Advertisements

ဝါရှင်တန် ဒီစီ ၊ အောက်တိုဘာ ၁၆

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နှင် အောက်လွှတ်တော် အမတ်များ တူရကီ-ဆီးရီးယား နယ်စပ်အရေး ဆွေးနွေးနေစဉ် ဒီမိုကရက်အမတ် များ ဆွေးနွေးပွဲ မှ ရုတ်တရက်ထွက်ခွာသွားကြောင်း CNN သတင်းတစ် ရပ်က ဖော်ပြထားသည်။

ဒေါ်နယ်ထရမ့်က အောက်လွှတ်တော်ဥက္ကဌ ဒီမိုကရက်တစ် အမတ် Nancy Pelosi “တတိယတန်းစား နိုင်ငံရေးသမား” ခေါ်ဝေါ်ခဲ့သောကြောင့် အစည်းဝေးတက်ရောက်သော ဒီမိုကရက် အမတ် အားလုံး ထွက်ခွာ သွား ခြင်း ဖြစ်ကြောင်း အဆိုသတင်း တွင်ဖော်ပြထားသည်။

ဆီးရီးယားက အမေရိကန်တပ်ဖွဲ့များကို ရုပ်သိမ်းရန်အတွက် ဒေါ်နယ်ထရမ့် ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း အောက်လွှတ်တော်က နှစ်ပါတီ အမတ်များ က အတည်ပြုလိုက်ပြီးနောက် ဒေါ်နယ်ထရမ့် က အောက်လွှတ်တော် ဒီမိုကရက် အမတ်များ နှင့် တွေ့ဆုံဆွေးနွေး ရန် ဖိတ်ခေါ်ခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ ဆုံးဖြတ်ချက်ကို ရီပတ်ဘလီကန်အမတ်တွေကပါ ထောက်ခံခဲ့သောကြောင့် ဒေါ်နယ်ထရမ့် အနေနှင့် မကျေမနပ် ဖြစ်နေကြောင်း အောက်လွှတ်တော်ဥက္ကဌ Pelosi က သတင်းထောက် များကို ပြောကြားခဲ့သည်။

အောက်လွှတ်တော် အမတ် Steny Hoyer ကလည်း “ကျနော်တို့ အတော့်ကိုပဲ စော်ကားခံခဲ့ရပါတယ်၊ တိုင်းပြည် အုပ်ချုပ်ရေးမှာ တန်းတူညီမျှအဆင့်ရှိတဲ့ မဏ္ဍိုင်ကြီးတခုကို သမ္မတတယောက်က ဒီလောက် မလေးမစား ပြုမူဆက်ဆံတာမျိုး ကျနော် ဘယ်တုန်းကမှ မမြင်ဖူးပါဘူး” ဟု သတင်းထောက်များ ကို ပြောကြားခဲ့သည်။

အောက်လွတ်တော်က အတည်ပြုခဲ့သော အချက်များတွင် ထိုးစစ်များ ကို ချက်ခြင်းရပ်ရန် နှင့် ကာ့ဒ်တွေကို အမေရိကန်က ဆက်ပြီး ကူညီထောက်ပံ့သွား ရန်အတွက် တောင်းဆိုချက်များ ထည့်သွင်း ခဲ့သည်။

ISIS အစွန်းရောက်အဖွဲ့ကို အပြီးပြတ်နှိမ်နင်းရေး ရှင်းလင်းတိကျတဲ့ အစီအစဉ်တခုချပြရန်အတွက် လည်း အောက်လွတ်တော်က အမေရိကန် အစိုးရထံတောင်းဆိုထားသည်။

အပစ်ရပ်ရန်အတွက် အမေရိကန်ဘက်က တောင်းဆိုထားသော်လည်း တူရကီသမ္မတ Erdogan ကတော့ တိုက်ချိုက်မှုတွေ ဆက်လုပ်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

တူရကီ အနေနှင့် ကော့ဒ်တွေကို ထိုးစစ်ဆင်ရန် သမ္မတ ဒေါ်နယ်ထရမ့် အနေနှင့် လမ်းဖွင့် ပေးခဲ့သလား ဟုသတင်းထောက်များ က မေးမြန်းရာ တွင် သမ္မတထရမ့်ပ်က “ကျနော် သူ့ကို မီးစိမ်းပြခဲ့တာမဟုတ်ဘူး”ဟု သာ ပြန်လည် ဖြေကြားခဲ့သည်။

တူရကီ – ဆီးရီးယား အရေးဆွေးနွေးရန် အတွက် အမေရိန် ဒုသမ္မတ မိုက်ပန့် နှင့် တူရကီ သမ္မတ အာဒိုဂန် တို့ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်သည်။

Ref ; CNN

Advertisements
<

Leave a Reply