Advertisements

မော်လမြိုင်၊ ဧပြီ ၂၅

ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုး ကေဘယ်ကား ကုမ္ပဏီ Sky Asia သည် စီမံကိန်းကို တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည့် ၎င်းတို့ ကုမ္ပဏီအား လုပ်ငန်းပြီးစီးသွားသော်လည်း ပေးချေရန် ကျန်ရှိသည့် ငွေကျပ်သိန်းပေါင်း ခုနစ်သောင်းကျော်ပေးချေမှုမရှိသည့်အတွက် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ရတနာရွှေဆင်ကြီးကုမ္ပဏီ ဒါရိုက်တာ ကိုနောင်ရဲအောင်ကပြောကြားသည်။

ဧပြီ ၂၄ ရက်က မော်လမြိုင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“Sky Asia ကုမ္ပဏီကိုရန်ကုန်တိုင်း တရားလွှတ်တော်မှာ တရားမမှုနဲ့ တရားစွဲဆိုသွားမယ်၊ လက်ရှိမှာတော့ လိမ်ညာမှုတစ်မှု ပုဒ်မ (၄၂၀) နဲ့ SKYAsia ကုမ္ပဏီရဲ့ မန်နေးဂျင်း ဒါရိုက်တာ Mr, Yoo Sun Ha တစ်ဦးကိုလည်း အမှုဖွင့်ထားပါတယ်” ဟု ကိုနောင်ရဲအောင်ကဆိုသည်။Sky Asia ကုမ္ပဏီသည် ကျန်ရှိသည့် ငွေကြေးများ မပေးသည့်အပြင် ၎င်းင်းတို့ ကုမ္ပဏီကို လ ည်း ဥပဒေချိုးဖောက်သည့် ကုမ္ပဏီ တစ်ခုဖြစ်အောင်ရည်ရွယ် လုပ်ဆောင်နေသည်ဟု ၎င်းက စွပ်စွဲပြောဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး Sky Asia ကုမ္ပဏီကလည်း ဧပြီ ၂၄ ရက်က ကျိုက်ထီးရိုး ကေဘယ်ကား စီမံကိန်း နေရာတွင်၎င်းင်းတို့နည်းတူ အပြိုင် သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်ခဲ့သည်။

Sky Asia ကုမ္ပဏီ၏ စီမံချုပ်အုပ်မှု ဒါရိုက်တာ ဦးအောင်သန်းက “ကျွန်တော်တို့က ပေးရမယ့် ငွေတွေကို မပေးဘူးပြောတာ မဟုတ်ဘူး၊ ပေးမယ်၊ ဆောက်လုပ်ရမယ့်လုပ်ငန်းတွေ မပြီးသေးလို့မပေးသေးတာဖြစ်တယ်၊ ပေးရမယ့် ငွေအတွက်လည်း စာရင်းတွက်ချက်နေတယ်” ဟု ၎င်းက ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

ယခုအခါ ကျိုက်ထီးရိုးဘေးမဲ့တောရှိ သစ်တောပိုင်မြေဧရိယာ ၃ ဒသမ ၅ ဧကပေါ်တွင် ဝန်ထမ်းသက်သာဆိုင်အပါအဝင် ဘန်ဂလုအိမ်ဆောက်အအုံများကို ခွင့်ပြုချက်မရှိဘဲတည်ဆောက်သည့်အတွက် မြို့နယ်သစ်တောဦးစီးဌာနမှတောရိုင်းတိရစ္ဆာန်နှင့် သဘာဝနယ်မြေမျာထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၆ (ဂ) ဖြင့် ရတနာ ရွှေဆင်ကြီး ကုမ္ပဏီ၏ ပရောဂျက်ဒါရိုက်တာ ဒေါ်နုနုရီကို အမှုဖွင့်အရေးယူထားသည်။

ထိုသစ်တောပိုင် မြေတွင်အဆောက်အဦ တည်ဆောက်ရန် မိမိတို့ကုမ္ပဏီကို Sky Asiaကုမ္ပဏီမှဆောက်လုပ်ရန်ညွှန်ကြားခဲ့သောကြားခဲ့သောကြောင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်နုနုရီက ဆိုသည်။

ကျိုက်ထီးရိုး ကေဘယ်ကားစီမံကိန်းကို Sky Asia ကုမ္ပဏီက ၂၀၁၅ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံရင်းနှီးမ​ြုပ်နှံမှုကော်မရှင် MIC ခွင့်ပြုချက်ဖြင့် ကျိုက်ထီးရိုးဘေးမဲ့တော မြေဧက ၁၃ဒသမ ၅ ဧကပေါ်တွင် နှစ် ၅၀B.O.T စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

written by သက်ပိုင်

Advertisements
<

Leave a Reply