Advertisements

ဒီတစ်ပတ် ဟင်္သာပရိသတ်တွေအတွက် အစာလည်းဆေး၊ ဆေးလည်းအစာကဏ္ဍမှာ မိတ်ဆက်ပေးချင်တာကတော့ ကျန်းမာရေး အထောက်အကူပြု သဘာဝသီးနှံ တစ်မျိုးဖြစ်တဲ့ သလဲသီးအကြောင်းပဲဖြစ်ပါတယ်။

အင်္ဂလိပ်လို Pomegranate,သိပ္ပံအမည် Punica gra -natuml လို့ခေါ်တဲ့ သလဲပင်ဟာ ဆယ်ပေ၊ ဆယ့်ငါးပေမှ ပေနှစ်ဆယ်အထိ မြင့်ပါတယ်။ ပင်စည်သေးသွယ်ပြီး၊ အပင်ရဲ့အခေါက်ဟာ အဝါရောင်သန်းကာ ညိုပြာရောင် ဖြစ်ပါတယ်။ နွေရာသီမှာ အသီးသီးပြီး၊ အပြင်ခွံက အနီနဲ့ အဝါရောင်ရှိပါတယ်။ သလဲသီးအမျိုးအစားပေါင်းများစွာရှိပေမယ့်လည်း သုံးမျိုးသာ လူသိများထင်ရှားပါတယ်။ အဲဒါတွေကတော့ အချို၊ အချဉ်၊ မချိုမချဉ်ဆိုပြီး ဖြစ်ပါတယ်။ သလဲသီးအချိုကတော့ ပထမတန်းစား အအေးစာ၊ အချဉ်ကတော့ ဒုတိယအဆင့်ရှိ အေး၍ခြောက်သွေ့တဲ့သဘော ရှိပြီး၊ မချိုမချဉ်ကတော့ မျှတ၍အေးတဲ့သဘောရှိတယ်လို့ ဆိုပါတယ်။

သလဲသီးမှာ ဗီတာမင် A, B5 ,B6, E နဲ့ ဗီတာမင် K တို့ပါဝင်ပါတယ်။ ဒါတွေအပြင် သကြား (၁၃%)၊ နိုက်ထရစ်အက်ဆစ်၊ ပြူနီစင်ဆဲလ်ဖိတ်၊ ပိုလီတေးရင်းန်တဲန်နားစ် တို့အပြင်
fiber အမျှင်ဓာတ် ဗီတာမင် C လည်း ပါဝင်ပါတယ်။

Advertisements
data-language="en"

ကျန်းမာရေးအထောက်အကူပြုချက် အနေနဲ့ သလဲချိုသီးဟာ နှလုံးနဲ့အသည်းကို အားဖြစ်စေပြီး၊ ရင်ဘတ်နဲ့ လည်ချောင်းကို နူးညံ့စေပါတယ်။ အပူငြိမ်းပြီး ဆီးရွှင်စေပါတယ်။

သလဲသီးအချဉ်နဲ့ မချိုမချဉ်က ဓာတ်ချုပ်စေပါတယ်၊ နှလုံးနဲ့အသဲကို အားဖြစ်စေပါတယ်၊ ပထဝီဓာတ်နဲ့ သွေးကို အပူငြိမ်းစေပါတယ်၊ သွေးသန့်စေပါတယ်။ သလဲသီးအချိုဟာ ရင်ဘတ်နဲ့ လည်ချောင်းတို့အပြင် ချောင်းဆိုးနေတာတွေကိုလည်း ပျောက်ကင်းစေပါတယ်။ သလဲသီးကို တစ်နေ့တစ်လုံးစားရင် ဗီတာမင်စီလိုအပ်ချက်ရဲ့ ၁၇ ရာခိုင်နှုန်းကို ဖြည့်တင်းပေးပါတယ်။ သူ့ရဲ့ဖျော်ရည်ဟာ အသားအရေကိုလှပစေပြီး၊ အရေးအကြောင်းဖြစ်ပေါ်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အထူးသဖြင့် ဆီးကျိတ်ကင်ဆာဆဲလ်တွေကိုလည်း ချေဖျက်ပေးနိုင်ပါတယ်။ မကောင်းတဲ့ ကိုလက်စရောတွေကို ဖယ်ရှားပေးပြီး၊ သွေးတိုး၊ လေဖြတ်ခြင်းကို ကာကွယ်ပေးပါတယ်။ ပြီးတော့ လူတို့ရဲ့ ဦးနှောက်ကိုကျန်းမာဖွံ့ဖြိုးစေပါတယ်၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းများကိုလည်း ကာကွယ်ပေးပါတယ်၊ သွေးအားကျခြင်းနဲ့ သွေးကြောကျဉ်းရောဂါကိုလည်း ကာကွယ်ပေးပါတယ်၊ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် မီးဖွားခြင်းကို လွယ်ကူစေပြီးမွေးဖွားလာတဲ့ ရင်သွေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း တိုးတက်မြန်ဆန်စေပါတယ်။

သလဲသီးဖျော်ရည်သောက်သုံးပေးခဲ့မယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်၊ အမြဲမပြတ်သောက်ပေးခဲ့ရင် အယ်လ်ဇိုင်းမား လို့ခေါ်တဲ့ သတိမေ့ရောဂါကိုလည်း တားဆီးပေးနိုင်ပါတယ်၊ သလဲသီးအစေ့အဆီကို လိမ်းပေးခဲ့ရင်လည်း အသားအရေကို စိုပြေစေပါတယ်၊ သလဲသီးဟာ ဆံပင်ကိုလည်း ကောင်းမွန်သန်မာစေပါတယ်၊ ဆံပင်မကျွတ်ဘဲ ထူထဲစေကာ ဦးရေပြားသွေးကြော လည်ပတ်မှုလည်းကောင်းမွန်ပြီး ဆံပင်များကိုလည်းပြန်ပေါက်စေပါတယ်။

အထူးသဖြင့်သလဲ သီးကိုလုံလောက်စွာ စားပေးရင်လူသားတွေရဲ့ အရွယ်ရင့်လာမှုဖြစ်စဉ်ကို နှေးကွေးစေကာ အရွယ်ကို နုပျိုစေတယ်လို့ ဆေးသိပ္ပံပညာရှင်တွေကဆိုထားပါတယ်။

ဗိုက်နာခဲ့ရင် သလဲသီးအစေ့အပေါ် ဆားနဲ့ ငြုပ်ကောင်းဖြူးပြီးသောက်ရင် ချက်ချင်းပျောက်ပါလိမ့်မယ်။ ဝမ်းမရပ်မနားသွားခဲ့ရင်လည်း သလဲသီးအစေ့ကို ၁၀ မိနစ်ခြားတစ်ခါကျွေးပါ၊ ဒါမှမဟုတ် သလဲသီးဖျော်ရည်ကို တစ်နာရီခြား တစ်ခါ သောက်သုံးပေးရင် ဝမ်းရပ်သွားပါလိမ့်မယ်။ ကိုယ်ဝန်မမြဲဘဲ၊ အမြဲပျက်ကျလေ့ရှိခဲ့မယ်ဆိုရင် သလဲသီးလတ်ဆတ်သော အပွင့်ငါးကျပ်သား၊ ရေ ၂၅ ကျပ်သားနဲ့ သကြားအသင့်တင့်ရော၍ ထည့်သောက်ပေး ရင် ကိုယ်ဝန်ကို ထိန်းနိုင်စေမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဤမျှများပြားစွာ အစွမ်းထက်လှတဲ့ သလဲသီးကို အိမ်သုံးဆေးတစ်လက်အဖြစ် ထားရှိစားသုံးသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Written by ဖိုးဝဇီ

Leave a Reply