သာသနာပြုတယ်ဆိုတဲ့စိတ်နဲ့ ဥပါဒါန်ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့တယ်ဆိုတဲ့ ခိုင်ထူးသာ

သရုပ်ဆောင်သစ်ခိုင်ထူးသာက ဥပါဒါန်ရုပ်ရှင်ဇာတ်ကားကြီးကို သာသနာပြုသည်ဆိုသော စိတ်ဖြင့် ဘုန်းကြီးဝတ်ပြီး ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

” ဥပါဒါန်ရုပ်ရှင်ကားကြီးက ကျွန်တော့်ရဲ့ ပထမဆုံးရုပ်ရှင်ကားပါ။ ဒီကားကို ကျွန်တော်က သာသနာပြုတယ်ဆိုတဲ့စိတ်နဲ့ ဘုန်းကြီးဝတ်ပြီး ရိုက်ခဲ့တယ်။ ဇာတ်ရုပ်ပိုင်းနဲ့ ပတ်သက်ပြီး ဒါရိုက်တာကလည်း သေချာသင်ပေးပါတယ်။ ဇာတ်ကားအစအဆုံးကို သေချာလေ့ကျင့်ပြီး ရိုက်ခဲ့ရတာဆိုတော့ အခက်အခဲကတော့ သိပ်မရှိသလောက်ပါပဲ။နောက်ပြီး ဘာသာရေးကားလည်း ဖြစ်တော့ အခက်အခဲတွေက သူ့အလိုလို ကျော်ဖြတ်သွားတာပေါ့နော်” ဟု ခိုင်ထူးသာကပြောသည်။

ဥပါဒါန် ရုပ်ရှင်ဇာတ်ကားကြီးကို လာမည့်မေ ၁၈ ရက်နေ့တွင် ရုံတင်ပြသတော့မည်ဖြစ်ပြီး ဘာသာရေးဇာတ်ကားဖြစ်သောကြောင့် ပရိသတ်များလည်း လာကြည့်စေချင်ကြောင်း ၎င်းကဆက်ပြောသည်။

” အဲဒီကားလေးနဲ့ ပရိသတ်က ကျွန်တော့်ကို သရုပ်ဆောင်အနေနဲ့အသိမှတ်ပြုပေးရင် ကျွန်တော်ကျေနပ်ပါတယ်။ ကျွန်တော်ရဲ့ကာရိုက်တာကလည်း ဘုန်းကြီးဇာတ်ရုပ်ဆိုတော့ အံဝင်ဂွင်ကျ ဖြစ်ပါတယ်ဆိုရင် ကျေနပ်ပါတယ် ” ဟု ခိုင်ထူးသာက ပြောသည်။

ဥပါဒါန်ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဗန်းကြီး ရိုက်ကူးထားပြီး သရုပ်ဆောင် ခိုင်ထူးသာ၊ ဇာတိ၊ နန်းဆုဦး။ မေသဉ္ဇာဦး ခင်ဇာခြည်ကျော် ချိုပြုံးနှင့် အခြားသော အနုပညာရှင်များစွာဖြင့် ရိုက်ကူးထားကြောင်း သိရသည်။

Written by ခင်ပြည့်စုံဟန်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.