Advertisements

Miss Universe Myanmar တစ်ဦးဖြစ်သည့် မိုးစက်ဝိုင်က ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားဖြစ်သော ပက်ပက်စက်စက်ညှို့ရုပ်ရှင်ဇာတ်ကားတွင် ပန်းသည်မလေး အဖြစ်သရုပ်ဆောင်ထားကြောင်း ပြောသည်။

” ဒီကားမှာ မိုးစက်က ပန်းသည်မလေးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ ဒါပေမဲ့ တစ်ကားလုံးမှာ ပန်းသည် ဇာတ်ရုပ်ပုံစံမျိုးတော့ သရုပ်မဆောင်ထားပါဘူး။ အဓိက မိုးစက်က ပန်းသည်ဇာတ်ရုပ် တစ်ခုအပြင် ကိုယ့်ရဲ့ ပင်ကိုစရိုက်နဲ့ မတူတဲ့ နောက်ထပ် ဇာတ်ရုပ်တစ်မျိုးမှာလည်း သရုပ်ဆောင်ထားပါတယ်။ အဲ့ဒီဇာတ်ရုပ်ကိုတော့ လော
လောဆယ်မှာ လျှို့ဝှက်ထားပါဦးမယ် ” ဟုမိုးစက်ဝိုင်က ပြောသည်။

ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားသည် သုံးပွင့်ဆိုင် လူငယ် အချစ်ဇာတ်လမ်းကို အခြေတည်ထားကာ ဒါရိုက်တာသားညီရိုက်ကူးထားပြီး သရုပ်ဆောင်နေတိုးအဆိုတော်ရွှေထူးနှင့် Miss မိုးစက်ဝိုင်တို့က သရုပ်ဆောင်ထားကြခြင်း ဖြစ်သည်။

” ဒီကားမှာ မိုးစက်က အဓိက သရုပ်ဆောင် ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာထက်မိုးစက်အနေနဲ့ ကိုယ့်ရဲ့ပရိသတ်ကြီးကို အမှတ်တရလည်း ရှိစေချင်သလို ကိုယ့်ဘဝမှာလည်း အမှတ်တရတစ်ခုအနေနဲ့ ကျန်ခဲ့ချင်လို့ သရုပ်ဆောင်ဖြစ်ခဲ့တဲ့ ဇာတ်ကားပါ။ နောက်တစ်ခုက အရင်ကတည်းက မိုးစက်ရဲ့ မိသားစုက သိပ်ပြီးတော့ ပေးမရိုက်သလိုကိုယ့်ရဲ့ ဆွေမျိုးထဲမှာလည်း အနုပညာသမား တစ်ယောက်မှ မရှိတော့ သိပ်ပြီးတော့ အားမပေးဘူး။ ဒါပေမဲ့ မိုးစက်ကတော့ သရုပ်ဆောင်အလုပ်ကို လုပ်ချင်တယ်။ ဒါပေမဲ့ မိုးစက်ကံကောင်းတာက ကိုနေတိုးကလည်း မိုးစက်ကို လက်တွဲခေါ်တယ်၊ ဒါရိုက်တာ
ကိုသားညီကလည်း တကယ်ကို စိတ်ရှည်လက်ရှည်နဲ့ သင်ပေးတော့ အဆင်ပြေခဲ့ပါတယ်။ နောက်တစ်ခုက မိုးစက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပိတ်ကားပေါ်မှာ တစ်ခါမှလည်း မမြင်ဖူးဘူး။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ပိတ်ကားပေါ်မှာ ပြန်ကြည့်ရမယ့်ခံစားမှုကဘယ်လိုခံစားမှု ဖြစ်မလဲ မသိသေးဘူး” ဟုမိုးစက်ဝိုင်က ထပ်မံပြောသည်။

မိုးစက်ဝိုင်သည် သတ္တိရှိရင်လောင်းမလား ရုပ်ရှင်ဇာတ်ကားကို ပထမဆုံး ရိုက်ကူးထားပြီး ပက်ပက်စက်စက်ညှို့ရုပ်ရှင်ဇာတ်ကားသည် ဒုတိယမြောက်ဇာတ်ကားဖြစ်ကြောင်းသိရသည်။

Written by ခင်ပြည့်စုံဟန်

Advertisements
<

Leave a Reply