Advertisements

မော်လမြိုင် သြဂုတ် ၁၉

နိုင်ငံတော်သမ္မတရုံးမှ အကြောင်းကြား ပေးပို့လာသည့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် တိုင်ကြားစာ ၁၁ ခုအနက် ၃ ခုကို မွန်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားကြောင်း သိရသည်။

“ကျန်တဲ့ ၇ ခုကိုတော့ သတင်းတည်ဆောက်နေတုန်းပဲ ။ သူတို့တွေရဲ့ လှုပ်ရှားမှုအခြေအနေတွေကို စောင့်ကြည့်နေတယ်” ဟု ပြည်နယ်ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ဟင်္သာသို့ ပြောသည်။

ယင်းတိုင်ကြားစာများအရ ရေးမြို့နယ်တွင် ၂ မှု၊ ချောင်းဆုံမြို့နယ်တွင် ၁ မှု စုစုပေါင်း တိုင်စာ ၃ ခုတို့ကို ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“အခု တိုင်စာ ၃ ခုမှာ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးအရေအတွက်က နည်းပါတယ်။ ဆယ်ဂဏန်းလောက်ပဲ ရှိတယ်။ တစ်ချို့ ဖမ်းမိတဲ့ အမှုဆို ၂ ပြားလောက်လည်း ပါတယ်” ဟု ရဲအရာရှိကဆိုသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးနှင့် နှိမ်နင်းရေးအတွက် ပြည်သူလူထုက သတင်းပေးတိုင်ကြားနိုင်ရန် မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနကို နိုင်ငံတော်သမ္မတရုံးတွင် ဖွင့်လှစ်ထားကြောင်း ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်က ထုတ်ပြန်ကြေညာထားသည်။

ယင်းသို့ တိုင်ကြားနိုင် ကြောင်း နိုင်ငံတော်သမ္မတက ထုတ်ဖော်ပြောကြားပြီး တစ်လခွဲခန့်အတွင်း အမှုပေါင်း ၁၃၉ မှုကို ဖော်ထုတ်ကာ တရားခံ ၂၁၀ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်သူများ၏ တိုင်ကြား ချက်အရ အရေးယူဆောင်ရွက်ခဲ့ သည့် မူးယစ်ဆေးဝါးအမှုများမှာ ရန်ကုန်၊ တနင်္သာရီ၊ မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်း၊ ရှမ်း၊ ကချင်၊ ရခိုင်၊ မွန်ပြည်နယ်တို့မှ ဖြစ်ပြီး အစိုးရရုံးစိုက်ရာ နေပြည် တော်ကောင်စီ နယ်မြေမှလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြည်သူလူထုအနေဖြင့် မူး ယစ်ဆေးဝါးနှင့် ပတ်သက်၍ သ တင်းပေးတိုင်ကြားလိုပါက နိုင်ငံ တော် သမ္မတရုံးဖုန်း ၀၆၇-၅၉၀၂၀၀၊ ဖက် (စ်) ဖုန်း ၀၆၇- ၅၉၀၂၃၃ နှင့် အီးမေးလ်လိပ်စာ [email protected] သို့ သတင်းပေးပို့ တိုင်ကြားနိုင်သည်။

ခေတ်မင်း

Advertisements
<

Leave a Reply