Advertisements

 

ဝါရှင်တန် ဇန်နဝါရီ ၂၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားလုံခြုံရေးဥပဒေကြောင့် အမေရိကန် ထိပ်တန်းစာရင်းဝင် တက္ကသိုလ် ၂၀ ကျော်ဟာ ဟွာဝေးကုမ္ပဏီကနေ သုံးလေးနှစ်မက ရယူထားခဲ့တဲ့ နည်းပညာနဲ့ အင်တာနက်ကွန်ရက်ပိုင်း ထောက်ပံ့မှုကို ရပ်ဆိုင်းခဲ့ကြရပါတယ်။

Advertisements
data-language="en"

ဟွာဝေးရဲ့ နည်းပညာ မြင့်မားလာမှုနဲ့ 5G ကွန်ယက်တွေကြောင့် တက္ကသိုလ်တော်တော်များများဟာ ဟွာဝေးကုမ္ပဏီရဲ့ ထောက်ပံ့မှုနဲ့ မကင်းခဲ့ကြပါဘူး။ ဒါပေမဲ့ တက္ကသိုလ်တွေဟာ ထောက်ပံ့မှုတွေကို လက်ရှိအနေအထားအရ ဆက်ယူလို့ မရတော့တဲ့ အခြေအနေကို ကြုံခဲ့ရတာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ဟွာဝေးရဲ့ တယ်လီကွန်းနည်းစနစ်ကို အသုံးပြုပြီး နိုင်ငံရပ်ခြားတွေမှာ ကူညီထောက်ပံ့ရင်း အချက်အလက်တွေကို စပိုင်လုပ်ခိုးယူနေတယ်လို့ အမေရိကန် အစိုးရပိုင်းတွေက စွပ်စွဲထားတာပါ။ ဒီစွပ်စွဲချက်တွေကို ဟွာဝေးဘက်က ငြင်းဆန်ခဲ့ပေမဲ့ တရုတ်နဲ့ ပတ်သတ်တဲ့ ပိတ်ဆို့မှုတွေက အမေရိကန်နိုင်ငံ မှာ ဖြစ်ပွားနေဆဲပါပဲ။

ကယ်လီဖိုးနီးယားတက္ကသိုလ်ဟာ ဟွာဝေးရဲ့ အင်တာနက်ကွန်ယက်ထောက်ပံ့မှုနဲ့ ဗီဒီယို ဖြန့်ဝေသုံးစွဲခြင်း စနစ်ကို သုံးစွဲနေရာမှ ဥပဒေထွက်ပေါ်လာချိန်မှာ အကူအညီ ရယူဖို့ ရုတ်တရက် ရပ်ဆိုင်းပစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဟွာဝေးလို့ နည်းပညာ အစားထိုး ထောက်ပံ့မှုတွေ အစိုးရဘက်က အသေအချာ ချိတ်ဆက်စီစဉ်ပေးခြင်း မရှိသေးတာကြောင့် သင်ကြားမှုနဲ့ လေ့လာမှုတွေမှာ ကသောင်းကနင်းဖြစ်ခဲ့ရတယ်လို့ ကျောင်းသားတွေက အွန်လိုင်းပေါ်မှာ ဝေဖန်မှုအချို့ ပြုလုပ်ခဲ့ကြပါသေးတယ်။

ယူစီဆန်ဒီဂို တက္ကသိုလ်ကတော့ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ဟွာဝေး၊ ZTEနဲ့ တရုတ်နဲ့ ဆက်စပ်တဲ့ ထောက်ပံ့မှုတွေမှန်သမျှကို ကြိုတင်ရပ်ဆိုင်းထားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တရုတ်နဲ့ ဆက်စပ်တာမှန်သမျှ ရပ်ပြီး အခြားဥရောပနိုင်ငံတွေက ကုမ္ပဏီတွေရဲ့ နည်းပညာထောက်ပံံ့မှုနဲ့ ဆက်လက်ရပ်တည်ဖြစ်ခဲ့တယ်လို့ ယူစီဆန်ဒီဂိုတက္ကသိုလ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မီရှဲဖရန်ကလင်က ပြောပါတယ်။

တရုတ်ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေ ပံ့ပိုးမှုတွေကို ရပ်တန့်ပစ်နေတာက တက္ကသိုလ်တွေမှာတင်မကဘဲ တက္ကသိုလ်နဲ့ ဆက်စပ်တဲ့ ကျောင်းသားကျောင်းသူတွေ၊ ဆရာမတွေ၊ အလုပ်သမားတွေအထိ သက်ရောက်ခဲ့ပါသေးတယ်။ အချို့တက္ကသိုလ်တွေမှာ တရုတ်နိုင်ငံထုတ် ဖုန်း အထူးသဖြင့် ဟွာဝေးဖုန်းကိုင် ဆောင်သူတွေဟာ နည်းပညာလုံခြုံရေးနဲ့ပတ်သတ်ပြီး တရားဝင်ခေါ်ယူသတိပေးခြင်းခံရကာ ပြောင်းလဲကိုင်ဆောင်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ သမ္မတထရန့်ဟာ အမျိုးသားလုံခြုံရေးနဲ့ ပတ်သတ်တဲ့ ဥပဒေကို ပြီးခဲ့တဲ့ နှစ် သြဂုတ်လ ကတည်းက ပြဌာန်းခဲ့တာဖြစ်ပြီး ဟွာဝေး၊ ဇက်တီအီးအပါအဝင် တရုတ်နည်းပညာကုမ္ပဏီတော်တော် များများကို နိုင်ငံတော် လုံခြုံရေးအကြောင်းပြချက်နဲ့ Black list အဖြစ် စာရင်းသွင်းကြောင်း ကြေညာခဲ့ပါတယ်။

Reuters

Leave a Reply