မှ မွေးဖွားခဲ့သည်။ မွန် လူမျိုးဖြစ်ကြောင်း ဆရာမင်းသုဝဏ် ၏ စာပေးလုပ်ဆောင်ချက်များ ဖော်ပြထားသော အင်တာနက် စာ မျက်နှာ တစ်ခုတွင် ဖော်ပြထားသည်။

၁၉၂၉ ခုနှစ်တွင် ဆရာကြီးမင်းသုဝဏ်သည် ဆယ်တန်းစာမေးပွဲတွင် ဘာသာရပ်တိုင်း အမှတ်ညီညီညွတ်ညွတ် အဆင့်ကောင်းရသဖြင့် ”အထူး ကျောင်းသား” (Special Student) အဖြစ် တက္ကသိုလ်ကျောင်းတိုက် (University College) သို့ ၀င်ခွင့်ရသည်။ ဆရာမှတ်ကြီးကျောင်းမှ “Marks Scholarship” နှင့် တက္ကသိုလ် ကျောင်းတိုက်မှ “Exhibition Scholarship” တို့ကို ရရှိခဲ့သည်။

ထိုစဉ် အတောတွင်းထုတ် ဝေသော ပဲခူးကျောင်းဆောင် လက်ရေးစာစောင် ”ဟံသာ့ကြေးမုံ” တွင် ”မွန်ကလေး” ဟူသော ကလောင်အမည်ကို သုံးစွဲကာ ကဗျာများ ရေးသားခဲ့သည်။

“ မွန်ကလေး” ကလောင်အမည် ခံဖူးသော စာရေးဆရာ ကြီးမင်းသုဝဏ် ၏ မျိုးဆက် ဦးထင်ကျော် ကား ယခု သမ္မတ ဖြစ်လာ ပြီ ဖြစ်သည်။

ဒလဘန်း ဟူသည့် ဦးထင်ကျော်၏ ကလောင် နာမည်သည် မွန်စစ်သူကြီး တစ်ဦး၏ နာမည်ကို ယူ၍ မှည့်ထား ဖွယ်ရှိသည်။ “ဒလဘန်း” အား မွန်အသံထွက် အမှန်ဖြင့် “တလဗာန်” ဟု ရေးကြသည်။

ဒလဘန်း (ခေါ်) ဦးထင်ကျော်အား ဆရာကြီး မင်းသုဝဏ်မှ နာမည် သတ်မှတ် ပေးခဲ့ခြင်းနှင့် ပတ်သက်၍ မွန်သမိုင်း ဆရာ နိုင်မောင်တိုးက ၎င်း၏ အမြင်ကို ယခု ကဲ့သို့ ပြောကြား ခဲ့သည်။

“မင်းသုဝဏ်တို့ သူ့ညီမ နုယဉ် တို့က သူတို့ကိုယ် သူတို့ မွန်အဖြစ် ခံယူ ထားကြောင်း အခုမှ ပြောတာ မဟုတ် ပါဘူး ၊ ဟိုးကတည်းက ပြောထားပြီးသား။ ဒါ့ကြောင့် သူ့သား ထင်ကျော်ကို ကလောင်နာမည် ပေးတော့ ဒလဘန်း ဆိုပြီး ပေးလိုက်တယ်။ ကျနော် မြင်တာတော့ သူက မွန်စစ်သူကြီး နာမည်ကို ညွှန်းပြီး ကလောင် နာမည်ကို ပေးထားတယ် လို့ပဲ မြင်တယ်” ဟု နိုင်မောင်တိုးက ပြောသည်။

ဦးထင်ကျော် သမ္မတ ဖြစ်သောကြောင့် မွန်လူမျိုးတို့အတွက် ပိုပြီးဂုဏ် ယူမိသူမှာ ဦးထင်ကျော် နှင့် နှစ်ပေါင်း များ စွာ ဒေါ်အောင်ဆန်းစု ကြည် အနီးတွင်နေထိုင် ဖူးသည့် ချောင်းဆုံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါ်ခင်ဌေးကြွယ် ဖြစ်သည်။

“မွန်သွေးပါတဲ့သူက သမ္မတဖြစ်တော့ အန်တီတို့ ဂုဏ်ယူရတာပေါ့၊ အန်တီကိုယ်တိုင် မွန်လူမျိုး ဆိုတော့ ပိုပြီးဂုဏ် ယူမိတယ်လေ” ဟု ဒေါ်ခင်ဌေးကြွယ်ကဆိုသည်။

ဦးထင်ကျော် သည် မွန်စစ်သူကြီးဒလဘန်းအမည် ကို ကောင်အမည် ခံယူထားပြီး ယင်း ကလောင် ကို အမြဲ ဂုဏ် ယူလေ့ရှိကြောင်း ဒေါ်ခင်ဌေးကြွယ် ကဆိုသည်။

“သူ(ဦးထင်ကျော်) ဒီကလောင် ကို အရမ်းဂုဏ်ယူတယ် ။သူအဲ့ဒီလို ဂုဏ်ယူလေ့ရှိတော့ အန်တီတို့မွန်တွေ တွက် ပိုပြီးဂုဏ်ယူမိတာပေါ့” ဒေါ်ခင်ဌေးကြွယ်ကဆိုသည်။

ဦးထင်ကျော်သည် တည်ငြိမ်အေးဆေးသော စိတ်နေသဘောထား ရှိသူဖြစ် ပြီး စကားပြော ယဉ်ကျေးသူ ဖြစ်ကာ ဒေါသနည်းသူတစ်ယောက် ဖြစ်ကြောင်းလည်း ၎င်း ကဆက်လက်ပြောပြသည်။

“သူဒေါသထွက်တာ တစ်ခါမှ မတွေ့ဘူးဖူး” ဟု ဒေါ်ခင်ဌေးကြွယ်ကဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လုပ်ရည်ကိုင်ရည် ရှိသူ ၊သစ္စာရှိ သူ ဉာဏ်အမျှော် အမြင်ကြီးသူ ၊ပြဿနာ များကို အေးဆေးတည်ငြိမ်စွာ ဖြေရှင်း လေ့ ရှိသူ တစ်ဦးဖြစ်သောကြောင့် သမ္မတ အဖြစ်ရွေးချယ် ခဲ့ခြင်း ဖြစ်ကြောင်း လည်း NLD ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် တစ်ဦးဖြစ် သော ဒေါ်ခင်ဌေးကြွယ် ကပြောပြသည်။

“ သူနိုင်ငံကို တိုးတက်လာအောင် လုပ်ဆောင်နိုင်မယ်လို့ယုံကြည်ပါတယ်။” သမ္မတ သစ် ဦးထင်ကျော် နှင့်ပတ်သက် ပြီး ထားရှိသော မျှော်လင်ချက့် ဒေါ်ခင်ဌေးကြွယ် ကပြောပြသည်။

ဒလဘန်း (တလဗာန်)သည် ဟံသာဝတီ ထီးနန်း၏ နောက်ဆုံး မင်းဆက် ဖြစ်သည့် ဗညားဒလမင်း လက်ထက် ကောဇာ သက္ကရာဇ် (၁၁၀၈) မှ (၁၁၁၉) စိုးစံ ခဲ့စဉ် အတွင်း နာမည်ကြီးစစ်သူကြီး ထဲတွင် တဦး အပါဝင် ဖြစ်သည်။

တလဗာန်သည် သာမန် စစ်သူရဲ မှသည် ပြောင်မြောက်သော လက်ရုုံုးရည် နှလုံးရည် များကြောင့် စစ်သူကြီး တဦး ရာထူး ထိုးမြှင့်ပေးခြင်း ခံရသူ တဦးလည်း ဖြစ်သည်။
ယခု ဒလဘန်းကလောင်နာမည်ရှင် ဦးထင်ကျော်ကား သမ္မတ ဖြစ်ခဲ့လေ ပြီ။ ဦးထင်ကျော် သမ္မတ ဖြစ်လာ ခြင်း မွန်လူမျိုး ထဲတွင်နိုင်ငံတော် ထိပ်ပိုင်း တာဝန်ကို ပထမဆုံး ထမ်းဆောင်ခြင်းလည်း ဖြစ်သည်။

သမ္မတ ဦးထင်ကျော် အပေါ်တွင် မွန်လူမျိုး များ ၊မွန်နိုင်ငံရေး သမားများ ၏ မျှော်လင့်ချက်ကားပိုမိုမြင့်တက် လာလေ ပြီ။

ဦးထင်ကျော် ကို မွန်လူမျိုးများ မျှော်လင့် ထားသလို မွန်လူမျိုး အကျိုးအတွက် လုပ်ဆောင်ပေးခြင်း မရှိခဲ့သူ ဟု ဝေဖန်သူများ လည်းရှိသည်။

မွန်ပြည်သစ် ပါတီ ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာ က “ဦးထင်ကျော် ကမွန်လူမျိုး ပြော ပေ့မယ့် မွန်တွေတွက် ဘာမှမလုပ်ပေးရသေးဘူး”ဟု Radio Free Asia (RFA) သတင်းဌာန နှင့်အင်တာဗျူးတစ်ခုတွင ဝေဖန်ထား သည်။

နိုင်ဟံသာ ကဲ့သို့ မထင်မြင်သူတစ်ဦး လည်းရှိသည်။ မွန်အမျိုးသားပါတီ ၏ဗဟိုအလုပ်မှုဆောင်ကော်မတီ ဝင် မင်းကြည်ဝင်းဖြစ် သည်။

“သမ္မတ ဦးထင်ကျော်က မွန်တွေတွက် ဘာလုပ်ခဲ့ပေးတယ် ၊ မပေးဘူး ဆိုတာ ဝေဖန်နေကြတာရှိတယ်။ ကျွန်တော်မှာ အဲ့ဒီအမြင်မရှိဘူး တိုင်းရင်းသား အားလုံးတန်းတူရေးတွက် သူလုပ်မယ်လို့ယုံကြည်တယ်” ဟုသူကဆိုလေ သည်။

Leave a Reply